(၁)
အထူးစုံထောက်လူ (၃)ဦး အထူးစုံထောက်သင်တန်း တက်နေကြသည်။ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သင်တန်းပြီးဆုံးသည့်နေ့တွင် သင်တန်းဆရာက စားပွဲပေါ်တွင် သေနတ်တစ်လက်တင်၍ ပထမအမျိုးသားအား "ရော့၊ ဒီမှာ သေနတ်၊ နောက်ကအခန်းမှာ မင်းမိန်းမရှိတယ်။ သူ့ကို သွားပစ်ချေ" ဟု ပြောလိုက်၏။ ပထမအမျိုးသားမှာ ချုံးပွဲချငိုလေရာ ၎င်းအား အိမ်ပြန်ပို့လိုက်ပါတော့သည်။ နောက်အမျိုးသားအားလည်း ယင်းသို့ပင် စေခိုင်းရာ အမျိုးသားက အခန်းထဲဝင်သွားပြီး "ကျွန်တော် သူ့ကို မပစ်ရက်ဘူးဗျာ" ဟု ပြောပြီး ပြန်ထွက်လာ၍ ၎င်းလည်း အိမ်ပြန်ရပါလေတော့၏။ နောက်ဆုံး အမျိုးသမီးအလှည့် ရောက်လာသောအခါ အမျိုးသမီးက အခန်းထဲ တန်းဝင်သွားသည်။ အခန်းထဲမှ ၀ုန်းဒိုင်းအသံများလည်း ထွက်လာ၏။ ခဏအကြာတွင် အမျိုးသမီး ပြန်ထွက်လာရာ "သေနတ်က ကျည်ဆန်အတုတွေပဲ ပါတာပဲ။ ဒါနဲ့ ကျွန်မလည်း ယောက်ျားကို တွေ့ရာခုံနဲ့ ကောက်ရိုက်ခဲ့တယ်" ဟု ပြောပါလေ၏။
(၂)
(၃)
ကော်ဖီပင်စင်စား အဘိုးကြီးလေးဦး စကားဝိုင်းဖွဲ့ကြသည်။
ပထမပုဂ္ဂိုလ် - ကျန်းမာရေးက အရင်လို မဟုတ်တော့ဘူးဗျာ။ ကော်ဖီခွက်ကိုတောင် တော်တော်အားစိုက်ပြီး "မ"နေရတယ်။ မသန်တော့ဘူးဗျို့။
ဒုတိယပုဂ္ဂိုလ် - ကျုပ်လောက် မဆိုးပါဘူးဗျာ။ ကျုပ်ဆို ကော်ဖီခွက်ကိုတောင် မမြင်ရတော့ဘူး။ အမြင်အာရုံ ကျသွားပြီဗျ။
တတိယပုဂ္ဂိုလ် - ကျုပ်က ပိုဆိုးတယ်။ သူများတိုက်တဲ့ ကော်ဖီကို အသင့်သောက်နေရပေမယ့် မျိုလို့ မရတော့ဘူး။ မျိုလို့ရခဲ့ရင်လည်း သိပ်မကြာခင် သွေးတိုးတော့တာပဲ။ အတွင်းအင်္ဂါတွေ ပျက်ကုန်ပြီ ထင်ပါရဲ့။
စတုတ္ထပုဂ္ဂိုလ် - ခင်ဗျားတို့တွေ စကားပြောရင် ကျယ်ကျယ်ပြောကြပါဗျာ။ အခု ခင်ဗျားတို့ ပြောနေတဲ့ကိစ္စကို ဗဟိုက သိသွားရင် ဒုက္ခရောက်သွားနိုင်တယ်။ သူတို့က ဝေဖန်မှာ ကြောက်နေတာကို ခင်ဗျားတို့ သိသားပဲဟာ။ ဟုတ်ဖူးလား။ "ဟေ့ ချာတိတ်၊ အန်ကယ့်အတွက် ကော်ဖီတစ်ခွက်"။
(၄)
(၅)
သ၀န်တိုလွန်းသူရယ်ဂျက်ရဲ့မိန်းမက အရမ်းကို သ၀န်တိုတတ်ပါတယ်။ ဂျက်ကို ဘယ်သွားသွား၊ ဘယ်လာလာ စိတ်မချတတ်သလို အမြဲတမ်းလည်း ကွယ်ရာမှာ တခြားမိန်းကလေးတွေနဲ့ ခြေရှုပ်နေပြီလားလို့လည်း အမြဲသံသယ ဖြစ်တတ်ပါတယ်။
တစ်ရက်တော့ ဂျက်က အိမ်ပြန်နောက်ကျပါတယ်။ ဒါနဲ့ မိန်းမဖြစ်သူက ဂျက်ရဲ့ ကုတ်အင်္ကျီကို အသည်းအသန်တောင်းပြီး မိန်းမဆံပင် တွေ့လိုတွေ့ငြား ရှာပါတော့တယ်။
ဆံပင်ချည်တစ်မျှင်မှ မတွေ့လို့ ဂျက်က စိတ်အေးသက်သာသွားချိန်မှာ သူ့မိန်းမက သ၀န်တိုတတ်သူပီပီ ဒေါသတကြီး ဆိုလိုက်တာက "ရှင် ကျွန်မကွယ်ရာမှာ ကတုံးမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ် မဟုတ်လား..." တဲ့။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်တွေကို အမောပြေ၊ အပန်းပြေစေဖို့နဲ့ တစ်ပတ်တာရဲ့ အစဦးဆုံးနေ့မှာ ပြုံးပျော်ရွှင်လန်းစွာနဲ့ လုပ်ငန်းတာဝန်တွေ စတင်နိုင်စေဖို့ ရတတ်သမျှ စုစည်းပြီး ဝေမျှလိုက်တာပါ။ ကျေနပ်ပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေဗျာ။အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၁၉ မိနစ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ ရက်၊ တနင်္လာနေ့။
နံနက် ၁၁ နာရီ ၁၉ မိနစ်။
No comments:
Post a Comment