Friday, July 23, 2010

လျှာခြစ်တံနှင့် ခံတွင်းနံ့ဆိုးခြင်းပြဿနာ


လျှာခြစ်တံသုံးရင် ခံတွင်းနံ့ဆိုးတာ သက်သာတယ်ဆိုတာ ဟုတ်ပါသလား။

အရွယ်အစား၊ ပုံစံအမျိုးမျိုးနဲ့လာတဲ့ လျှာခြစ်တံတွေ နေရာအတော်များများမှာ ၀ယ်ယူရရှိနိုင်ပါတယ်။ လျှာခြစ်တံသုံးရင် ခံတွင်းနံ့ဆိုးတာ သက်သာတယ်၊ လုံးဝတောင် ပျောက်ကင်းသွားနိုင်တယ်လို့ အမွှမ်းတင် ကြော်ငြာနေကြပါတယ်။ လျှစ်ခြစ်တံကို လျှာရင်းဘက်ကနေ အဖျားဘက်ကို ဖိဆွဲခြစ်ပြီး သုံးရပါတယ်။

လျှာခြစ်တံရဲ့ ထိရောက်မှုကို သုတေသနပြုလုပ်ထားတာ သိပ်မရှိပါဘူး။ ရှိသလောက် လေ့လာမှုတွေကလည်း ခံတွင်းနံ့ဆိုးတာ သက်သာစေတဲ့နေရာမှာ လျှာခြစ်တံ အသုံးပြုခြင်းသည် သွားပွတ်တံဖြင့် သွားတိုက်ခြင်းထက် မဆိုစလောက်သာ ပို၍ထိရောက်သည်လို့ ဆိုထားပါတယ်။ ပြီးတော့ ပိုသာတယ်ဆိုတဲ့ အာနိသင်ကလည်း ကြာကြာခံတာ မဟုတ်ပါဘူး။ လျှာခြစ်တံသုံးလို့ အန္တရာယ်မရှိပေမယ့် သွားနဲ့ခံတွင်း အထွေထွေ သန့်ရှင်းရေး ဂရုစိုက်တာက ပိုပြီး ထိရောက်နိုင်ပါတယ်။
  • အစာစားပြီးတိုင်း သွားတိုက်ပါ။ လျှာကိုလည်း သွားပွတ်တံနဲ့ ခြစ်ပါ။
  • သွားပွတ်ကြိုး တစ်ရက်တစ်ကြိမ် မှန်မှန်သုံးပါ။
  • ပါးစပ်ခြောက်ရင် ခံတွင်းနံ့ ဆိုးတတ်ပါတယ်။ ပါးစပ်မခြောက်အောင် ရေများများသောက်ပါ။
  • သွားဆရာဝန်နဲ့ ပုံမှန်ပြပါ။
ခံတွင်းနံ့ဆိုးတဲ့ပြဿနာ မသက်သာဘူးဆိုရင် သွားဆရာဝန်နဲ့ ပြကြည့်ပါ။ ပြဿနာရဲ့ ဇာစ်မြစ်ကိုရှာပြီး ဘယ်လိုကုသရမယ်ဆိုတာ အစီအစဉ် ချပေးပါလိမ့်မယ်။

No comments:

Post a Comment

 
Web Statistics