Monday, August 09, 2010

ဓမ္မပဒဂါထာ (၃၉)


အန၀ဿုတစိတ္တဿ၊ အနနွာဟတစေတသော။
ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။

စိတ်နိုးနေမှ ဘေးကင်းမယ်
ရမ္မက်ဖြင့်
စိတ်မစိုစွတ်တဲ့သူ၊
အမျက်ဖြင့်
စိတ်မထိခိုက်တဲ့သူ၊
မဂ်ဖြင့်
ကောင်းမှုမကောင်းမှုကို
ပယ်သတ်ပြီးတဲ့သူဟာ
စိတ်အစဉ်
အမြဲနိုးကြားနေတဲ့အတွက်
လူအိပ်အိပ်, နိုးနိုး
ဘာဘေးရန်မှ
မရှိတော့ပါဘူး။

No comments:

Post a Comment

 
Web Statistics