လူကြီးလူကောင်း
လူကြီးလူကောင်းတွေနဲ့ စကားပြောတဲ့အခါ ကိုယ်ခန္ဓာနဲ့ ခေါင်း၊ ခြေကို ငြိမ်ငြိမ်ထားရတယ်။ လက်ကားရား ခြေကားရား မလုပ်ရဘူး။ ခြေထောက်ကြီးတွေ ရှေ့ကိုလည်း ထုတ်မထားနဲ့၊ နောက်ကိုလည်း ပြန်သွင်းမထားနဲ့၊ ဘာပြုလို့လဲဆိုတော့ ခြေထောက်ကြီးတွေ ရှေ့ထုတ်ထားလျှင် မယဉ်ကျေးရာ ရောက်သွားမှာပေါ့။ တစ်ခါ နောက်ကို သွင်းထားပြန်တော့လည်း ကြောက်ရွံ့နေရာ ရောက်ပြန်ရော။ ဒါကြောင့် အနေတော်ဖြစ်အောင် ပုံမှန်ကျအောင် သတိရှိစေရတယ်။ မျက်နှာကလည်း မချိုမချဉ် မလုပ်ရဘူး။ ကိုယ့်အချိုးအစားအတိုင်း မှန်မှန်ထားရမယ်။ စကားပြောတော့လည်း တိုတိုနဲ့ လိုရင်းပဲ ပြောရတယ်။ မပြီးနိုင်မစီးနိုင် လေမရှည်စေရဘူး။ ကိုယ့်အမူအရာအားလုံးဟာ လူကြီးလူကောင်း ပီသနေစေရမယ်။
ဘယ်မှာ မွဲနိုင်လိမ့်မလဲ
မြတ်စွာဘုရား မိန့်ကြားတော်မူတာက "စားဦးစားဖျား အနည်းငယ်မျှ ခွဲလှူလို့ မွဲသွားတဲ့သူ ၉၁ ကမ္ဘာအတွင်းမှာ တစ်ယောက်မျှ မရှိဘူး" တဲ့။
ဟုတ်ပါတယ်၊ ဘုရားကိုယ်တော်မြတ်ကြီး မိန့်တော်မူတာ မှန်တာပေါ့။ ကိုယ့်အိမ်သူအိမ်သား မိသားစုအတွက် ချက်ထားတဲ့အထဲက အနည်းငယ်မျှ အနည်းငယ်မျှ ခွဲလှူရုံနဲ့ ဘယ်မှာ မွဲနိုင်လိမ့်မလဲ။ အခုခေတ် မတန်တဆ ကြွေးယူပြီး ရှင်ပြုအလှူတွေ လုပ်တာမျိုးသာ မွဲချင်မွဲသွားနိုင်ပါတယ်။
သိပ်ပြီး သိုမှီးမထားကြပါနဲ့
"ပေးကမ်းလှူဒါန်းခြင်း" ဆိုတာ (ဒါနံ သဗ္ဗတ္ထသာဓကံ) ဆိုတဲ့အတိုင်း အရာခပ်သိမ်းကို ပြီးစေနိုင်တယ်။ မယဉ်ကျေးသူကို ယဉ်ကျေးစေနိုင်တယ်။ လူအများက လေးစားချစ်ခင်စေနိုင်တယ်။ ကိစ္စအ၀၀ကို အောင်မြင်စေနိုင်တယ်။ မပေးမကမ်း မလှူဒါန်းလျှင်တော့ ပြောင်းပြန်အကျိုးရမှာပေါ့။ အဲဒါကြောင့် ကိုယ့်ရှိတဲ့ပစ္စည်း သိပ်ပြီး သိုမှီးမထားကြနဲ့။
Thursday, September 23, 2010
လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်
Posted by Ko Nyan Posted Time 2:42 PM
Labels ဘာသာရေး-Religious
Subscribe to:
Post Comments (Atom)
No comments:
Post a Comment