ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။
တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။
နာပြီး ကျင့်မှ နိဗ္ဗာန်ရ
မြတ်စွာဘုရား ကောင်းစွာသေချာဟောထားတဲ့
တရားဒေသနာတွေကို
ကောင်းစွာနာကြားပြီး
အဲဒီတရားနဲ့အညီ
သေချာကျင့်ကြံတဲ့သူတွေသာ
ကူးမြောက်နိုင်ဖို့ ခဲ့ယဉ်းတဲ့
သေမင်းရဲ့နေရာ
သံသရာဒီဘက်ကမ်းကို
ကူးမြောက်ကျော်လွန်ပြီး
နိဗ္ဗာန်တည်းဟူသော
တစ်ဖက်ကမ်းကို
ဆိုက်ရောက်နိုင်ကြပါတယ်။
Tuesday, October 05, 2010
ဓမ္မပဒဂါထာ (၈၆)
Posted by Ko Nyan Posted Time 12:48 AM
Labels ဓမ္မပဒ, ဘာသာရေး-Religious
Subscribe to:
Post Comments (Atom)
No comments:
Post a Comment