(မေး)
မကြာမီကာလအတွင်းမှာ ပါတီတွေအနေနဲ့ ဘယ်အကြောင်းတွေကို အဓိကထားပြီး စည်းရုံးဆောင်ရွက် သင့်တယ်ဆိုတာ ပြောပြပေးပါခင်ဗျား။
(ဖြေ)
နိုင်ငံရေးပါတီတွေက အရည်အချင်းရှိပါတယ်။ အရင်တုန်းက အခြေအနေနဲ့တော့ မတူဘူး။ အရင်တုန်းက Catchword နဲ့ ရွေးကောက်ပွဲနိုင်တယ်။ လူထုကို များများစားစား ရှင်းပြဖို့ မလိုဘူး။ ကျားသေကို အသက်မသွင်းနဲ့ ဆိုတာပေါ့။ အခုကတော့ ဒါမျိုးကို ရချင်မှရမယ်။ လူထုကို စည်းရုံးတယ်ဆိုတာက Catchword တစ်ခုနဲ့ စည်းရုံးတာပေါ့။ အရှည်ကြီးတွေပြောပြီး စည်းရုံးတာက ခက်တယ်။ အခု Catchword တွေက ပေါ်တာ မကြားသေးဘူး။ ဦးနုရွေးကောက်ပွဲခေတ်ထဲက Catchword ရှိတယ်။ သူကတော့ ဘာသာရေးပေါ့။ မဆလခေတ်မှာ ရွေးကောက်ပွဲကတော့ Catchword မလိုဘူး။ ရွေးကောက်ပွဲလို့ ပြောလို့မရဘူး။ ရွေးချယ်ပွဲပဲ။ အခုကတော့ ပါတီစုံတွေ ပြိုင်ရမယ်ဆိုတော့ ဘယ်ဟာကို Catchphrase သုံးကြမယ်မသိဘူး။
(မေး)
ပါတီတွေ မဲဆွယ်စည်းရုံးတဲ့အပိုင်းက ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာ ပြောပြပေးပါ။
(ဖြေ)
မဆလခေတ်က လူကို အထက်ကရွေးချယ်ပြီး မဲထည့်ရတယ်။ A မကြိုက်လို့ B ထည့်လို့ရတာ မဟုတ်ဘူး။ ကြိုက်ရင်ပေး၊ မကြိုက်ရင် မဲမထည့်နဲ့ ဒါပဲ။ ကန်ဒီဒိတ်ရွေးချယ်ပွဲ မရှိဘူး။ အဲဒါကို Selection ခေါ်တာပေါ့။ Election မခေါ်ဘူး။ ဗဟိုဦးစီးက ကြေညာလိုက်ရင် ဒီလူက အရွေးခံရတာ အတည်ဖြစ်သွားတာပေါ့။ အခုကတော့ ရွေးကောက်တင်မြှောက်ပွဲ။ ပါတီတွေကတော့ ကိုယ်စားလှယ်တွေကို ရွေးချယ်ရမယ်။ တစ်ပါတီစနစ်တုန်းကတော့ ရွေးချယ်ထားတာကို ပြည်သူတွေက ကွန်ဖန်းလုပ်ပေးနေရတယ်။ အခုကတော့ ရွေးချယ်တာကို ပြောင်းပြန်လှန်တယ်။ ဥပမာ - A ကို မပေးဘဲ B ကို ပေးလိုက်မယ်။ ရွေးကောက်ပွဲဆိုတာက တကယ့်ဒီမိုကရေစီမှာ အံ့အားသင့်မှု ရှိရမယ်။ Election Without Surprise ဆိုတဲ့ဟာက မဲလိပ်အစုံထားတဲ့ဟာ။ တို့မြန်မာပြည်က အတွေ့အကြုံ သုံးခုလောက် ရှိခဲ့တယ်။ ဦးနုလက်ထက်ကနေ ပါလီမန်ဒီမိုကရေစီ ပြီးတော့ ဆိုရှယ်လစ်ဒီမိုကရေစီ။
(မေး)
ဒီနှစ်ရွေးကောက်ပွဲ အခြေအနေကို အရင်ခေတ်တွေ၊ ၁၉၉၀ ပြည့်နှစ်တွေနဲ့ နှိုင်းယှဉ်ပြပေးပါခင်ဗျား။
(ဖြေ)
အဘ ဒါတွေ မစဉ်းစားဘူး။ လက်တွေ့ကျကျပဲ သုံးသပ်တယ်။ Big Idea တွေ။ အရင်းနိမ့်နေတဲ့ခေတ်က ရီရယ်လတီပဲ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ထူးခြားတာက ကွန်စတီကျူးရှင်း မရှိဘူး။ အဲဒီတော့ ချဉ်းကပ်ပုံချဉ်းကပ်နည်း၊ လ်ုပနည်းကိုင်နည်းတွေက ကျကျနန ဖြစ်သွားပြီ။ အဲဒီတော့ ခွင်ကို ကြည့်တဲ့အခါ အဓိက,ကတော့ အကန့်အသတ်တွေ၊ အချုပ်အချယ်တွေကို အဓိကထား ကြည့်မလား သို့မဟုတ် အခွင့်အလမ်းကို စဉ်းစားမလား။ အခုက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ကိုယ်ဖြစ်ချင်တဲ့ကွင်းနဲ့ စကားချင်တဲ့ခေတ်က ကုန်ပြီ။ လက်တွေ့ကို စဉ်းစားကြည့်မှ အောင်မြင်မယ်။ အခက်အခဲက ဘာရှိလဲ၊ ခြားနားချက်က ဘာရှိမလဲ၊ အခွင့်အလမ်းက ဘာရှိမလဲ ဒါကို ဘယ်လိုတိုးဝင်မလဲ ဒါပဲ။ ကိုယ်ဖြစ်ချင်တဲ့ အခင်းအကျင်းနဲ့ ကစားနိုင်ဖို့ အခွင့်အလမ်း မရှိဘူး။ အုပ်ချုပ်သူက ချပေးတဲ့ခွင်နဲ့ ကစားရမှာပဲ။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ နိုင်ငံရေးကစားလို့ မရဘူး။ ဥပမာ - စစ်တပ်က Sponsor လုပ်ပေးတဲ့ဟာနဲ့ ကစားရမယ်။ ရွေးကောက်ပွဲပြီးရင် လွှတ်တော်နိုင်ငံရေး ပေါ်လာမယ်။ အပြောင်းအလဲက ဘာကို အပြောင်းအလဲ ဖြစ်လာမလဲ။ စစ်အစိုးရကနေ လွှတ်တော်နိုင်ငံရေး ပေါ်လာမယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးက ပြဋ္ဌာန်းစာအုပ်ကြီးတွေထဲက ပါလာတဲ့အတိုင်း ဖြစ်လာတာမဟုတ်ဘူး။ (၁) ပြီးရင် (၂) လာတယ် ဆိုတာမျိုး ရှိချင်မှ ရှိမယ်။ မျဉ်းက မညီဘူး။ အဲဒီတော့ စင်းလုံးချောစဉ်းစားပြီး သမားရိုးကျ စဉ်းစားတာမျိုးကိုက စိတ်ကူးယဉ်တာ။ အခုက Out Come (ရလဒ်)ကို အခြေခံပြီး ကြည့်တဲ့အမြင် ရှိတယ်။
(မေး)
ကိုယ်စားလှယ်လောင်းတွေကို မဲဆန္ဒရှင်အနေနဲ့ ဘယ်အချက်အလက်တွေကြည့်ပြီး မဲထည့်သင့်သလဲ။
(ဖြေ)
ဒါကို အဓိကထားလို့ မရဘူး။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပဲ။ ကမ္ဘာ့စံတွေက ဒီမှာ အသုံးမ၀င်ဘူး။ ဒီမှာက Local Narrative ပဲ။ ဒေသစံနဲ့ပဲ လုပ်မယ်။ အခုက Change ကို ကြည့်တဲ့အခါ Systematic Change ကို ကြည့်တယ်။ ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရရှိတယ်။ ရွေးကောက်ပွဲပြီးတာနဲ့ ပါလီမန်ပေါ့လတစ် ပေါ်လာမယ်။ လွှတ်တော်နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာတာကိုက Major Change ပဲ။ ပါလီမန်နိုင်ငံရေးဆိုတာက မြန်မာပြည်မှာ ပေါ်ခဲ့ပြီးပြီ။ ပါတီစုံလွှတ်တော် နိုင်ငံရေးကို ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်က ဖြိုခဲ့တယ်။ အခုက ပါတီစုံလွှတ်တော်နိုင်ငံရေး ပေါ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ပြန်သွားတာ မဟုတ်ဘူး။ အခုက စစ်တပ်က ၂၅ ရာခိုင်နှုန်းပါတယ်။ အဲဒါကို ဘယ်လိုရင်ဆိုင်ပြီး ဘယ်လိုကစားမလဲ။ ရွေးကောက်ပွဲမှာ အရေးကြီးတာက ခွင်သစ်ကို Management ကောင်းကောင်း လုပ်နိုင်တဲ့သူ၊ အမြော်အမြင်ရှိတဲ့သူ ဖြစ်ဖို့လိုတယ်။ Morality နဲ့ အသိဉာဏ်ဗဟုသုတထက် အရှည်ကို မြင်ဖို့လိုတယ်။ အဲဒီလိုမျိုးရှိမှ တိုးတက်မယ်။ ရေရှည်မြော်တတ်၊ တွေးတတ်၊ ခေါ်တတ်တဲ့လူ ရှိဖို့လိုတယ်။ ရှေ့မှာ ဘယ်လိုပြောင်းမယ်ဆိုတာကို မခန့်မှန်းနိုင်ဘူး။ အခြားနိုင်ငံတွေရဲ့ အခြေအနေတွေနဲ့လည်း ထည့်တွက်လို့မရဘူး။ တခြားနိုင်ငံတွေနဲပလည်း နှိုင်းလို့မရဘူး။ ချိန်ခွင်လျှာက သုံးခုဖြစ်လာတယ်။ သမားရိုးကျ ချိန်ခွင်လျှာက ဥပဒေပြုလွှတ်တော်ရယ်၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးရယ် Balance ဖြစ်ရမယ်။ အရပ်ဘက်နဲ့ စစ်ဘက်မျှခြေ Balance ကိုက်ရမယ်။ နိုင်ငံရေးအင်အားစုတွေ Balance ကိုက်ရမယ်။ အဲဒီ Balance ကို ထိန်းနိုင်အောင် ညှိနှိုင်းဖို့လိုတယ်။ မဲဆန္ဒရှင်က Emotion နဲ့ ဆုံးဖြတ်တယ်။ ကိုယ်စားလှယ်လောင်းတွေက Knowledge နဲ့ ဆုံးဖြတ်တယ်။ Emotion နဲ့ လူထုက ရွေးကောက်တဲ့သူ Government ကောင်း ပေါ်နိုင်လား၊ မပေါ်နိုင်ဘူးလား။ ဒီမိုကရေစီဆိုတာက အစိုးရကောင်းကို မွေးထုတ်ပေးနိုင်ရမယ်။ ဒီမိုကရေစီဆိုပြီး အစိုးရဆိုး အစိုးရအညံ့စားတွေကို မွေးထုတ်လို့ မရဘူး။
ပြည်သူက သူ့ဘာသာသူ ဆုံးဖြတ်တဲ့အခါကျတော့ ဆုံးဖြတ်တာ နှစ်မျိုးရှိတယ်။ ကိုယ်စားလှယ်လောင်းတွေက တင်ပြတဲ့အခါ Knowledge နဲ့ တင်ပြမယ်။ အသိပညာပိုင်းနဲ့ လှုံ့ဆော်ပြီး တင်ပြတယ်။ လူထုက ဆုံးဖြတ်တာတော့ Emotion နဲ့ ဆုံးဖြတ်တယ်။ မဲဆန္ဒရှင်တွေက လက်တွေ့ခံစားချက်ကို ပြောမယ်။ မဲဆန္ဒရှင်တွေရဲ့ စိတ်ဓာတ်ကို Emotion နဲ့ စဉ်းစားတယ်။ ကိုယ်စားလှယ်လောင်းက Knowledge နဲ့ စဉ်းစားတယ်။ လူထုရဲ့ Emotion ကို မြှင့်တင်မလား၊ ကိုယ်စားလှယ်လောင်းရဲ့ Knowledge ကို အောက်ဆွဲချမလား။
နိုင်ငံရေးပါတီတိုင်းကတော့ တိုင်းပြည်ကောင်းစားရေး၊ လူထုကောင်းစားရေးဆိုပြီး ပြောနေကြတာပဲ။ ဒါတွေက ကလီချေး (Cleache) တွေ ဖြစ်လာပြီ။ အခုအချိန်မှာ ဘယ်ပါတီကမှ လူထုအတွက် အကောင်းဆုံး လုပ်တယ်ဆိုတာကို အစမ်းသပ် မခံရသေးဘူး။ အကုန်လုံးကတော့ အကြမ်းထည်တွေပဲ ရှိတယ်။ လူထုကို "အ" တယ်လို့ မထင်နဲ့။ လူထုကို ပညာပေးတယ်ဆိုတာ မီဒီယာပဲရှိတယ်။ ကာလက တိုတယ်။ ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေအနေနဲ့ကတော့ သိပ်မလုပ်နိုင်ဘူး။ သူတို့က အကန့်အသတ်တွေနဲ့ လုပ်နေရတယ်။
(မေး)
နောက်တက်လာမည့် အစိုးရအနေနဲ့ အစိုးရကောင်းဖြစ်ဖို့ ဘာတွေလိုအပ်မလဲ။
(ဖြေ)
အစိုးရကောင်းဆိုတာကတော့ စောစောကပြောတဲ့ ချိန်ခွင်လျှာသုံးခုကို ထိန်းနိုင်တဲသူ ဖြစ်ရမယ်။ Populism မဖြစ်ရဘူး။ အဓိပ္ပါယ်ကတော့ လူပြိန်းကြိုက်ပြောပြီး ရွေးကောက်ပွဲတက်တာမျိုး မဖြစ်သင့်ဘူး။ ဒီမှာက Populism က မှုန်ဝါးနေပြီး အိုင်ဒီရော်လော်ဂျီနဲ့ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်ကတော့ ရူးလို့ပဲဖြစ်မယ်။ Emotion နဲ့ ဖြစ်တဲ့ Issue တွေ ကိုင်ရမယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် Issue ပေါ် အခြေခံခြင်း၊ ပုဂ္ဂိုလ် (Personality) ပေါ် အခြေခံခြင်း၊ မူဝါဒပေါ်အခြေခံခြင်း သုံးမျိုးရှိတယ်။ အခုက ဒီမိုကရေစီကို သွားလို့လွယ်တဲ့ Issue ကို ကိုင်ရမယ်။ လက်တင်အမေရိကမှာတောင် လူပြိန်းကြိုက်ပြောတဲ့ Issue တွေက ခေတ်ကုန်သွားပြီ။
(မေး)
မကြာခင် ထွက်ပေါ်လာမည့် ရွေးကောက်ပွဲရဲ့အဖြေအပေါ် ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
(ဖြေ)
ရွေးကောက်ပွဲကို ဘယ်သူနိုင်မလဲဆိုတဲ့ တွက်နည်းက သုံးနည်းပဲရှိတယ်။ (၁) သူတို့နိုင်မှာပါလို့ ပြောပြောနေတာ။ (၂) မမျှော်လင့်သော အကျိုးဆက်။ (၃) မြေပြင်အခြေအနေအတိုင်း ပေါ်လာတဲ့ Result ပေါ့။ အဲဒီသုံးနည်းက ဘယ်နည်းနဲ့ပေါ်မလဲ မသိသေးဘူး။ လွှတ်တော်သုံးရပ်ထဲမှာ တစ်ပါတီထဲက ကြီးစိုးတဲ့ပုံစံ ပေါ်မလား၊ လွှတ်တော်သုံးရပ်မှာ ပါတီတွေက Balance မျှနေမလား၊ ပေါ်လာမယ့် လွှတ်တော်သုံးရပ်ရဲ့ Profile ကို ခန့်မှန်းတတ်ဖို့ လိုတယ်။ အဲဒီပေါ် မူတည်ပြီးတော့ ပါလီမန်နိုင်ငံရေး ပေါ်လာမယ်။ အခု ပါတီ ၄၇ ပါတီဆိုတော့ ပါတီတွေကများပြီး လွှတ်တော်က သုံးခုဆိုတော့ တွဲလောင်းတွေ ဖြစ်နိုင်တယ်။ သဘောက အင်အားတွေ မျှနေနိုင်တယ်။ အခု ဒီ Structure မှာ အာဏာလှည့်ပေးတာတို့၊ ပြောင်းပေးတာတို့ မျှော်လင့်တာပေါ့။ အခုက ပါဝါကို လှည့်ပေးရမယ်။
No comments:
Post a Comment