Wednesday, October 13, 2010

အသားလှုပ်ခြင်း နိမိတ်အဟော


လူတို့ကိုယ်ကာယ အင်္ဂါကြီးငယ် အစိတ်အပိုင်းတို့၌ လှုပ်ခြင်းသည် သွေး၊ လေ ဥပါဒ်ကြောင့်လည်း လှုပ်၏။ ဖြစ်လို၊ ပျက်လိုသော နိမိတ်ကြောင့်လည်း လှုပ်၏။ ထို လှုပ်ခြင်းနှစ်ပါးတို့တွင် သွေး၊ လေ ဥပါဒ်ကြောင့် လှုပ်ခြင်းကို ပယ်၍ ဖြစ်လို၊ ပျက်လိုသော နိမိတ်ကြောင့် လှုပ်ခြင်းကို စိတ်နှလုံး ပိုက်မှတ်ပြီးလျှင် ယှဉ်သင့်၊ ကြဉ်သင့်သည့်အတိုင်း ယှဉ်,ကြဉ်ခြင်း ပြုပါက မုချလောက၌ဖြစ်သော အကျိုးကျေးဇူးကို ခံစံရလိမ့်မည်ဟု ပညာရှိတို့ ဆိုကြကုန်၏။

၁။ ထိပ်လှုပ်မူ မင်းပူဇော်ခံရအံ့၊ ချစ်သော အဆွေခင်ပွန်းနှင့်လည်း တွေ့ကြုံရအံ့။
၂။ လက်ဝဲ ဦးကင်းလှုပ်မူ သတင်းကောင်း ကြားရအံ့။ အကြံအစည် ထမြောက်အောင်မြင်အံ့။
၃။ လက်ျာ ဦးကင်းလှုပ်မူ လာဘ်ရအံ့။
၎။ လက်ျာ အထက်မျက်ခုံးလှုပ်မူ လာဘ်ရအံ့။ အဆွေခင်ပွန်းကောင်းနှင့် တွေ့ကြုံရအံ့လည်းဟူ၏။
၅။ လက်ျာ အောက်မျက်ရေခံလှုပ်မူ သူတစ်ပါးတို့နှင့် ခိုက်ရန်အမျက်ဒေါသ ရှိရအံ့။ ချစ်သူနှင့် တွေ့ကြုံရအံ့။ မယားရအံ့လည်းဟူ၏။
၆။ လက်ဝဲ အထက်မျက်ခုံးလှုပ်မူ အကြံအစည် အောင်အံ့။ ခင်ပွန်းကောင်း တွေ့ရအံ့လည်းဟူ၏။
၇။ လက်ဝဲ အောက်မျက်ရေခံလှုပ်မူ ငိုယိုရအံ့။ ဆင်းရဲအံ့လည်းဟူ၏။
၈။ လက်ျား နားလှုပ်မူ ချမ်းသာသုခရအံ့။
၉။ လက်ဝဲ နားလှုပ်မူ သူတစ်ပါးနှင့် ခိုက်ရန်ဒေါသဖြစ်ရအံ့။ ဥစ္စာရအံ့လည်းဟူ၏။
၁၀။ လက်ျာဘက် နှာခေါင်းလှုပ်မူ ချစ်သူခင်သူ များအံ့။ ခင်ပွန်းကောင်း ရအံ့လည်းဟူ၏။
၁၁။ လက်ဝဲဘက် နှာခေါင်းလှုပ်မူ ချမ်းသာသုခကိုရအံ့။
၁၂။ ဦးခေါင်းလှုပ်မူ ငယ်ပျိုသူလည်း မိန်းမရတနာကို ရအံ့။ ကြီးသူတို့မှာလည်း လာဘ်ရအံ့။
၁၃။ လက်ျာ အောက်နှုတ်ခမ်းလှုပ်မူ မကောင်းစကား ဆိုရအံ့။ ခိုက်ရန်ဖြစ်အံ့လည်းဟူ၏။
၁၄။ လက်ဝဲ အောက်နှုတ်ခမ်းလှုပ်မူ အဝေးဆောင်းပါးစကား ကြားရအံ့။
၁၅။ လက်ျာ အထက်နှုတ်ခမ်းလှုပ်မူ ချစ်သောသူနှင့် စကားဆိုရအံ့။
၁၆။ လက်ဝဲ အထက်နှုတ်ခမ်းလှုပ်မူ သူတစ်ပါးတို့နှင့် ရန်ခိုက် အမျက်ဒေါသ ပွားရအံ့။
၁၇။ မေးလှုပ်မူ စကားကြောင့် အမှုဖြစ်အံ့။ ဆင်ခြင်လေ။
၁၈။ လည်လှုပ်မူ အ၀တ်တန်ဆာ ဆင်ယင်ရအံ့။ ရွှေ၊ ငွေ ရအံ့။ ထင်ရှားအံ့။ သူပူဇော်ခြင်းကို ခံရအံ့။
၁၉။ လက်ျာ ပခုံးလှုပ်မူ မယားကောင်းရအံ့။ ဆင်မြင်းရအံ့။ မိန်းမနှင့် ခိုက်ရန်ဖြစ်အံ့လည်း ဟူ၏။
၂၀။ လက်ဝဲ ပခုံးလှုပ်မူ ဥစ္စာလာဘ်ရအံ့။ သူနှင့် ရန်ဖြစ်အံ့လည်းဟူ၏။
၂၁။ လက်ျာဘက် ဆီးစပ်လှုပ်မူ ထင်ရှားကျော်စောအံ့။
၂၂။ လက်ဝဲဘက် ဆီးစပ်လှုပ်မူ လူလိမ်နှင့်တွေ့၍ ပျက်စီးအံ့။ ဥပါဒ်ဖြစ်အံ့လည်းဟူ၏။
၂၃။ ကျောလှုပ်မူ အ၀တ်အစားရအံ့။
၂၄။ လက်ျာ လက်ရုံးလှုပ်မူ ခင်ပွန်းရအံ့။ အမြိန်၊ အရသာ စားရအံ့။ ချစ်သောသူ ဥစ္စာပေးလာအံ့။
၂၅။ လက်ဝဲ လက်ရုံးလှုပ်မူ သူတစ်ပါးဥစ္စာပေးလာအံ့။ ချစ်သူ၏ ဥစ္စာကို ရအံ့။
၂၆။ လက်ျာ လက်ဖ၀ါးလှုပ်မူ အမြိန်၊ အရသာ စားရအံ့။
၂၇။ လက်ဝဲ လက်ဖ၀ါးလှုပ်မူ မကောင်း။ ဦးခေါင်းဆေးပါ။
၂၈။ လက်ျာ ရင်ဘတ်လှုပ်မူ ဆိုဖွယ်ရာမရှိ ကောင်းအံ့။ စိတ်နှလုံး ချမ်းသာအံ့လည်း ဟူ၏။
၂၉။ လက်ဝဲ ရင်ဘတ်လှုပ်မူ စိတ်နှလုံး တွေဝေအံ့။
၃၀။ ချက်လှုပ်မူ ဥစ္စာရအံ့။ ကောင်းသောခင်ပွန်းရအံ့။
၃၁။ လက်ျာ ၀မ်းပြင်လှုပ်မူ အမြိန်အရသာကောင်း စားရအံ့။
၃၂။ လက်ဝဲ ၀မ်းပြင်လှုပ်မူ လာဘ်ရအံ့။
၃၃။ နှလုံးသားလှုပ်မူ ခင်ပွန်းကောင်းသော်လည်းကောင်း၊ ဥစ္စာသော်လည်းကောင်း ရအံ့။
၃၄။ လက်ျာ ပါးပြင်လှုပ်မူ အမြိန်အရသာကောင်း စားရအံ့။
၃၅။ လက်ဝဲ ပါးပြင်လှုပ်မူ သူနှင့်ပြောဟောရအံ့။
၃၆။ လက်ျာ နဖူးလှုပ်မူ အခြံအရံများအံ့။
၃၇။ လက်ဝဲ နဖူးလှုပ်မူ သူနှင့် အမျက်ဒေါသ ဖြစ်ပွားအံ့။
၃၈။ ဣနြေ္ဒလှုပ်မူ မယားကောင်းရအံ့။ သူတစ်ပါးတို့နှင့် စကားဆိုရအံ့လည်း ဟူ၏။
၃၉။ အင်္ဂါဇာတ်လှုပ်မူ ဥစ္စာပျောက်ရှအံ့။
၄၀။ လက်ျာဘက် လည်ကုပ်လှုပ်မူ ရွှေ၊ ငွေ၊ ဥစ္စာတိုးအံ့။
၄၁။ လက်ဝဲဘက် လည်ကုပ်လှုပ်မူ ဥစ္စာပျောက်ရှအံ့။
၄၂။ လက်ျာဘက် နှာခေါင်းလှုပ်မူ သူဥစ္စာပေးလာအံ့။
၄၃။ လက်ဝဲဘက် နှာခေါင်းလှုပ်မူ အစိုးရသူတို့ ပူဇော်ခြင်းကို ခံရအံ့။
၄၄။ လက်ျာ တင်သားလှုပ်မူ ဆင်၊ မြင်း စီးရအံ့။ သူတစ်ပါးတို့ ရန်ပြုလာအံ့လည်း ဟူ၏။
၄၅။ လက်ဝဲ တင်သားလှုပ်မူ ချမ်းသာစွာ နေရအံ့။ မိန်းမကြောင့် ဥပါဒ်ဖြစ်အံ့လည်း ဟူ၏။
၄၆။ ခါးလှုပ်မူ ဥစ္စာပျောက်အံ့။
၄၇။ လက်ျာ ပေါင်လှုပ်မူ အကျိုးကျေးဇူးပေးအံ့။
၄၈။ လက်ဝဲ ပေါင်လှုပ်မူ ချစ်သောသူနှင့် စကားဆိုရအံ့။
၄၉။ လက်ယာ ပဆစ်လှုပ်မူ ကောင်းသောလာဘ်ရအံ့။
၅၀။ လက်ဝဲ ပဆစ်လှုပ်မူ ခိုက်ရန်ဖြစ်အံ့။ ရှောင်လေ။
၅၁။ လက်ျာ ခြေသလုံးလှုပ်မူ ကောင်း၏။ မြတ်သောလာဘ် ရအံ့။
၅၂။ လက်ဝဲ ခြေသလုံးလှုပ်မူ မိန်းမနှင့် မျက်လိုကြအံ့။ မိန်းမဥပါဒ်မူလာအံ့။
၅၃။ လက်ျာ မြင်းခေါင်းလှုပ်မူ ကောင်း၏။
၅၄။ လက်ဝဲ မြင်းခေါင်းလှုပ်မူ ကျွန်ရအံ့။ သူဖျက်လာအံ့။
၅၅။ လက်ျာ ခြေဖ၀ါးလှုပ်မူ ကောင်း၏။ အဆွေခင်ပွန်းဆီသို့ သွားရအံ့။
၅၆။ လက်ဝဲ ခြေဖ၀ါးလှုပ်မူ ကြီးသောသူတို့အတွက် စိုးရိမ်ကြောင့်ကြရအံ့။ ခရီးမရှိသော အရပ်သို့ သွားရအံ့။
၅၇။ လက်ျာ ခြေလှုပ်မူ ထမီဝတ် ရန်ပြုလာအံ့။
၅၈။ လက်ဝဲ ခြေလှုပ်မူ မယားနှင့် မျက်လိုကြအံ့။
၅၉။ လက်ျာ သားမြတ်လှုပ်မူ အိမ်တွင်ရှိသော ဥစ္စာပျောက်အံ့။
၆၀။ လက်ဝဲ သားမြတ်လှုပ်မူ ကောင်းသောဥစ္စာရအံ့။
၆၁။ လက်ျာ လက်လှုပ်မူ မင်းပူဇော်ခံရအံ့။
၆၂။ လက်ဝဲ လက်လှုပ်မူ ဥစ္စာလာဘ်ရအံ့။

2 comments:

  1. မျှဝေမှုအတွက် ကျေးဇူးပါ... သိသင့်သမျှလေးတွေပါ

    ReplyDelete
  2. Anonymous3:43 AM

    လိုချင်၊ သိချင်နေတာကြာပြီ ဘယ်ရှာရမှန်းမသိနဲ့ ခုတော့ပွပေါက်ပေါ့.ဟိ..
    ကျေးဇူး...အထူး..အထူး..တင်ပါတယ်၊ဖြစ်နိုင်ရင် အိမ်မက်ကျမ်းလေးပါ မျှဝေပေးပါ..
    စု

    ReplyDelete

 
Web Statistics