သူတော်ကောင်းတို့ရဲ့ သတ္တိ
လူတစ်ယောက် သတ္တိရှိတယ်ဆိုတာ တစ်ဖက်သားကို လက်သီးနဲ့ ထိုးမှ၊ တုတ်နဲ့ချမှ မဟုတ်ဘူး။ ဒါက လူမိုက်တို့ရဲ့ အမူအရာပဲ။ အမှန်က အခုလို သည်းခံခြင်းတရားနဲ့ ပြည့်စုံပြလိုက်မှသာ သတ္တိအစစ်၊ သူတော်ကောင်းတို့ရဲ့ သတ္တိ၊ မှတ်ထားကြစမ်းပါ။ ဒေါသရှေ့ထားပြီး မခံချင်တရားနဲ့ တုံ့ပြန်လိုက်လျှင် အဲဒါ ကိုယ့်ဘက်က အပြတ်အသတ် ရှုံးတော့တာပဲ။ ဘုရာဟောလည်း ရှိပေသားပဲ။ "ရန်ကို ရန်ချင်း မတုံ့လျဉ်းနဲ့" တဲ့။ "ဆဲရေးလာသူကို ကိုယ်က ပြန်၍မဆဲခြင်းဖြင့် အောင်နိုင်ရာ၏" တဲ့။ ဒါတွေကို အသုံးပြုကြစမ်းပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ကျင့်သုံးစေချင်လို့ ဟောထားတာ။ ဒါကြောင့် လူတစ်ဦးရဲ့ သတ္တိဟာ "သည်းခံခြင်းတရား" လို့ ပီပီသသကြီး မှတ်သားထားလိုက်ကြစမ်းပါ။
အစားသွင်း
တရားနဲ့ နေတဲ့သူဆိုတာ ပူလောင်မှုတွေ ခွါရပါမယ်။ လောဘ ဒေါသ မာန်မာန ဣဿာ မစ္ဆရိယ စတဲ့ အကုသိုလ်တွေဟာ ပူလောင်တဲ့ မီးခဲတွေပဲ။ ဒါတွေကို နည်းနိုင်သမျှ နည်းအောင် ပါးနိုင်သမျှ ပါးအောင် ခွါထား။ အဲဒီ နေရာတွေမှာ အေးချမ်းတဲ့ ကုသိုလ်စိတ်တွေ အစားသွင်း၊ ဒီနည်းနဲ့ အေးချမ်းမှုရအောင် လေ့ကျင့်ယူရမှာပဲ။
တစ်ပြားသားမျှ မလျှော့ဘဲ
ဒီသာသနာကို လူရော ရှင်ရော အားလုံးက ၀ိုင်းပြီး ထိန်းထားကြမှသာ ကြာရှည်ခံနိုင်မှာပါ။ မလျှော့လိုက်ကြပါနဲ့၊ တစ်ပြားသားမျှ မလျှော့ဘဲ ဇွဲနဲ့ ထိန်းလိုက်ကြစမ်းပါ။
Friday, September 17, 2010
လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်
Posted by Ko Nyan Posted Time 8:00 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment