ခုတ်ရာတခြား ရှရာတခြား
“သာသနာကို အားပေးနေတယ်” ဆိုတဲ့သူတွေကလည်း စဉ်းစားကြဖို့ ကောင်းပြီ။ ကိုယ့်အလုပ်တွေဟာ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်မဖြစ်၊ အကျိုးသက်ရောက်မှု ရှိမရှိ စိစစ်ဖို့ လိုကြပါတယ်။ ဒါတွေ ဒါတွေကြောင့် သာသနာတော်ကြီး တိုးတက်လာတယ်ဆိုလျှင် တော်သေး၊ ခုတော့ မဟုတ်ဘူး။ လမ်းမှားလိုက်မိနေကြတော့ အဆင့်အတန်း မြင့်ကြရမည့်ဟာ မမြင့်ဘဲ တဖြည်းဖြည်း နိမ့်ကျလာနေတယ်။ ဘုန်းကြီးကတော့ (မူ)ပြောင်းရမယ်လို့ မြင်နေလို့ မလျှော့တမ်း ကြိုးစားနေတာပဲ။
မလုံတဲ့အိုး
ဘုန်းကြီးရဲ့ဝါဒက သူများတွေ ဘယ်လောက်ပဲပြောပြော ပြောကြပါစေ၊ ကိုယ်အနေမှန်ဖို့ပဲ လိုတယ်။ အလုပ်နဲ့ သက်သေပြမယ်။ အဲဒီလို ခံယူထားပြီး ပြုံးပြုံးပဲ။ သူတို့က မသိလို့ ပြောနေကြတာ။ စိတ်ထားသေးသိမ်းတဲ့သူ၊ အလုပ်သေးသိမ်တဲ့သူဆိုတာ အရာရာ သေးသိမ်သွားတတ်တယ်။ စိတ်နေစိတ်ထား နုံ့လျှင် အဲဒီစိတ်ဓာတ်က ကိုယ့်ဘ၀ကို ပြန်နှစ်တာပဲ။ နိမ့်သွားစေနိုင်တယ်။ တခြားက လာနှစ်တာ မဟုတ်ဘူး။ ပခုက္ကူဆရာတော်ကြီးက ဘုန်းကြီးတစ်ပါးကို ပြောတယ်။ “အိုးကွဲထဲ ရေးထည့်ထားလို့ မလုံဘူးနော” တဲ့။ ဟုတ်သားပဲ၊ မလုံတဲ့အိုးဆိုတာ လုံကိုမလုံဘူး။ လုံတဲ့အိုးမှ ရေထည့်ထားလို့နေတာ။
Tuesday, September 14, 2010
လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်
Posted by Ko Nyan Posted Time 10:08 AM
Labels ဘာသာရေး-Religious, အဆိုအမိန့်များ-Motto, အောင်မြင်ရေး-Success
Subscribe to:
Post Comments (Atom)
No comments:
Post a Comment