ဝါဖတ်စက်
ဝါပင်ကနေ ၀ါပွင့်ကို လက်နဲ့ဆွတ်ရတယ်။ အီလီဝှစ်ထ်နေးက ၁၇၉၃ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ ၀ါဖတ်စက်ကို တီထွင်ခဲ့တယ်။ စက်ရုံတွေမှာသုံးစွဲဖို့ စီးပွားဖြစ်ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ၀ါပင်ကသီးပွင့်တဲ့ ၀ါပွင့်မှာ အမျှင်နဲ့အစေ့ ရောနေတယ်။ ၀ါဖတ်စက်မှာ ဆလင်ဒါတစ်ခု ရှိတယ်။ ဒီဆလင်ဒါမှာ သွားနဲ့တူတဲ့ သံမှိုလေးရှိတယ်။ အဲဒီ သံမှိုတွေကို လှန်ပြီး ကောက်ထားတယ်။ ၀ါပွင့်ကို စက်ထဲထည့်လိုက်ရင် အစေ့တွေကို ချန်ထားခဲ့ပြီး ၀ါချည်မျှင်တွေကို ဆွဲယူသွားအောင် ဖန်တီးထားတယ်။ အဲဒီစက်ကို လက်နဲ့မောင်းလို့လည်း ရတယ်။ ရေအားသုံးပြီးတော့လည်း မောင်းလို့ရတယ်။ မြင်းနဲ့ မောင်းနှင်လို့လည်း ရတယ်။ ဒီဝါဖတ်စက်မျိုးက ချည်စက်တွေရဲ့ လိုအပ်တဲ့ ၀ါချည်မျှင်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။
ဒီဇယ်ရထားကို ဘယ်အချိန်မှာစသုံး
ဂျာမန်အင်ဂျင်နီယာ ရုဒေါ့ဖ်ဒီဇယ်က ၁၈၉၄ ခုနှစ်မှာ ဒီဇယ်အင်ဂျင်ကို တီထွင်ခဲ့ပါတယ်။ သူ့အင်ဂျင်က တခြားအင်ဂျင်တွေထက် ဆီစားပိုပြီး သက်သာလို့ စီးပွားရေး တွက်ချေကိုက်တယ်။ ၁၉၃၂ ခုနှစ်က ဂျာမန်ရထားလမ်းပေါ်မှာ ပထမဆုံး ဒီဇယ်အင်ဂျင်သုံး ရထားကို ပြေးဆွဲခဲ့ပါတယ်။
ယမ်းဘီလူး
၁၉ ရာစု အဆုံးလောက်ကတည်းက ဆာလဖာ (ကန့်)၊ မီးသွေးနဲ့ ဆားတစ်မျိုးကို ရောစပ်ပြီး ယမ်းမှုန့်လုပ်ပြီး ဖောက်ခွဲနိုင်စွမ်း ရှိခဲ့ကြတယ်။ ၁၈၄၅ ခုနှစ်မှာ ဂျာမန်သိပ္ပံပညာရှင်တစ်ဦးက ပိုမို ပေါက်ကွဲအားပြင်းတဲ့ ယမ်းမျှင်တစ်မျိုးကို စတင် မိတ်ဆက်ပေးခဲ့တယ်။ အဲဒီယမ်းမျှင်ထက် ပေါက်ကွဲအားပြင်းတဲ့ ယမ်းကတော့ အက်စ်ကော်နီယို ဆော့ဘရီရို ဆိုသူ အီတလီသိပ္ပံပညာရှင်တစ်ဦး ထုတ်လုပ်ခဲ့တဲ့ နိုင်ထရိုဂလိုင်ဆရိုင်း ဆိုတဲ့ယမ်း ဖြစ်ပါတယ်။ ယမ်းဘီလူးကို ရှာဖွေတွေ့ရှိခဲ့သူကတော့ ဆာ အဲလ်ဖရက် နိုဘယ်လ် ဖြစ်ပါတယ်။ အမှတ်မထင် ဖော်ထုတ်ခွင့် ရလိုက်တာဖြစ်ပါတယ်။ မီးတောင်မြေရဲ့ ပေါ့ပါးတဲ့မြေသားအတုံးတွေ နိုက်ထရိုဂလိုင် ဆရိုင်းပါတဲ့ ခွက်တွေဟာ ရွေ့လျားနေတယ်။ သူက အဲဒီခွက်တွေထဲက စိမ့်ထွက်လာတဲ့ အခဲပုံစံတစ်ခုကို စူးစမ်းလေ့လာခဲ့တယ်။ ဒါကိုလေ့လာပြီးနောက် ယမ်းဘီလူးကို ရှာဖွေတွေ့ရှိသွားခြင်းဖြစ်တယ်။
လျှပ်စစ်အလင်း
အင်္ဂလိပ်သိပ္ပံပညာရှင် ဆာ ဟမ်ဖရီ ဒေဗီ ဆိုသူက လျှပ်စစ်မီး အလင်းတန်းတွေကို ပထမဆုံး ပြသခဲ့သူ ဖြစ်ပါတယ်။ ၁၈၀၂ ခုနှစ်က အင်္ဂလန်မှာ လျှပ်စစ်ကြိုးကုံးကလေးလုပ်ပြီး အဆက်မပြတ် လျှပ်စစ်ရောင်လက်နေအောင် သူက ပြသခဲ့ပါတယ်။ အဲဒီ လျှပ်စစ်မီးပွားလေးတွေဟာ အလွန်ကို တောက်ပကြပါတယ်။ ဒါပေမယ့် အိမ်မှာ မီးထွန်းရင်တော့ ယဲ့ယဲ့ပဲ လင်းနေမှာပေါ့။ လျှပ်စစ်မီးသီးထဲမှာက နန်းကြိုးမျှင်ပါတယ်လေ။ လျှပ်စစ်ဓာတ်က ဖန်သီးထဲ ဖြတ်စီးတဲ့အခါ နန်းကြိုးမျှင်လေးတွေ တောက်ပလင်းလက်လာတယ်။ အဲဒီ မီးသီးကို တီထွင်ခဲ့သူကတော့ ဂျေ ဒတ် ဘယ်လ်ယူ စတားဆိုသူ အမေရိကန်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ ၁၈၄၅ ခုနှစ်မှာ တီထွင်လိုက်တာပါ။ သောမတ်စ် အက်ဒီဆင်က လျှပ်စစ်မီးသီးကို အောင်မြင်စွာ ထုတ်လုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ ၁၈၈၀ ခုနှစ်မှာ လျှပ်စစ်မီးသီးတွေကို စတင်သုံးစွဲလာခဲ့ကြပါတယ်။ သူ့ဖန်သီးထဲက အမျှင်တွေဟာ ချည်မျှင်တွေကို လုပ်ထားတဲ့အမျှင်တွေ ပြာပေါင်းပဲ ဖြစ်ပါတယ်။ ယခုခေတ်မှာတော့ တန်စတင်နန်းကြိုးတွေကို အသုံးပြုနေကြပါတယ်။
လျှပ်စစ်မော်တာ
ပထမဆုံး လျှပ်စစ်မော်တာကို ၁၈၂၁ ခုနှစ်မှာ မိုက်ကယ်ဖာရာဒေးက တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမော်တာဟာ ပုံစံငယ်တစ်ခုသာဖြစ်ပြီး အသုံးပြုလို့ မရနိုင်သေးပါဘူး။ အဲဒီတုန်းက လျှပ်စစ်စွမ်းအားသုံး မော်တာတွေ မရှိသေးဘူးလေ။ ဒါကြောင့် လျှပ်စစ်စွမ်းအားသုံး မော်တာဖြစ်ဖို့ အထူးပြုလုပ် တီထွင်ခဲ့ရတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တယ်။ နှစ်ပေါင်း ၅၀ ကြာ ကြိုးစားပြီးတဲ့အချိန်မှာတော့ ၁၈၇၀ ပြည့်နှစ်မှာ ဇင်နိုဘဲလ် သီအိုပိုင်ဂရမ်ဆိုသူ ဘယ်လ်ဂျီယံ အင်ဂျင်နီယာတစ်ဦးက ဒိုင်နမိုကို တီထွင်နိုင်ခဲ့တယ်။ သုံးနှစ်အကြာမှာ သူက လျှပ်စစ်စွမ်းအားသုံးမော်တာကို ပထမဆုံး လက်တွေ့တည်ဆောက် ခဲ့ပါတယ်။ တိုက်ရိုက်လျှပ်စီးကူးနည်းနဲ့ အသုံးပြုလို့ရတဲ့ ဓာတ်ရထားတွေ၊ ရထားတွေကို စွမ်းအင်ပေးဖို့ ဒီမော်တာမျိုးတွေကို အသုံးပြုကြပါတယ်။ ပြန်လှန်လျှပ်စစ်ကူးနည်းနဲ့ အသုံးပြုလို့ရတဲ့ မော်တာတွေကိုတော့ အမေရိကန်ပြည်ထောင်စုမှာ နီကိုလာတက်စ်လာက ၁၈၈၀ ခုနှစ်မှာ စတင်တီထွင် ထုတ်လုပ်ခဲ့ပါတယ်။
စွယ်စုံကျမ်း
စွယ်စုံကျမ်းဆိုတာ အားလုံးသော ဘာသာရပ်တွေကို ဖော်ပြရှင်းလင်းထားတဲ့ စာအုပ်အစုအဝေးတစ်ခု ဖြစ်ပါတယ်။ အက္ခရာစဉ်အလိုက် အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။ အေဒီ ၁ ရာစုတုန်းက ဖလင်းနီဆိုသူ ရောမမြို့သားတစ်ဦး ရေးသားခဲ့တဲ့ သက်တမ်းအရင့်ဆုံး စွယ်စုံကျမ်းကြီးဟာ ယခုတိုင် ရှိနေဆဲပါ။ ဒီစာအုပ်ကြီးကို သဘာဝသမိုင်း စာအုပ်ကြီးလို့ ခေါ်ဝေါ်ကြပါတယ်။ အတွဲပေါင်း ၃၇ တွဲ ပါဝင်ပြီး ဆောင်းပါးပေါင်း နှစ်သောင်းကျော် ပါဝင်ပါတယ်။ အတွဲပေါင်း ၅၀၂၀ ပါဝင်တဲ့ အကြီးမားဆုံး စွယ်စုံကျမ်းကြီးကတော့ တတိယအကြိမ် ပြုစုထားတဲ့ တရုတ်စွယ်စုံကျမ်းကြီး ဖြစ်ပါတယ်။ အက္ခရာစဉ်အလိုက် ဘာသာရပ်များကို စီစဉ်ဖော်ပြထားတဲ့ စွယ်စုံကျမ်းကို ၁၇၀၄ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အင်္ဂလိပ်ဓမ္မဆရာတစ်ဦးဖြစ်တဲ့ ဂျွန်ဟာရစ်လည်း ရေးသားခဲ့ပါတယ်။ စွယ်စုံကျမ်းနာမည်က တစ်လောကလုံးဆိုင်ရာ ၀ိဇ္ဇာနဲ့သိပ္ပံ အင်္ဂလိပ်အဘိဓာန် ဖြစ်ပါတယ်။
Friday, July 16, 2010
Who invented or discovered what? When? Part II
Posted by Ko Nyan Posted Time 1:39 PM
Labels ဗဟုသုတ-Knowledge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment