Wednesday, October 13, 2010

ဥပဒေသိက လူရေးလှ - ဦးကျော်ဇေယျ


အမေး။
မိဘသြဇာ မနာခံ၊ မိဘကို တော်လှန်ပြီး ရန်သူကဲ့သို့ ပြုကျင့်သောသားသမီး (ခွေးနှင့်တူသော သားသမီး၊ သွာနုတ္တ သားသမီး) သည် မိဘ၏အမွေကို ဆက်ခံခွင့်ရှိသလား။
အဖြေ။
မိဘ၏အမွေကို မဆက်ခံနိုင်။


အမေး။
မိခင်ဖြစ်သူသည် သားသမီးသုံးယောက်အား လယ်မြေများကို စာချုပ်ပြုလုပ်၍ ပေးသည်။ စာချုပ်တွင် ပေးသူ မိခင် သေဆုံးသောအခါ အတည်ဖြစ်စေရမည်ဟု ပါရှိသည်။ ယင်းပေးကမ်းခြင်းသည် အတည်ဖြစ်သလား။
အဖြေ။
စာချုပ်တွင် ပေးသူမိခင် သေဆုံးသောအခါ အတည်ဖြစ်ရန်ဆိုသော စည်းကမ်းချက်တစ်ခု ပါရှိသည်။ ထိုစာချုပ်သည် အပေးဟန်ဆောင်၍ သေတမ်းစာ ရေးခြင်းမျှဖြစ်သောကြောင့် ပျက်ပြယ်သည်။

အမေး။
ဦးရွှေသည် အလုပ်သွားရန်အတွက် ဘတ်စ်ကားစောင့်နေရာ အလိုအလျောက် မူးမေ့ကျသွားသဖြင့် အနီးအနားမှ လူများက ဆေးရုံသို့ တင်ပို့ခဲ့သည်။ မကြာမီပင် ဦးရွှေသည် ဆေးရုံတွင်ပင် သေဆုံးသည်။ အလုပ်သမားလျော်ကြေး ရနိုင်သလား။
အဖြေ။
ဦးရွှေသည် အလုပ်ခွင်တွင် သေဆုံးခြင်းမဟုတ်၊ အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာကြောင့် သေဆုံးခြင်းမဟုတ်။ အလုပ်သမားလျော်ကြေး မရနိုင်။

အမေး။
ဒေါ်တင်လှိုင်သည် ဥယျာဉ်သန့်ရှင်းသူအဖြစ် အလုပ်လုပ်ကိုင်သည်။ ဒေါ်တင်လှိုင်သည် ခြံထဲ၌ သန့်ရှင်းရေးအလုပ် လုပ်နေစဉ် မူးလဲ၍ သေဆုံးသည်။ နှလုံးရောဂါကြောင့် သေဆုံးသည်ဟု တရားရုံးက သုံးသပ်သည်။ ဒေါ်တင်လှိုင်အနေနှင့် အလုပ်သမားလျော်ကြေး ရနိုင်သလား။
အဖြေ။
အလုပ်သမားလျော်ကြေးရသည်။

အမေး။
ခြံနှင့်မြေကို ရောင်းချရာ အမြတ်ခွန် မပေးဆောင်ဘဲ နေ၍ရသလား။ နေအိမ်တိုက်ခန်းကို ရောင်းချသူသည် အမြတ်ခွန် ပေးဆောင်ရမည်လား။
အဖြေ။
မည်သူမဆို နှစ်တစ်နှစ်အတွင်း အခြေခံပစ္စည်းတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း (သို့မဟုတ်) လွှဲပြောင်းခြင်း ပြုလုပ်ရာမှ မြတ်စွန်းငွေအတွက် အခွန်ဆောင်ရန် တာဝန်ရှိသည်။

No comments:

Post a Comment

 
Web Statistics