(၁) ဇူလိုင် ၁ ရက်မှစ၍ လေဆိပ်ခွန် Airport Tax အား ခြောက်ဆတိုးမြှင့် ကောက်ခံမည်ဖြစ်
- ၁၉၉၆ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအား လေဆိပ်ခွန်အဖြစ် တစ်ဦးလျှင် ၅၀၀ ကျပ် ကောက်ခံခဲ့ရာမှ ၂၀၁၀ ဇူလိုင် ၁ ရက်မှစ၍ ၃၀၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံတော့မည်ဖြစ်
- အသက် ၂ နှစ်နှင့် ၂ နှစ်အောက်ကလေးများ ပေးဆောင်ရန်မလို
- နိုင်ငံခြားသားများအတွက် Airport Tax အဖြစ်ကောက်ခံသော ၁၀ ဒေါ်လာကိုမူ တိုးမြှင့်ကောက်ခံခြင်းမရှိ
(၂) ဈေးဝယ်စင်တာနှင့် ဈေးများရှိ ဆိုင်ခန်းများ အမွှေးတိုင်၊ ဖယောင်းတိုင် မထွန်းရန် ကြေညာချက်ထုတ်ပြန်
- ပြုလုပ်ပါက ဆိုင်ခန်းများအား တစ်ပတ်သိမ်းယူမည်ဟူသော ကြေညာချက်ထုတ်ပြန်ထား
- ဈေးတွေမှာ လျှပ်မီးသုံးရင်လည်း အလင်းရောင်အတွက်ပဲ သုံးလို့ရမယ်။ ထမင်းဟင်းချက်တာ၊ ရေနွေးအိုးတည်တာတို့ မသုံးရဘူးဟု မီးသတ်မှ သတ်မှတ်ပေးထားကြောင်း သိရှိရ
- ဗဟိုစံပြငါးဈေး၌ ဆိုင်ခန်းတစ်ခန်းလျှင် အများဆုံး ဖန်ချောင်း ၄ ချောင်းနှင့် ပလပ်ပေါက်တစ်ခု သုံးစွဲခွင့်ပေးထားပြီး ပလပ်ပေါက်သုံးစွဲမှုများ မှန်ကန်မှုရှိမရှိကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း
(၃) စီးပွားရေးလုပ်ငန်းရှင်များသည် တည်ဆဲကုန်သွယ်ရေးလုပ်ငန်းခွန် ဥပဒေများအရ ကြိုတင်ပေးဆောင်ပြီးမှသာ သက်ဆိုင်ရာ စည်ပင်သာယာရေးရုံးများ၌ လုပ်ငန်းလိုင်စင်များ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား
- လုပ်ငန်းရှင်များသည် ကြိုတင်ခွန်အဖြစ်
- ကုန်သွယ်ခွန် [လစဉ် (သို့မဟုတ်) တစ်နှစ်စာ ကြိုတင်ခွန်ပေးဆောင်ရမည်] နှင့်
- အမြတ်ခွန် [တည်ဆဲအမြတ်ခွန်ဥပဒေအရ ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်စီခွဲ၍ အခွန်ပေးဆောင်နိုင်] ဟူ၍ နှစ်မျိုးပေးဆောင်နိုင်ကြောင်း သိရ။
- ဒူဘိုင်းအလုပ်အကိုင်မှာ ၂၀၀၆ ခုနှစ် ၀န်းကျင်လောက်က အရမ်းကောင်းခဲ့ကြောင်း
- ကျွန်တော်တို့ကို ခေါ်တုန်းက ၀ိတ်တာဆိုပြီးခေါ်တယ်၊ ဒီရောက်တော့ အမှိုက်လည်းကျုံးရတယ်၊ ပစ်ရတယ်၊ စားပွဲထိုးဆိုတာနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ရဘူး။ နေတာကျတော့လည်း သူတို့ ကျွန်တော်တို့နိုင်ငံမှာ အင်တာဗျူးတုန်းက ဗီဒီယိုနဲ့ပြတုန်းက သုံးယောက်တစ်ခန်း၊ အခု ဒီမှာနေရတာက ခြောက်ယောက်တစ်ခန်း၊ လစာက တစ်လကို ဒူဘိုင်းငွေဒါဟမ် ၉၀၀ ဆိုပြီး တစ်ခါမှ ၉၀၀ မရဘူး။ သူတို့အင်တာဗျူးတုန်းကတော့ စပါယ်ရှယ်ပဲ။ စာချုပ်က သုံးနှစ်ပါဟု ဒူဘိုင်းနိုင်ငံရှိ AMERICANA (KUWART FOOD COMPANY) ကုမ္ပဏီတွင် သွားရောက်အလုပ် လုပ်ကိုင်နေသူတစ်ဦးက 7Day News သို့ ယခုလ ၅ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ပြောသည်။
(၅) ရခိုင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးအတွက် ဂျပန်အစိုးရက ထောက်ပံ့
- ဂျပန်အစိုးရသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ()မှ တစ်ဆင့် ဂျပန်ယန်း ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၁၁၀၀၀) နီးပါး တန်ဖိုးရှိ ရေလှောင်ကန် ၁၅ ခု၊ ရေသန့်စင်စက် ၁၅ ခု၊ မီးစက် ၂၅ လုံး၊ ယာယီတဲ ၁၀ လုံး စသည့်ပစ္စည်းများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းကာ မြေပြို၊ ရေကြီးမှုဖြစ်ပွားခဲ့သည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လှူဒါန်းခဲ့ကြောင်း သိရှိရ
- ယခုလ ၁၃ ရက်မှ ၁၅ ရက်အထိ ရခိုင်ပြည်နယ်တွင် မိုးကြီးမှုကြောင့် ရပ်ကွက်များ၊ မြေယာများ ရေလွှမ်းမိုးခံခဲ့ရသည့်အတွက် သေဆုံးသူ ၆၀ ကျော်နှင့် ပျောက်ဆုံးသူများရှိခဲ့ကြောင်း သိရှိရ။
- ရခိုင်ပြည်နယ်တွင် ယခုကဲ့သို့ ရေကြီးခြင်းမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်။
(၆) မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် ဧပြီလမှစ၍ A(H1N1) လူတုပ်ကွေးရောဂါဖြစ်ပွားသည့် လူနာမရှိတော့ကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြား
- မက္ကစီကိုနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိသည့် ၂၀၀၉ ခုနှစ် ဧပြီလမှစ၍ ၂၀၁၀ ခုနှစ် ဇွန်လ ၂၅ ရက်အထိ နိုင်ငံပေါင်း ၂၁၄ နိုင်ငံကျော်တွင် ရောဂါကြောင့် သေဆုံးသူအရေအတွက် ၁၈၂၀၉ ဦးခန့် ရှိသွားပြီဖြစ်ကြောင်း WHO ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ထားချက်အရ သိရှိရ
- မြန်မာနိုင်ငံတွင်မူ လူတုပ်ကွေးရောဂါကြောင့် ယနေ့အချိန်အထိ သေဆုံးသူလူနာ တစ်ဦးမှမရှိသေးဘဲ ရောဂါပိုးတွေ့ရှိသူ လူနာများအားလုံးသည် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရ။
(၇) တညင်းသီးထဲတွင်ပါဝင်သော ပစ္စည်းတစ်မျိုးကြောင့် စားသုံးသူ၏ ကျောက်ကပ်ပျက်စီးနိုင်ကြောင်း သိရှိရ
- တညင်းသီးများတွင်ပါဝင်သော Crystal ဟုခေါ်သော အဖုအချွန်လေးများကြောင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာထွန်းသိန်းက ပြောကြား
- ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို စွန့်ထုတ်လုပ်ငန်းလုပ်ဆောင်သည့် ကျောက်ကပ်၏ အညစ်အကြေးစစ်ထုတ်ရာ ဆန်ကာပေါက်လေးများထဲတွင် တညင်းသီး၌ပါဝင်သော အဆိုပါအချွန်လေးများက ဆန်ကာပေါက်တွင် ပိတ်မိရာမှ ကျောက်ကပ်ပျက်စီးလေ့ရှိကြောင်း သိရ
- အများကြီးစားတဲ့လူတွေမှ ဖြစ်တာမဟုတ်ဘူး။ နည်းနည်းစားတာနဲ့တောင် ဖြစ်နိုင်တယ်။ ဒါပေမယ့် လူတွေက မဖြစ်သေးတဲ့အခါ မယုံကြဘူး။ မဖြစ်သေးတာပဲရှိတယ်။ ဖြစ်နိုင်တယ်ဟု အဆိုပါဆရာဝန်က ပြောသည်
- တညင်းသီးဆားရည်စိမ်မှာ ခန္ဓာကိုယ်အတွင်း သွေးပေါင်ချိန်ကို တိုးလာစေနိုင်ကြောင်း သိရှိရ။
(၈) နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစနစ်များ အမှတ်(၂) စက်မှုဝန်ကြီးဌာနက အနည်းဆုံး ကျပ်နှစ်သိန်းဝန်းကျင်ဖြင့် ရောင်းချမည်
- ကျေးလက်ဒေသသုံး 3 Watt မီးသီးရှစ်လုံး တစ်စုံ သို့မဟုတ် 5 Watt မီးသီးလေးလုံးပါဝင်သည့် 21 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၁၇၅၀၀၀၊
- မြို့ပြတွင် အသုံးပြုနိုင်မည့် 3 Watt မီးသီး ၁၂ လုံး သို့မဟုတ် 5 Watt မီးသီးရှစ်လုံး သို့မဟုတ် 7 Watt မီးသီး ခြောက်လုံးပါဝင်သည့် 40 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၂၇၀၀၀၀၊
- လုံခြုံရေးမီးနှင့် လမ်းမီးများအဖြစ် အသုံးပြုနိုင်သော သုံးမီတာအရှည်ရှိသည့် 10 Watt ဆိုလာလမ်းမီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၂၉၅၀၀၀၊
- ခြောက်မီတာအရှည်ရှိသည့် 25 Watt ဆိုလာလမ်းမီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၆၀၀၀၀၀
- နေရောင်ခြည်စွမ်းအင်သုံး High Efficiency Multicrystal Photovoltaic ဆိုလာပြားများကို ရာနှုန်းပြည့် ဂျပန်နည်းပညာဖြင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန၏ လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ်မှုစက်ရုံ (ဒဂုံ)၊ LED မီးသီးထုတ်လုပ်မှုစက်ရုံက ထုတ်လုပ်ထား၊
- ယင်းဆိုလာပြားများမှာ လျှပ်စစ်ဓာတ်အားထွက်ရှိမှုကို အနှစ် ၂၀ အထိ အာမခံပေးထားပြီး ၀ယ်ယူလိုပါက ရန်ကုန်တွင် LED မီးသီးစက်ရုံ (၀၁-၆၅၁၄၂၈၊ ၀၁-၆၅၁၄၃၁) နှင့် နေပြည်တော်၌ မြန်မာစက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း ၀၆၇-၄၀၅၀၅၉၊ ၀၆၇-၄၀၅၃၂၂၊ ၀၆၇-၄၀၅၁၂၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရ
(၉) ဆရာတော်ရှင်ဆန္ဒာဓိက၏ စကားပြေရေးဟန် လေ့လာဆန်းစစ်ချက် စာတမ်းကို ၀ိဇ္ဇာနှင့် သိပ္ပံပညာရှင်များဖတ်ပွဲတွင် စာတမ်းတင်သွင်း ဖတ်ကြားမည်
- ဆရာတော်၏ ထွက်ရှိပြီးသော စာအုပ် ၄၂ အုပ်ကို Prose Style စည်းမျဉ်းဖြင့် လေ့လာတင်ပြခြင်းဖြစ်
- ပဲခူးဒီဂရီကောလိပ်မှ မြန်မာစာဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ ချိုချိုတင့်က တင်သွင်းဖတ်ကြားမည်ဖြစ်
- ဒီစာတမ်းတင်သွင်းဖတ်ကြားဖို့ စီစဉ်တာကတော့ ဆရာတော်ရဲ့ စာတွေကို ဝေဖန်ဆန်းစစ်တာတွေနဲ့ ပတ်သက်လို့ ၀ိဝါဒဖြစ်နေလို့ ဒီလိုဆောင်ရွက်ခြင်း ဖြစ်ပါတယ်ဟု ဒေါက်တာချိုချိုတင့် ပြောကြားသည်။
(၁၀) ကမ်းနားလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ပုဂ္ဂလိကဘဏ်ကြီးများ ဖွင့်လှစ်လုပ်ကိုင်မည် ဆိုသောကြောင့် မြိ့တွင်းခြောက်မြို့နယ်တွင် အိမ်ခြံမြေဈေးများ ပေ၃၀xပေ၆၀ လျှင် ကျပ်သိန်း ၇၀၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်လာကြောင်း သိရှိရ
- တိုက်ခန်းဈေးတွေလည်း တစ်စတုရန်းပေကို အရင်က တစ်သောင်းလောက်ကနေ အခုတစ်သောင်းခွဲ၊ နှစ်သောင်းခွဲကြားမှာ အရောင်းအ၀ယ်ဖြစ်လာတယ်ဟု အိမ်ခြံမြေ၀ယ်ရောင်းပြုလုပ်သူက ဆိုသည်
- ကမ်းနားလမ်းချဲ့မယ်ဆိုတော့ မြစ်ဘက်အခြမ်းတော့ အရောင်းအ၀ယ် လုံးဝမဖြစ်ဘူး။ ဈေးလည်း ခေါက်ချိုးလောက်ကျတယ်။ ကမ်းနားကို မျက်နှာမူထားတဲ့ဘက်ကတော့ အရောင်းအ၀ယ်လိုက်လာတယ်။ အဲဒီဘက်အခြမ်းက စာရွက်စာတမ်းတွေ ခိုင်မာရင် ချက်ချင်းတောင် အရောင်းအ၀ယ်ဖြစ်တယ်ဟု ၀ယ်ရောင်းတစ်ဦးက ဆိုသည်။
Source:
No comments:
Post a Comment