Wednesday, October 13, 2010

ကြုံရမယ့်ဗျာပါ - အမည်မသိရှေးစာဆို


ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောက်မတို့လေ။ ငါ့ကိုကွယ်၊ အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊ အိမ်လေးထောင့်မှာ၊ ဆူးတွေချလျက်၊ မျက်နှာငယ်မှ စေ့စုံ၊ လှေကားခုံမှာ၊ ဂဠုန် မောင့်ကြောင့်စောင့်တော့တယ်။ လှေကားဦးမှာ၊ ဘီလူး မောင့်ကြောင့်စောင့်တော့တယ်။ လှေကားခြေမှာ၊ ဆူးလေ မောင့်ကြောင့်ကြဲတော့တယ်။ အိမ်တိုင်တိုင်းမှာ၊ နွားရိုင်း မောင့်ကြောင့်ချည်တော့တယ်။ ထရံကြားမှာ၊ ဓားသွား မောင့်ကြောင့်ထားတော့တယ်။ အိမ်ကြမ်းကြားမှာ၊ အပ်သွား မောင့်ကြောင့်စီတော့တယ်။ အိမ်မိုးခေါင်မှာ၊ လှံထောင် မောင့်ကြောင့်စိုက်တော့တယ်။ မောင်လဲ ဘယ်ကတက်ပမယ်၊ မယ်လဲ ဘယ်က ဆင်းရမယ်။ ကြွက်ကဲ့အယောင် ကြောင်ရဲ့အလား၊ ထုပ်နှင့်လျောက်ကို၊ တိုးဖောက်သွားက၊ ထုပ်သားငယ်မှမခိုင်၊ ထုပ်တိုင်ငယ်မှပိုးထိုး၊ အလယ်ကောင်မှာ၊ ဖောင်ဖောင်ကျိုးက၊ သူခိုးဆိုညွှန်း၊ မီးတင်ထွန်းလို့၊ ၀န်းကြသော့ခါ၊ ဆင်းချခုန်၊ လမ်းဆုံရောက်ပါလိမ့်မလားရှင်။ ညီမအထွေး၊ ရွှေတလေးကို၊ ပြေး၍ကြည့်ချေ၊ စေလေသော့ခါ၊ အမယ်မမ၊ ကျွန်မခဲအို၊ မြင်ငဲ့ငါတို့၊ ရွာလယ်ကောင်တွင်၊ ခုတင်ကြီးမှာ၊ စောင်းတီးလို့လေး။

No comments:

Post a Comment

 
Web Statistics