ငါသည် ကြီးမားသော အဓိပ္ပါယ်ရှိသည့် သေးမွှားသည့်အရာ ဖြစ်ပါသည်။
ငါသည် လူတိုင်းကို ကူညီပါသည်။
ငါသည် တံခါးကိုဖွင့်သည်၊ နှလုံးသားကို ဖွင့်ပါသည်။ ဘက်လိုက်မှုများကို ပပျောက်စေပါသည်။
ငါသည် မိတ်ဆွေဖွဲ့ပြီး စိတ်ကောင်းမွေးပါသည်။
ငါသည် ချီးကျူးလေးစားထိုက်အောင် ကျင့်ကြံနေထိုင်ပါသည်။
ငါသည် ဥပဒေကို မချိုးဖောက်ပါ။
ငါသည် ဘာမှ အကုန်အကျ မရှိပါ။
အများက ငါ့ကို ချီးကျူးပါသည်။ ဘယ်သူကမှ ငါ့ကို မပစ်ပယ်ပါ။
နိမ့်မြင့်မဟူ အားလုံးက ငါ့ကို ကြည်ဖြူကြပါသည်။
ငါသည် အချိန်တိုင်းတွင် အသုံးကျပါသည်။
ငါသည် "ယဉ်ကျေးသိမ်မွေ့ခြင်း" ပင် ဖြစ်ပါသည်။
Bruno Hagspiel
[ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ]
No comments:
Post a Comment