ကောင်းခြောက်ဆယ်လေးရပ်၊ သွေးထပ်ထပ်ရုပ်ညီ၊ ရှေးနိပါတ်ထုတ်မှီသည်၊ ဖုဿတီထွတ်ထား။ ဗိမ္မာနတ်ကိန္နရီလို၊ တသိင်္ဂီယိုးတော့မမှား။ ဥမ္မာဒရုဇာမယ်နှယ်၊ နုရှာတယ်အသား၊ ကုမုဒ်နွယ် နှုတ်ဖျားက၊ ပတ္တမြားသဖွယ်၊ ကြယ်ဥက္ကာ ညဥ့်ရောင်မီးလိုပ၊ မင့်မောင်ကြီးထင်လိုက်လှတယ်။ မြင့်ဆောင်ထီးညောင်လယ်မှာ၊ ရှုစဖွယ်ပ၀င်းလို့၊ လမင်းထက်နှစ်လေးသာ၊ ဧမြလိုက်တာ၊ မြင်ရသူ ဖေသက်သာတယ်၊ ရွှေမျက်နှာ ကြည်လွန်းလို့လေး။
No comments:
Post a Comment