skip to main |
skip to sidebar
- ဒုက္ခဆင်းရဲတွင်း နစ်နေပေမယ့် မညည်းညူတတ်သူကမှ ကြံ့ခိုင်ကျော်လွှားနိုင်သူ ဧကန်ဖြစ်ပေမည်။
- သေသည့်အထိ နိုးကြားနားလည်မှု မရှိသူသည် လူတုံးလူညံ့သာ ဖြစ်၏။
- တစ်သက်လုံး ထုံထိုင်း၊ ဆင်ခြင်ဉာဏ် ခေါင်းပါးခြင်းသည် အလဟဿ အသက်ရှင်ခြင်းသာတည်း။
- အခြေအနေလိုက်၍ နည်းလမ်းပြောင်းလဲ ကျင့်သုံးတတ်သူသည် လူတော်ဖြစ်၏။
- နူးညံ့သိမ်မွေ့ ကျင်လည်စွာ ကျင့်သုံးအောင်မြင်ပေါက်မြောက်နိုင်သူသည် ပါရမီရှင်ဖြစ်၏။
- နားကြား၍ သိသည်ထက် မျက်မြင်တွေ့ရှိသည်က ပို၍ ကောင်း၏။
- မျက်မြင်သိရှိသည်ထက် နှလုံးသားက သိရှိသည်က ပိုကောင်း၏။
- နိုင်ငံရေးပညာရှင်က "ပြည်သူ" အတွက် ဆွေးနွေးအငြင်းပွား၏။
- နိုင်ငံရေးစားဖားသည် "ကိုယ်ကျိုး" အတွက် ငြင်းခုန်စကားများ၏။
- ပညာတတ်လျှင် "သဘောတရား" ကို ပြောဆိုရှင်းပြတတ်၏။
- အရည်အချင်းရှိလျှင် "ကောင်းကျိုးဆောင်" အောင်မြင်နိုင်၏။
- ကြီးသည့်ကိစ္စကို ငယ်သွားအောင် ပြောင်းလဲခြင်း၊ ငယ်သည့်ကိစ္စကို အပြစ်မမြင်တတ်လျှင် သူရဲကောင်းစိတ်ဓာတ်မျိုးတည်း။
- ကြီးသည့်ကိစ္စကို ငယ်သွားအောင် ပြောင်းလဲခြင်း၊ ငယ်သည့်ကိစ္စကို ပပျောက်သွားအောင် လုပ်နိုင်ခြင်းသည် သူတော်ကောင်းစိတ်ဓာတ်တည်း။
- ပြောပြီးသည့် စကားအတိုင်း ကတိမတည်ခြင်းသည် ယုံကြည်မှု ဒေ၀ါလီခံရတတ်၏။
- ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းခြင်း မရှိခြင်းသည် ဂုဏ်သိက္ခာ ဒေ၀ါလီခံရတတ်၏။
- အတ္တစိတ်ဖြင့် သူတစ်ပါးကို ကြည့်လျှင် နေရောင်ကို တိမ်မည်းဖုံးသကဲ့သို့ ဖြစ်မည်။
- အတ္တစိတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် ကြည့်လျှင် မျက်စိထဲ မြူမှုန်ဝင်သကဲ့သို့ ဖြစ်မည်။
- "စာနာမှု" သည် အားကောင်းသူတို့ ရှိအပ်သည့်အရာ ဖြစ်၏။
- "ချစ်ခြင်း" သည် နှစ်ဦးနှစ်ဝ၏ စိတ်အတွင်းက လိုလားမှု ဖြစ်၏။
- "လူမှုရေး" သည် နေ့စဉ် အပြန်အလှန် ဆက်ဆံရာမှာ အခြေခံဖြစ်၏။
- မေတ္တာကို နှလုံးသားတွင် ပျိုးထောင်ရ၏။
- ချစ်ခြင်းကို အပြုအမူဖြင့် ပြရာ၏။
- မိဘများက သားသမီးအပေါ် မတွက်ကပ်တတ်။
- လူကြီးလူကောင်းသည် သိမ်ဖျင်းသူအပေါ် မတွက်ကပ်တတ်။
- အမျိုးသားများသည် အမျိုးသမီးများအပေါ် မတွက်ကပ်တတ်။
- ပါးစပ်က "အဟုတ်"၊ စိတ်က "မဟုတ်" သူကို လူအများက ကျိန်ဆဲကြမည်သာ။
- ကိုယ်ကျိုးအတွက် သူတစ်ပါးကို ထိခိုက်စေသူကို လူအများက မုန်းတီးရှောင်ရှားကြမည်သာ။
- ကမ္ဘာမြေတွင် မြစ်ချောင်းများ မရှိလျှင် ရေများ မစီးဆင်းနိုင်။
- နေအိမ်တွင် ပြတင်းနှင့် တံခါးမရှိလျှင် လေ၀င်လေထွက် မရှိနိုင်။
- လူတွင် ကြင်နာတရား မရှိလျှင် မေတ္တာတရား မစီးဆင်းနိုင်။
- ပညာတတ်လျှင် တစ်သက်လုံး လေးစားခံရတတ်၏။
- သိက္ခာရှိလျှင် အမြဲတမ်းတ သတိရခံရတတ်၏။
- အများအကျိုးပြု စွမ်းဆောင်မှုကား ခေတ်အဆက်ဆက် တေးဖွဲ့ဂုဏ်ပြု ခံရတတ်၏။
- ကိုယ်ကျိုးအတွက်သာ ပြောသောစကားကို မည်သူမျှ နားထောင်ခြင်း မပြုလို။
- အများအကျိုးအတွက် ပြောသောစကားကို လူအများ ကြားလိုကြသည်သာ။
No comments:
Post a Comment