Thursday, September 16, 2010

အကောင်းဆုံး ယတြာများ


lcukythings.png
  • ငယ်စဉ်အခါ ပညာသင်ချိန်မှာ ပညာရေး တစ်ခုတည်းကို ရှေးရှုပြီး စိုက်စိုက်သွားခြင်းဟာ နောင်ရေး စိတ်အေးရဖို့အတွက် အကောင်းဆုံးယတြာပါ။
  • အခွင့်အလမ်း ပေါ်လာတဲ့အခါ လုံ့လ၀ီရိယကို ရှေ့တန်းတင်ပြီး အမိအရ ဆုပ်ဖမ်းလိုက်ခြင်းဟာ အောင်မြင်ကြီးပွားဖို့အတွက် အကောင်းဆုံးယတြာပါ။
  • လိုသလောက် ရှာဖွေလို့ မရတဲ့အခါ ရသလောက်နဲ့ ရောင့်ရဲနိုင်အောင် မိမိစိတ်ကို ဆုံးမတာဟာ မြတ်စွာဘုရားရဲ့ မင်္ဂလာတရားတော်နဲ့အညီ ကျင့်သုံးနိုင်ဖို့အတွက် အကောင်းဆုံးယတြာပါ။
  • ကြိုတင်ပြီး သံဝေဂယူခြင်းဟာ တုန်လှုပ်စရာ တစ်စုံတစ်ရာကို ကြုံလာတဲ့အခါ အထူး မတုန်လှုပ်ဖို့အတွက် အကောင်းဆုံးယတြာပါ။
  • သူ့ဘက်ကိုယ့်ဘက် မျှမျှတတ ကြည့်တာ၊ စဉ်းစားတာ၊ လုပ်ကိုင်တာဟာ ရှေရှည်လက်တွဲနိုင်ဖို့အတွက် အကောင်းဆုံးယတြာပါ။
  • မနိုင်တဲ့ ၀န်ကို မထမ်းတာဟာ အသက်ရှည်ဖို့အတွက် အကောင်းဆုံးယတြာပါ။
  • မိမိကိုယ်ကိုယ် အမှန်ရှုထောင့်က ဝေဖန်သုံးသပ်တာဟာ ဆက်လျှောက်ရမယ့် ဘ၀ခရီးအတွက် ပန်းခင်းလမ်းဖြစ်ဖို့ အကောင်းဆုံးယတြာပါ။
  • ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀ခရီးရဲ့ အမှားများကို သုံးသပ်ပြီး ချက်ချင်း ပြုပြင်သွားတာဟာ ရှေ့ခရီး ချောမောစေဖို့အတွက် အကောင်းဆုံးယတြာပါ။
  • ကျန်းမာရေးကို ယိုယွင်းစေတဲ့ အပျော်အပါး လိုက်စားမှုကို ရှောင်ရှားတာဟာ သက်ရှည်ကျန်းမာဖို့အတွက် အကောင်းဆုံးယတြာပါ။

No comments:

Post a Comment

 
Web Statistics