မသိတော့ ခက်တာပေါ့
လောကကြီးက သူ့ဘာသာသူ သွားတတ်ခဲပါတယ်။ (ဂတာနုဂတိကော လောကော) တဲ့။ ရှေ့ကသွားတဲ့အတိုင်း နောက်က လိုက်သွားနေတတ်ကြတာ။ အခု လှူကြတန်းကြတဲ့နေရာမှာ အများတုပြီးတော့ မရှိလည်း ကျွေး၊ ရှိလည်း ကျွေး၊ အလှူဆို ဒီလိုလုပ်ရတယ်မှတ်ပြီး လုပ်ကြတော့ မွဲကုန်တာပေါ့။ လှူပုံလှူနည်းရဲ့ အရင်းအမြစ်ကို မသိတော့ ခက်တာပေါ့။
မြန်မာနိုင်ငံရဲ့ အသွားက
ဂုဏ်ပကာသနကို မငဲ့ဘဲ ပါရမီဖြစ်မှုကိုသာ ငဲ့တဲ့ ဝေဿန္တရာမင်းကြီးတို့ရဲ့ အလှူမျိုးကိုသာ အတုယူရမှာ။ ခုတော့ မဟုတ်ကြဘူး။ ဂုဏ်ပကာသန အသိုက်အ၀န်းက တယ်များကြတယ်။ ဘယ်လောက်မျှ မကြီးကျယ်တဲ့ မြန်မာနိုင်ငံရဲ့ အသွားက အဲဒီလိုဖြစ်နေတာ။
အရာရာမှာ စည်းကမ်း
မိကောင်းဖခင် သားသမီးများဆိုတာ နေရာတိုင်းမှာ ထိန်းသိမ်းရပါတယ်။ အိမ်မှာ အဖေနဲ့အမေနဲ့၊ ကျောင်းမှာ ဆရာ ဆရာမများနဲ့ အုပ်ထိန်းမှုမကွာမှ၊ ဆိုဆုံးမစကားကို လိုက်နာကျင့်သုံးမှ တိုးတက်လမ်း ရှိပါတယ်။ ဒါကြောင့် အရာရာမှာ စည်းကမ်းရှိရပါမယ်။
အဲဒီသုံးခုလောက် ကြည့်ရုံနဲ့
ကျောင်းတိုက်တစ်ခုမှာ စည်းကမ်းရှိမရှိ သိချင်လျှင် (က) ကုဋီအိမ်သာ၊ (ခ) သောက်ရေအိုးစင်၊ (ဂ) ဆွမ်းစားကျောင်း အဲဒီသုံးခုလောက် ကြည့်ရုံနဲ့ သိနိုင်တယ်တဲ့ လူတွေမှာလည်း ဒီအတိုင်းပါပဲ။ (က) မီးဖိုချောင်၊ (ခ) သောက်ရေအိုးစင်၊ (ဂ) အိမ်တွင်းနှင့် အိမ်ဝင်းလောက်ကို ကြည့်လိုက်လျှင်ပဲ သိနိုင်ပါတယ်တဲ့ ရှေးဆရာတော်ကြီးတွေက မိန့်ကြတယ်။
Saturday, September 18, 2010
လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်
Posted by Ko Nyan Posted Time 10:50 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment