ကရွတ်ပေါ်တွင် ကင်းလျှောက်သောအခါ အဆုံးမရှိ လည်၍သာနေသည်ကို တင်စား၍ဆိုသည်။
စေးနဲသည်။
ဤစကားမှာ ပါဠိနှင့်ဆင်သော်လည်း ပါဠိမဟုတ်ချေ။ ကတ္တရာစေးသည် စေးကပ်တတ်သဖြင့် ဥပစာတင်ကာ ဆင်ခြေဆင်လက် စသည်ကဲ့သို့ စကားဖက်ထည့်၍ ပြောခြင်းဖြစ်သည်။ ကတ္တရာ၊ ကတ္တရေဟူ၍လည်း ဆိုနိုင်ဖွယ်ရှိသည်။"က" ကို ရေးထားရာ မလိုသူက လိုက်၍ ဖျက်ပစ်သောအခါ "က" ကို ပက်လက်လှန်၍ "ယ" အဖြစ် တစ်ဖန်ရေးသားပြန်သော အခါလည်း လိုက်၍ပင် ဖျက်ပစ်ပြန်သည်ကို ပမာပြု၍ မည်သို့မျှ မနှစ်သက်ဘဲ ဖျက်လိုဖျက်ဆီး မလွတ်တမ်း နှောင့်ယှက်သည်ကို တင်စားဆိုသည်။
အချို့က "က" ကို ဖျက်လျှင် "ယ" ပါ ပျက်သည်ဟု ဆိုကြသေးသည်။ ဤသို့ဆိုလျှင် တစ်ခုပျက်က အခြားဆက်စပ်သော အက္ခရာများလည်း တစ်ပါတည်း ပျက်ရသည်ဟု တင်စား၍ ဆိုရာရောက်သည်။
ညွှတ်၊ ပိုက်ကွင်း၊ ခြေမန်းကွင်း၊ လုံကွင်း စသည်တို့ကဲ့သို့ ၀ိုင်းဖွဲ့ချုပ်ထားသော အနှောင်အဖွဲ့မျိုး တစ်ခုခုမှ အငြိအတွယ်မရှိ လုံးဝ ကင်းလွတ်ပုံကို ပမာပြုလျက် ပြစ်မှုပြစ်တင် စွပ်စွဲမှု စသည်တို့မှ လွတ်ကျွတ်ခြင်းကို တင်စားသုံးနှုန်းကြသည်။
ကြက်များသည် အတော်အသင့် ဝေးလောက်အောင် ပျံနိုင်သည်ဖြစ်ရာ၊ ပရိသတ်သည် ကြက်၏ တစ်ခါပျံ အကွာအဝေးအတွင်း ပြည့်ကြပ်လျက်ရှိသဖြင့် ကြက်သည် ထိုအတောအတွင်း၌ မကျနိုင်တော့ဘဲ မိမိအင်အား ရှိသလောက် တစ်ကြိမ်ပြုနိုင်မည့် အကွာအဝေးသို့ အရောက် ပျံသန်းသွားရလောက်အောင် စည်ကားသည်ဟု တင်စားဆိုသည်။ ကြက်တစ်ပျံ အကွာအဝေး တစ်ပတ်လည် ပရိသတ်ပြည့်မျှ စည်ကားသည်ဟု ဆိုလိုသည်။
ငါးရံ့အရှင်ကို ပြာပူထဲသို့ ထည့်လိုက်သောအခါ တဖျတ်ဖျတ် လှုပ်ရှားလူးလွန့်နေသည်ကို အစွဲပြု၍ တစ်စုံတစ်ရာ လိုချင်တမ်းတသောအခါ နေမသိ ထိုင်မသာ လှုပ်ရှားတက်ကြွလျက် အငြိမ်မနေနိုင်ရှိသည်ကို ဆိုသည်။
စကားရော ဖောရော (လုပ်သည်)
မသိသာစေဘဲ ပြုသည်။ တစ်စုံတရာ အာရုံပျောက်အောင် စကားဖြင့် လှည့်ပတ်ဆွဲဆောင်ပြောသည်။ စကားအမှန်မှာ စပါးရော ဖွဲရောသာ ဖြစ်သည်။
စပါးရောင်းရာတွင် အိတ်ထဲ၌ စပါးရော ဖွဲရော လုံးထွေးရောနှော၍ ထည့်လိုက်ပုံကို တင်စား၍ စပါးလိုလိုနှင့် ဖွဲပါ ပါသွားစေသည့်နည်းတူ စကားပြောနေသယောင်ဖြင့် မိမိလိုရာကိစ္စကို တစ်ဖက်သား မသိမိစေဘဲ အမှတ်မထင် ရောပြွမ်းဆောင်ရွက်ခြင်းမျိုးတွင် သုံးနှုန်းသည်။မသိသာစေဘဲ ပြုသည်။ တစ်စုံတရာ အာရုံပျောက်အောင် စကားဖြင့် လှည့်ပတ်ဆွဲဆောင်ပြောသည်။ စကားအမှန်မှာ စပါးရော ဖွဲရောသာ ဖြစ်သည်။
သစ်ပင်စိုက်သောအခါ တည့်မတ်အောင် စိုက်ပျိုးရလေရာ၊ စိုက်ထားသည့်အလိုက် အစဉ်မတ်မတ်ပင် ရှိနေပုံကို စွဲ၍ မယိမ်းမယိုင် မပြိုမလဲဘဲ တသမတ်တည်း ပြုလုပ်ခြင်းကို တင်စား၍ ဆိုကြသည်။
No comments:
Post a Comment