Saturday, October 09, 2010

ဓမ္မပဒဂါထာ (၁၀၁)


သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

တစ်ပုဒ်ဆိုတစ်ပုဒ် ငြိမ်းအေးပါစေ
အကျိုးမရှိတဲ့
စကားလုံးတွေနဲ့
ဖွဲ့စည်းတည်ဆောက်ထားတဲ့
ဂါထာပုဒ်တွေ
အပုဒ်ပေါင်းတစ်ထောင်
ရှိနေပါစေ...
လုံးဝ မမြတ်ပါဘူး။
ကြားလိုက်ရတာနဲ့
စိတ်ထဲမှာ
ကိလေသာငြိမ်းအေးသွားစေတဲ့ ဂါထာမျိုး၊
အကျိုးရှိတဲ့ ဂါထာမျိုးကတော့
တစ်ပုဒ်တည်းဖြစ်ပါစေ...
မြင့်မြတ်လှပါတယ်။

No comments:

Post a Comment

 
Web Statistics