ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းကို တစ်ခုခုအား အလျှော့ပေး လက်မြှောက်လိုက်ခြင်းဟု မှားယွင်းစွာ နားလည်တတ်ကြပါသည်။ ဘာကိုမှ အကျိုးပြုလိုသော သဘောမရှိသည့် ပုဂ္ဂိုလ်များအတွက် ပေးကမ်းခြင်းမှာ မိမိတွင် ဆင်းရဲမှုဖြစ်အောင်၊ ပိုင်ဆိုင်မှုကျဆင်းအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု မြင်ကြပါသည်။ အပြုသဘောဖြင့် အကျိုးပြုလိုသော စိတ်အခြေခံနှင့် စဉ်းစားသည့် ပုဂ္ဂိုလ်များအတွက်မူ ပေးကမ်းစွန့်ကြဲခြင်းသည် အမြင့်မြတ်ဆုံးသော ပင်ကိုစွမ်းအားတစ်မျိုး ထူထောင်ခြင်းပင် ဖြစ်ပါသည်။
ပေးကမ်းစွန့်ကြဲသည့် လုပ်ငန်းတွင် စိတ်၏စွမ်းအား ကြံ့ခိုင်မှုကိုလည်းကောင်း၊ မိမိ၏ ပစ္စည်းဥစ္စာ ပေါကြွယ်ဝမှုကိုလည်းကောင်း၊ မိမိ၏ ပါဝါစွမ်းရည်ကိုလည်းကောင်း၊ လက်တွေ့သိရှိလာရပါသည်။ မိမိ၏ ကြံ့ခိုင်သော စိတ်စွမ်းရည်နှင့် တက်ကြွသည့်သဘောကို သိရခြင်းသည် ကြည်နူးဝမ်းမြောက်စရာ ဖြစ်ပါသည်။ ပေးကမ်းစွန့်ကြဲသည့်အချိန်တွင် စိတ်ကောင်းစေတနာတွေ ယိုဖိတ်စီးဆင်းနေသလို မိမိမှာရှိသော ပစ္စည်းကို အကျိုးရှိရှိ အသုံးချနေရသလို စိတ်ရောကိုယ်ပါ ပေါ့ပါးသွက်လက် ကြည်နူးနေမှုကို ခံစားရပါသည်။
ပေးကမ်းရခြင်းသည် ရယူရခြင်းထက် ကြည်နူးပျော်ရွှင်စရာ ကောင်းပါသည်။ ပေးကမ်းခြင်းသည် ကောင်းမြတ်သော စေတနာ၏ နိုးကြားရှင်သန်မှုကို ဖော်ညွှန်းပေးသည့်အတွက် ပေးကမ်းရခြင်းသည် ကြည်နူးပျော်ရွှင်စရာ ပိုကောင်းခြင်း ဖြစ်ပါသည်။
Wednesday, May 05, 2010
ပေးကမ်းစွန့်ကြဲခြင်း
Eric Fromn
[ဒေါက်တာသိန်းလွင် - စိတ်ကျန်းမာရေး အတွေးစာစုများ]
Posted by Ko Nyan Posted Time 3:26 PM
Labels အောင်မြင်ရေး-Success
Subscribe to:
Post Comments (Atom)
No comments:
Post a Comment