Tuesday, March 16, 2010

လတ်တလော မြန်မာသတင်းများ


ပထမဆုံးကြိုပြောပါရစေဦး။ ဘာသတင်းတွေရှိတယ်ဆိုတာကို ပြောချင်လို့သာ ရေးရတာပါ။ သတင်းတွေကို အပြည့်အစုံကူးမတင်ပေးနိုင်တာကို တောင်းပန်ချင်ပါတယ်။ အချိန်ပေးဖို့ ဘယ်လိုမှအခြေအနေမပေးလို့ပါ။ ရတဲ့အချိန်လေးမှာ ရသလိုတင်ပေးရတာဖြစ်လေတော့ သတင်းခေါင်းစဉ်လောက်ပဲ တင်ပေးနိုင်ပါတယ်။ အခုလည်း ဒီအပတ်ထုတ် The Voice Weekly ထဲက သတင်းတွေကို စုစည်းပေးလိုက်ပါတယ်။ -----------------[ကိုဉာဏ်]

(၁)
ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရုံးနှင့် လပြည့်ဝန်းပလာဇာ လေလံတင်ရောင်းချမည်
ကော်မရှင်ရုံး - ဗဟန်းမြို့နယ်၊ နတ်မောက်လမ်း (၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော အဆောက်အအုံဖြစ်)
လပြည့်ဝန်းပလာဇာ - ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း

(၂)
တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းတို့တွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြုဟုဆို
ရန်ကိုင်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား

(၃)
ဖူဆယ်ကွင်းနှင့် ရုပ်ရှင်ရုံများပါသော ရတနာပုံဒိုင်းမွန်းပလာဇာနှင့် ရတနာပုံဆူပါစင်တာ ဒီဇင်ဘာတွင် ဖွင့်လှစ်မည်
၂၀၀၈ ခုနှစ်အတွင်းက မီးဘေးသင့်ခဲ့သော ရတနာပုံဈေးနေရာတွင်ဖြစ်
စတုရန်းပုံသဏ္ဍာန်ဖြစ်
အထပ်ငါးထပ်ပါဝင်မည်
ဖူဆယ်ဘောလုံးကွင်း (၂)ကွင်းနှင့် အသေးစားရုပ်ရှင်ရုံ (၃)ရုံ ပါဝင်မည်
၁၀ ပေ ပတ်လည်၊ ၁၅ပေ x ၁၂ပေ၊ ၂၃ပေ x ၁၂ပေ၊ ၂၅ပေ x ၁၂ပေ ဆိုင်ခန်းပေါင်း ငါးရာကျော်ပါဝင်မည်

(၄)
ဆီစာအုပ်များ၏ နိဂုံး
မြန်မာနိုင်ငံရှိ ယာဉ်စီးရေပေါင်း သုံးသိန်းကျော်တွင် ကိုယ်စီကိုယ်ငှ အသီးသီးပိုင်ဆိုင်ခဲ့ကြသော စက်သုံးဆီဝယ်ယူခွင့်စာအုပ်များသည် လာမည့် ဧပြီလ ၁ ရက်နေ့တွင် အတိတ်ကာလ ဖြတ်သန်းခဲ့သော မှတ်တိုင်များအဖြစ် တွင်ကျန်ရစ်တော့မည်ဖြစ်သည်။
၁၉၈၈ နောက်ပိုင်း အစိုးရက တာဝန်ယူထိန်းချုပ်လုပ်ကိုင်ခဲ့သော MPPE ပိုင် အစိုးရစက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထုတ်ပြန်ကြေညာခဲ့
လာမည့် ဘဏ္ဍာနှစ်သစ်ကာလ ဧပြီလတွင် ပုဂ္ဂလိက,က ရာနှုန်းပြည့် စတင်လုပ်ကိုင်မည်ဟု ပြည်တွင်းသတင်းဂျာနယ်များက ဖော်ပြကြ
ဆီစာအုပ်ဆိုတာ အရင်တုန်းက ကားတစ်စီးမှာ မရှိမဖြစ် အရေးပါခဲ့တဲ့ အရာပဲ။ ကားတွေရောင်းတာ၊ ၀ယ်တာ၊ ပေါင်တာ၊ ငှားတာစတဲ့ နေရာတွေမှာ အရေးပါတဲ့နေရာက ထည့်သွင်းစဉ်းစားခဲ့ကြတယ်။ ဒါပေမယ့် အခု သူ့ရဲ့အရေးပါမှုကို ဈေးကွက်က အလိုအလျောက် ပယ်ဖျက်လိုက်ပြီ ဟု ရန်ကုန်မြို့တွင်းပြေးဆွဲသည့် ခရီးသည်တင်ယာဉ်ပိုင်ရှင် ဦးအောင်ထွန်းက ပြောကြား
ဆိုင်ပေါင်း ၃၇ ဆိုင်ခန့်ရှိသော CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များကိုမူ အစိုးရက ဆက်လက်တာဝန်ယူ ဖြန့်ဖြူးသွားမည်ဟု သိရှိရ

(၅)
မြန်မာသင်္ဘောသား ၂၁ ဦးပါဝင်သော အပိုင်းစီးခံသင်္ဘော အဆက်အသွယ်မရသေး
နော်ဝေနိုင်ငံသားပိုင် UBT Ocean အမည်ရှိ ဓာတုဗေဒပစ္စည်းတင်သင်္ဘောကို မတ်လ ၅ ရက်နေ့က ဆိုမာလီပင်လယ်ဓားပြများ ပြန်ပေးဆွဲခဲ့
မတ်လ ၁၀ ရက်နေ့အထိ အဆက်အသွယ် တစ်စုံတစ်ရာ မရရှိသေး
အာရပ်စော်ဘွားများပြည်ထောင်စုမှ တန်ဇန်းနီးယားနိုင်ငံသို့ ခုတ်မောင်းစဉ် ယင်းကဲ့သို့ ပြန်ပေးဆွဲခံရခြင်းဖြစ်
ကြားလိုင်းလို့ပြောတယ်၊ SECD သင်္ဘောသားအလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ (Seamen Employment Control Division) မှာ တရားဝင်မှတ်ပုံတင်ထားတာ မရှိဘူး။ တကယ်ဖြစ်လာပြီဆိုရင် ဘယ်လိုက်လို့လိုက်ရမှန်း မသိတော့ဘူးဟု MOSA မှ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဆန်းကပြော

(၆)
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေသစ်အရ ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီဟုဆို
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၄/၈၉ အရ ပြဋ္ဌာန်းထားခဲ့သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို တရားဝင် ရုပ်သိမ်းလိုက်ကြောင်း၊ အဆိုပါဥပဒေအရ ကျင်းပခဲ့သော ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ရလဒ်များလည်း အလိုအလျောက် ပျက်ပြယ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၁ (က) နှင့် (ခ) ဖြင့် တရားဝင်ဖော်ပြထားသည်။

(၇)
ရောဂါသုံးမျိုးရန်ပုံငွေ တတိယအကြိမ် ထောက်ပံ့ကြေး အဖွဲ့အစည်း ၁၂ ခု ရ

  • ရောဂါသုံးမျိုးရန်ပုံငွေအဖွဲ့ 3D Fund က တတိယအကြိမ်ရန်ပုံငွေအဖြစ် ထောက်ပံ့သော အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ကို ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်း ၁၂ ခုသာ ရရှိခဲ့ကြောင်း အဆိုပါ 3D Fund အဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်
  • တီဘီ၊ ငှက်ဖျား နှင့် HIV/AIDS ရောဂါသုံးမျိုး
  • ပြည်တွင်းပြည်ပအဖွဲ့အစည်း ၃၀ ကျော်လျှောက်ထားရာ အဖွဲ့အစည်း ၁၂ ခုသာ ရရှိခဲ့ခြင်းဖြစ်
  • တီဘီရောဂါအတွက် ၃၂ ရာခိုင်နှုန်း၊ ငှက်ဖျားရောဂါအတွက် ၃၁ ရာခိုင်နှုန်း၊ HIV/AIDS ရောဂါအတွက် ၃၈ ရာခိုင်နှုန်း ခွဲဝေပြီး အဖွဲ့အစည်း ၁၂ ခုသို့ ခွဲဝေပေးအပ်ခဲ့
တီဘီရောဂါတိုက်ဖျက်ရေးအတွက်
  1. Asian Harm Reduction Network (AHRN)
  2. Direct grant for TB Drugs (through WHO)
  3. Population Services International (PSI)
  4. Merlin
ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်
  1. Association Francois - Xavier Bagnoud (AFXB)
  2. CESVI
  3. PSI
  4. WHO
HIV/AIDS ရောဂါအတွက်
  1. Burnet
  2. International HIV/AIDS Alliance
  3. IUATLD
  4. Medecins du Monde (MDM)
  5. Ratana Metta
  6. Pyi Gyi Khin
  7. WHO

(၈)
မြန်မာနိုင်ငံတွင်လုပ်ကိုင်ရန် မလေးရှားနိုင်ငံသားများကို အလုပ်ခေါ်ယူ
  • မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား နှစ်သန်းခန့် သွားရောက်လုပ်ကိုင်နေသော မလေးရှားနိုင်ငံမှ နိုင်ငံသားများကို မြန်မာနိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းတစ်ခုတွင် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးအပါအ၀င် အဆင့်မြင့်ရာထူး ၂၂ နေရာ၌ ၀င်ရောက်လုပ်ကိုင်နိုင်ရန် အလုပ်ခေါ်ယူထားကြောင်း မတ်လ ၁ ရက်နေ့ထုတ် မလေးရှားနိုင်ငံထုတ် Star သတင်းစာတွင် ဖော်ပြပါရှိ
  • စွဲမက်ဖွယ်ရာ လစာကောင်းပေးမည်
  • လုပ်ငန်း၏ ဒုတိယဥက္ကဋ္ဌ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး မန်နေဂျာ၊ လုံခြုံရေးမန်နေဂျာ၊ သတင်းအချက်အလက် နည်းပညာမန်နေဂျာ၊ ဘဏ္ဍာရေးမှူး စသည်တို့ပါဝင်ပြီး မန်ဒရင်းတရုတ်ဘာသာစကား ကျွမ်းကျင်စွာပြောဆိုနိုင်သူကို ဦးစားပေးမည်။
  • Resort ဟုခေါ်သည့် အပန်းဖြေစခန်းနှင့်တွဲလျက် ပျော်ပွဲစားရုံလုပ်ငန်းဆန်ဆန်ဖြစ်ပြီး မြန်မာ-တရုတ်နယ်စပ်တွင် ဖွင့်လှစ်ရန်ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း

(၉)
ရွှေတွင်းသစ်များမှ တစ်ပတ် အခေါက်ရွှေပိဿာ ၄၀ နီးပါး ရန်ကုန်ဈေးကွက်သို့ဝင်

(၁၀)
ပထမဆုံး မြန်မာကလေးသိပ္ပံကျောင်း ကိုရီးယားလာရောက်ဖွင့်လှစ်မည်
  • ဆိုးလ်မြို့တော်အခြေစိုက် A+ Science World အမည်ရှိ ကလေးများအတွက် သိပ္ပံကျောင်း

(၁၁)
ရန်ကုန်နှင့်မန္တလေး အင်တာနက်မြန်နှုန်းမြှင့် ဖိုက်ဘာကေဘယ်ဆက်ကြောင်း ငှားရမ်းသုံးစွဲခွင့်ပြုမည်
  • ရထားပို့ဆောင်ရေးဝန်ကြီးဌာနပိုင် ရန်ကုန်-မန္တလေး မီးရထားလမ်းတစ်လျှောက်ရှိ ဖိုက်ဘာဆက်ကြောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ငှားရမ်းအသုံးပြုခွင့် ပေးသွားမည်ဖြစ်

(၁၂)
ရန်ကုန်မြို့တော်တွင် နေရောင်ခြည်ဖြင့် လျှပ်စစ်မီးထုတ်စီမံကိန်း ဆောင်ရွက်မည်ဟုဆို

(၁၃)
မြန်မာ့သကြားထုတ်လုပ်မှု ကမ္ဘာ့အဆင့် ၆၄ ရှိ

(၁၄)
မြန်မာဆန်တန်ချိန် နှစ်သောင်းခွဲ ဘင်္ဂလားဒေ့ရှ် တင်သွင်းမည်

(၁၅)
လာမည့်ဘဏ္ဍာနှစ်မှစ၍ သစ်ထုတ်လုပ်မှု လျှော့ချရန်စီစဉ်ဟုဆို

(၁၆)
သင်္ဘောလိုင်းတည်ထောင်ရန် အစီအစဉ်မရှိသေးဟု ထူးကုမ္ပဏီဆို

(၁၇)
အာဆီယံ၏ နာဂစ်အကူအညီ ဇူလို်င်လတွင် ရပ်မည်
  • အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (ASEAN Humanitarian Task Force AHTF) ၏ လုပ်ငန်းများကို ရပ်ဆိုင်းမည်ဖြစ်
  • ၂၀၀၈ ခုနှစ် မေလ ၁၉ ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထူထောင်ခဲ့ခြင်းဖြစ်
  • နာဂစ်ဆိုင်ကလုန်းဒဏ်သင့် ဒေသများကို ကူညီရန်အတွက် နိုင်ငံတကာမှ ကတိပြုထားသော အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၃ သန်းအနက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ၃၈ ဒသမ ၅၇ သန်း ရရှိခဲ့ပြီးဖြစ်

[The Voice Weekly Journal, Vol 6, No 19]

No comments:

Post a Comment

 
Web Statistics