အသိအမြင်ရှိသူသည် ဆင်ခြင်တုံတရားဖြင့် ပြဿနာဖြေရှင်းကြ၏။
အသိအမြင်မဲ့သူသည် လက်ရုံးရည်အားကိုးဖြင့် ပြဿနာဖြေရှင်းကြ၏။
စာဖတ်သူများ ၀မ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း ဝေဒနာများ ဖြစ်ပေါ်စေသော ရေးသားမှုများသည် စာကောင်းပေကောင်းဖြစ်၏။
ပါရမီရှင်ဆိုသည်မှာ စိတ်ရောကိုယ်ပါ ဒုက္ခဆင်းရဲခံ ကြိုးစားခဲ့သူဖြစ်၏။
လက်ပါးစေဆိုသည်မှာ အတွေးအခေါ် သိမ်ငယ်ခြင်းမှာ အခြေခံ၏။
သင်ယူလေ့လာခြင်း၏ အဓိပ္ပါယ်မှာ မသိမတတ်သောကြောင့် သင်ယူခြင်းဖြစ်သည်။
သင်ယူ၍ မတတ်သေးလျှင် မေးမြန်းရခြင်းဖြစ်၏။
ခေတ်နှင့်အမီ လိုက်ချင်လျှင်၊ နေ့စဉ်မပြတ် လေ့လာနေမှ ဖြစ်မည်။ တစ်နေ့ မလေ့လာလျှင်၊ တစ်နေ့မတိုးတက်ဘဲ ရှိနေတော့မည်။
ပညာရှိသိက္ခာရှိ၊ လောကအတွေ့အကြုံရှိသူနှင့် များများ ထိတွေ့ဆက်ဆံလျှင်၊ မသိမသာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်ကာ၊ စိတ်နေစိတ်ထားနှင့် အရည်အသွေးပါ ကောင်းမွန်တိုးတက်မည်။
စကားပြောကောင်းသူဖြစ်ရန်အတွက်
များများပြောသည့် အတွေ့အကြုံ ရှိရမည်။
ကြောက်ရွံ့ခြင်းမရှိသော သတ္တိမျိုး ရှိရမည်။
အသိအမြင် ကျယ်ပြန့်ရမည်။
အသက် (၃၀) မတိုင်မီ၊ ပညာရေးသည် အလုပ်ထက် ပိုအရေးကြီး၏။
အသက် (၃၀) ကျော်လျှင် အလုပ်သည် ပညာရေးထက် ပိုအရေးကြီး၏။
ပညာသင်ရာတွင်ဖြစ်စေ၊ ဆက်ဆံရေးတွင်ဖြစ်စေ၊ အလုပ်လုပ်ကိုင်ရာတွင်ဖြစ်စေ၊ ရိုးသားဖြောင့်မတ် မာနကင်းမှသာလျှင် ရှေ့နောက်ကိုက်ညီမှုရှိပြီး အစဉ်အမြဲ တိုးတက်ဖွံ့ဖြိုးလာလိမ့်မည်။
Wednesday, July 07, 2010
ဆိတ်ဆိတ်တွေး ရေးရေးပေါ် - မောင်မောင်လှိုင် (အပ်စိုက်ကု)
Posted by Ko Nyan Posted Time 1:08 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment