မာသေ မာသေ သဟေဿန၊
ယော ယဇေထ သတံ သမံ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေ၀ ပူဇနာ သေယျော၊ ယဉ္စေ ၀ဿသတံ ဟုတံ။
အလှူခံမြတ်လေ အကျိုးကြီးလေ
လစဉ်တိုင်း လစဉ်တိုင်း
ငွေတစ်ထောင် ငွေတစ်ထောင်
အကုန်အကျခံပြီး
သာမန်ပုထုဇဉ်ဖြစ်တဲ့
လောကီလူသား မြောက်မြားစွာကို
အနှစ်တစ်ရာပတ်လုံး
လှူဒါန်းပေးကမ်းရတာရယ်...
သီလသမာဓိပညာ
ဂုဏ်ထူးဂုဏ်မြတ်တွေနဲ့
စိတ်ကို ထုံမွှမ်းထားတဲ့
အရိယာပုဂ္ဂိုလ်တစ်ယောက်ကို
ဆွမ်းတစ်ဇွန်း ရေတစ်မှုတ်စာမျှ
အကုန်အကျနည်းနည်းလေးနဲ့
တစ်ကြိမ်တစ်ခါ တစ်ခဏလောက်လေး
လှူဒါန်းပူဇော်ရတာရယ်...
အဲဒီနှစ်မျိုးထဲမှာ
အရိယာပုဂ္ဂိုလ်တစ်ယောက်ကို
တစ်ကြိမ်တစ်ခဏ
ပူဇော်ရခြင်းက
သာမန်ပုထုဇဉ် အများကြီးကို
လှူဒါန်းရခြင်းထက်
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။
ပိုပြီး အကျိုးပေးကြီးကျယ်ပါတယ်။
Friday, October 15, 2010
ဓမ္မပဒဂါထာ (၁၀၆)
Posted by Ko Nyan Posted Time 3:56 PM
Labels ဓမ္မပဒ, ဘာသာရေး-Religious
Subscribe to:
Post Comments (Atom)
No comments:
Post a Comment