Friday, October 15, 2010

ဆီမလူးတဲ့ ပေဖူးလွှာ - အမည်မသိရှေးစာဆို


ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောက်မတို့လေ၊ မြင်းမနီသား၊ မြင်းကျားခွာမည်း၊ တစ်လုံးတည်းနှင့်၊ အုံးလွှဲပစ်တင်၊ တိမ်မိုးမည်းနှင့်၊ ကသည်းစစ်သို့၊ နှစ်မည်ဝင်၊ သံလျင်ကိုရောက်ဖူးပါစရှင်။ သံလျင်ငယ်မှမက၊ မုတ္တမနှင့်၊ ဒလတသွယ်၊ ထားဝယ်တခြား၊ ယိုးဒယားတလိုက်၊ ကမန်ပိုက်ကို၊ တိုက်သောခါမူ၊ ဓားကိုသို့ကိုင်၊ လှံကိုသို့နုတ်၊ စစ်မြေပြင်မှာ၊ ၀င်ကာခုတ်၍၊ တရုပ်ကယ်ရှမ်းပြေ၊ ထွားထွားငယ်ကြေ၊ အောင်လေပြီတဲ့၊ ဆီမလူး ပေဖူးစာနှင့်၊ မှာလိုက်ကဲ့ရှင်။ အပျိုဖြူငယ်ကကျွမ်း၊ လွမ်းတုံ့တင်လေး။

No comments:

Post a Comment

 
Web Statistics