- စာမျက်နှာဘယ်လောက်နဲ့ သတင်းစာထုတ်မလဲ။ (ကျွန်တော်ကတော့ စာမျက်နှာ ၆ မျက်နှာ၊ သို့မဟုတ် ၈ မျက်နှာလောက်ပဲ ထုတ်သင့်တယ်လို့ ယူဆပါတယ်)
- စာရွက်ကို ဘယ်လိုအမျိုးအစားသုံးမှာလဲ။ (စာရွက်ကောင်းတွေဆိုရင် စာဖတ်သူတွေအတွက် ဈေးနှုန်းတွေ မတန်တဆ ပေးရမှာသေချာပါတယ်။ ဘယ်လိုမှ နေ့စဉ်ဝယ်ဖတ်လို့ အဆင်ပြေမှာ မဟုတ်ဘူး။ မြန်မာတိုင်းမ်က လက်ရှိသုံးနေတဲ့ စာရွက်အမျိုးအစားဆိုရင်၊ သို့မဟုတ် သုံးပြီးသား စက္ကူတွေကို ပြည်တွင်းမှာ ပြန်လည်ထုတ်လုပ်ထားတဲ့ စာရွက်သားဆိုရင်ရော)
- ဒေသတစ်ခုတည်းကိုပဲဖြန့်မှာလား၊ ဒေသတွေရွေးပြီးဖြန့်မှာလား။ (ကျွန်တော်ကတော့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စသည်ထက်စာရင် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စတဲ့အပိုင်းလိုက် လုပ်သင့်တယ်လို့ ထင်ပါတယ်)
- ဘယ်ဘာသာစကားနဲ့ ထုတ်ဝေမှာလဲ (အခုချက်ချင်းတော့ မသိပေမယ့် နောက်ဆိုရင်တော့ ကချင်နေ့စဉ်တို့၊ ချင်းနေ့စဉ်တို့၊ ရခိုင်နေ့စဉ်၊ ရှမ်းနေ့စဉ် စတဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ထုတ်ဝေတဲ့ သတင်းစာတွေ ထွက်လာမယ်လို့ ယုံကြည်နေပါတယ်။ ဒါကလည်း နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေပေါ်မှာ မှီတည်နေတာပါ)
Monday, December 31, 2012
မြန်မာ့အတင်း၊ မြန်မာ့သတင်း သုံးသပ်ဝေဖန်ချက်
Posted by Ko Nyan Posted Time 7:33 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, ဗီဒီယို၊ ရုပ်ရှင် - Movies, မြန်မာ-Myanmar, နိုင်ငံရေး
Saturday, December 29, 2012
အကောင်းဆုံးထက် ပိုကောင်းအောင်
Posted by Ko Nyan Posted Time 8:53 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ, မြန်မာ-Myanmar, အောင်မြင်ရေး-Success
Thursday, December 27, 2012
ပညာမရှိ သူ၏၀န်ထမ်း
အဗျတ္တော ဘာရဟာရိကော။
ဗျတ္တကော ပူဇိတော လောကေ၊
ဗျတ္တ ပုတြာ ဒိနေ ဒိနေ။
အို ချစ်သားတို့၊ အတတ်ပညာ သင်ကြပါကုန်လော့။ အဘယ့်ကြောင့် ပျင်းရိနေရပါမည်နည်း။
အတတ်ပညာမရှိသူသည် သူတစ်ပါး၏ ၀န်ထုပ်ဝန်ပိုးကို ထမ်းရ၏။
လောက၌ အတတ်ပညာနှင့် ပြည့်စုံသူကို ချီးကျူးပူဇော်ကြရ၏။
ထို့ကြောင့် အိုချစ်သားတို့၊ နေ့တိုင်း နေ့တိုင်း ပညာ သင်ကြပါကုန်လော့။
Posted by Ko Nyan Posted Time 10:05 AM 0 Comment(s)
Labels လောကနီတိ
Wednesday, December 26, 2012
သမ္မတ ဦးသိန်းစိန် မိန့်ခွန်း (၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်)
- ပြည်သူလူထု သဘောထားဆန္ဒနဲ့ ပြည်သူလူထုရဲ့ အသံကို နားမထောင်ဘဲ မတိုင်ပင်ဘဲ မိမိတို့သဘောအလျောက် ဆောင်ရွက်နေခြင်း၊
- မိမိတို့လုပ်ဆောင်မှုများ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင် ချပြမှုမရှိခြင်း၊
- ပြည်သူလူထုက သိလို၍ မေးမြန်းခြင်းနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက် တောင်းဆိုခြင်းများအပေါ် တာဝန်ယူဖြေရှင်းပေးမှု မရှိခြင်း၊
- ကဏ္ဍအလိုက်၊ ဌာနဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ဒေသန္တရအလိုက် ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနဲ့အညီ စီမံအုပ်ချုပ်လုပ်ကိုင်မှု မရှိခြင်း၊
- ထိုသို့ ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိခြင်းကြောင့် နောက်ဆက်တွဲ အဂတိ လိုက်မှု၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခြင်း၊
- အစိုးရ အုပ်ချုပ်ရေးယန္တရားသည် ပြည်သူများအတွက် လျင်မြန်ချောမွေ့မှုမရှိဘဲ နှောင့်နှေးကြန့်ကြာ၍ အခက်အခဲများ တွေ့ရှိနေခြင်း၊
- စီမံခန့်ခွဲအုပ်ချုပ်မှုစွမ်းရည် ကျဆင်းနေခြင်း၊
Posted by Ko Nyan Posted Time 12:51 PM 1 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Tuesday, December 25, 2012
အစ မကောင်းခဲ့ပါလျှင်
ဒုတိယံ ပရာဇိတော ဓနံ။
တတိယံ ပရာဇိတော ဓမ္မံ၊
စတုတ္ထံ ကိံ ကရိဿတိ။
ပထမအရွယ်၌ အတတ်ပညာ မတတ်မြောက်ခဲ့ငြားအံ့။
ဒုတိယအရွယ်၌ ပစ္စည်းဥစ္စာ မစုဆောင်းမိငြားအံ့။
တတိယအရွယ်၌ တရားလက်လွတ် ဖြစ်နေငြားအံ့။
ထိုကဲ့သို့သော သူသည် စတုတ္ထအရွယ် သေခါနီးအချိန်တွင် အဘယ်အမှုကို ပြုနိုင်တော့မည်နည်း။
Posted by Ko Nyan Posted Time 12:32 PM 0 Comment(s)
Labels လောကနီတိ
Monday, December 24, 2012
တွင်းထဲက ဖားသူငယ်
ဗဟုံ မညတိ မာန၀ါ။
သိန္ဓူဒက မပဿန္တော၊
ကူပေ တောယံဝ မဏ္ဍုကော။
Posted by Ko Nyan Posted Time 7:43 AM 0 Comment(s)
Labels လောကနီတိ
Saturday, December 22, 2012
ဒီမိုကရေစီ အခြေခံအင်္ဂါရပ်များ
Posted by Ko Nyan Posted Time 1:18 PM 0 Comment(s)
Labels စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge, မြန်မာ-Myanmar, နိုင်ငံရေး
သိနိုင်ရာ အထောက်အထား
ကုလပ္ပမာဏံ ၀ိနယော ပမာဏံ။
ဗျတ္တိပမာဏံ ကထိတ၀ါကျံ၊
ပထ၀ီ ပမာဏံ တိဏမိလာတံ။
ရေ အတိမ်အနက်ကို ကြာရိုးကြာနွယ်ကိုကြည့်၍ သိနိုင်၏။
အမျိုးအနွယ် ကောင်း မကောင်းကို အကျင့်စာရိတ္တကို အကဲခတ်၍ သိနိုင်၏။
ပညာရှိ ဟုတ် မဟုတ်ကို ထိုသူ ပြောသောစကားကို ထောက်ချင့်၍ သိနိုင်၏။
မြေ ကောင်း မကောင်းကို မြက်များ ညှိုး မညှိုးကို ကြည့်၍ သိနိုင်၏။
Posted by Ko Nyan Posted Time 12:31 PM 0 Comment(s)
Labels လောကနီတိ
Friday, December 21, 2012
ကျွန်တော့်အတွက် နောက်ဆုံးပို့စ်
Posted by Ko Nyan Posted Time 12:38 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, ကာတွန်း-Cartoon, စု၊ တု၊ ပြု, ဟာသ-Funny
ကိုယ်ပိုင်မဟုတ်က အားမကိုးရ
ပရဟတ္ထေသု ယံ ဓနံ။
ယတ္ထ ကိစ္စေ သမုပ္ပန္နေ၊
န တံ သိပ္ပံ န တံ ဓနံ။
ပေ၊ ပုရပိုက်၊ စာရွက်တို့ပေါ်က အတတ်ပညာသည်လည်းကောင်း၊
သူတစ်ပါးတို့လက်ထဲက ဥစ္စာသည်လည်းကောင်း၊
အဟုတ်တကယ် ပြုဖွယ်ကိစ္စ ရှိလာသောအခါ အတတ်ပညာအရာ မရောက်တော့ပေ။ ဥစ္စာအရာ မရောက်တော့ပေ။
Posted by Ko Nyan Posted Time 11:40 AM 0 Comment(s)
Labels လောကနီတိ
Thursday, December 20, 2012
ပညာရှိ နှင့် လူမိုက်
ပဇ္ဇုန္နော ဟောတိ ပုစ္ဆိတော။
ဗာလော ပုဋ္ဌော အပုဋ္ဌောပိ၊
ဗဟုမ္ပိ ဘဏတေ သဒါ။
ပညာရှိသည် အမေးမခံရသောအခါ စည်ကြီးကဲ့သို့ ဆိတ်ဆိတ်နေ၏။
အမေးခံရသောအခါတွင်ကား မိုးသည်းကြီး ရွာချသကဲ့သို့ ပြောဆိုတတ်၏။
လူမိုက်သည်ကား အမေးခံရသည်ဖြစ်စေ၊ အမေး မခံရသည်ဖြစ်စေ အခါခပ်သိမ်း ရောက်တတ်ရာရာ မြောက်မြားစွာ ပြောဆိုတတ်၏။
Posted by Ko Nyan Posted Time 7:49 AM 0 Comment(s)
Labels လောကနီတိ
Wednesday, December 19, 2012
အဋ္ဌာရသ အတတ်ပညာများ
ယောဂါနီတိ ၀ိသေသကာ။
ဂန္ဓဗ္ဗာ ဂဏိကာ စေ၀၊
ဓနု ဗေဒါ စ ပူရဏာ၊
တိကိစ္ဆာ ဣတိဟာသော စ၊
ဇောတိ မာယာ စ ဆန္ဒတိ။
ကေတု မန္တာ စ သဒ္ဒါ စ၊
သိပ္ပါဋ္ဌာရသကာ ဣမေ။
အကြားအမြင် အတတ်
ဓမ္မသတ် အတတ်
ဂဏန်းသင်္ချာ အတတ်
တံစည်းစူးဆောက် အတတ်
နီတိကျမ်း အတတ်
ယာယီ ယတြာ စသော ဗျာကရိုဏ်း အတတ်
စောင်းညှင်း စသော အတီးအမှုတ် အတတ်
လက်သစ် အတတ်
လေး အတတ်
ရှေးစကား အတတ်
ဆေး အတတ်
ရယ်ရွှင်မှု အတတ်
ဗေဒင် အတတ်
လှည့်ပတ်တတ်သော အတတ်
ဆန်းကျမ်း အတတ်
သံတမန် အတတ်
မန္တန် အတတ်
သဒ္ဒါကျမ်း အတတ်
ဤသည်ကား တစ်ဆယ့်ရှစ်ရပ်သော အတတ်တို့ပေတည်း။
Posted by Ko Nyan Posted Time 8:20 AM 0 Comment(s)
Labels လောကနီတိ
Tuesday, December 18, 2012
ညှို့ မဂ္ဂဇင်း နှင့် မြန်မာ့အလင်းအာဘော်
ညှို့ မဂ္ဂဇင်း Download ယူရန်။
Posted by Ko Nyan Posted Time 7:03 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, ကိုယ်တွေ့, စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge, မြန်မာ-Myanmar
ဖြည်းဖြည်း ဖြည်းဖြည်းပြု
သိံနေ ပဗ္ဗတမာရုဟံ။
သိံနေ ကာမဿ ကောဓဿ၊
ဣမေ ပဉ္စ သိံနေ သိံနေ။
အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏။
ပစ္စည်းဥစ္စာကို ဖြည်းဖြည်း ရှာရာ၏။
တောင်တက်သော သူသည် ဖြည်းဖြည်း တက်ရာ၏။
ကာမကိစ္စကို ဖြည်းဖြည်း ပြုကျင့်ရာ၏။
အမျက်ကို ဖြည်းဖြည်း ထွက်ရာ၏။
ဤအချက် ငါးချက်တို့ကို ဖြည်းဖြည်း ဖြည်းဖြည်းသာ ပြုကျင့်ရာ၏။
Posted by Ko Nyan Posted Time 6:15 AM 0 Comment(s)
Labels လောကနီတိ
Friday, December 14, 2012
ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၃)
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
၂။ နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရမည်
၃။ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၁)
၎။ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၂)
Posted by Ko Nyan Posted Time 4:01 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, ဖွဲ့စည်းပုံ အခြေခံဥပဒေ, မြန်မာ-Myanmar
သုတေသီ၏ တာဝန်
ယတ္ထ အတ္ထီတိ စေ သုတော။
မဟုဿာဟေန တံ ဌာနံ၊
ဂန္တဗ္ဗံဝ သုတေသိနာ။
အကြားအမြင် ပြည့်ဝစုံလင်သည့် ပညာရှိတစ်ဦး ရှိနေရာအရပ်ကို ကြားရသိရပါက အတတ်ပညာ ရှာဖွေ ဆည်းပူးလိုသော အမျိုးကောင်းသားသည် ထိုအရပ်သို့ မရောက်ရောက်အောင် ပြင်းထန်စွာ အားထုတ်၍ သွားရမည်သာတည်း။
Posted by Ko Nyan Posted Time 2:07 AM 0 Comment(s)
Labels လောကနီတိ
သင်၏မွေးနေ့ရက်ကပြောသည့် သင့်အကြောင်း
ဇန်န၀ါရီလ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့
ဖေဖော်ဝါရီလ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်
မတ်
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်
ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်
မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့
ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်
ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်
သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်
စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး
အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်
နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်
ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်
ရှင်းလင်းချက်များ
ခွေး
ကြွက်
ခြင်္သေ့
ကြောင်
လိပ်
ချိုးငှက်
ကျားသစ်နက်
မျောက်
Posted by Ko Nyan Posted Time 12:56 AM 1 Comment(s)
Labels စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge
Wednesday, December 12, 2012
နိုင်ငံရေး - အောင်ထွဋ်
Posted by Ko Nyan Posted Time 10:26 PM 0 Comment(s)
Labels စာအုပ်မှတ်စုများ, နိုင်ငံရေး
အဖိုးတန်လျှင် ရှားသည်
ဂဇေ ဂဇေ န မုတ္တိကံ။
ဝနေ ၀နေ န စန္ဒနံ၊
ဌာနေ ဌာနေ န ပဏ္ဍိတံ။
ကျောက်တောင်တိုင်း ကျောက်တောင်တိုင်း၌ ပတ္တမြား မရှိ။
ဆင်တိုင်း ဆင်တိုင်း၌ အမြုတေ မရှိ။
တောတိုင်း တောတိုင်း၌ စန္ဒကူး မရှိ။
အရပ်တိုင်း အရပ်တိုင်း၌ ပညာရှိ မရှိ။
Posted by Ko Nyan Posted Time 3:29 AM 0 Comment(s)
Labels လောကနီတိ
Tuesday, December 11, 2012
အသက်မွေးမှု တစ်ခုပညာ
ဝိဇ္ဇံ ၀ါ သိပ္ပမထ ၀ါ။
ဧကမ္ပိ ပရိယောဒါတံ၊
ဇီဝိတကပ္ပကာရဏံ။
Posted by Ko Nyan Posted Time 8:36 AM 0 Comment(s)
Labels လောကနီတိ
ဂုဏ်ယူစွာဖြင့် ဖော်ပြသည်ဆိုသော်လည်း....
Posted by Ko Nyan Posted Time 3:03 AM 1 Comment(s)
Labels myanmarfootball, news, soccer, ကိုယ်တွေ့, စု၊ တု၊ ပြု
ဥကြက်မနှင့်လိပ်မ
Posted by Ko Nyan Posted Time 2:16 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ
Monday, December 10, 2012
ခြတောင်ပို့နှင့် ရေစက်ရေပေါက်
စိတ္တေ သုတံ နိဓာပယေ။
ဝမ္မိကောဒက ဗိန္ဓုဝ၊
စိရေန ပရိပူရတိ။
အတတ်ပညာကို နည်းသည် သေးငယ်သည်ဟု မထင်မသေးရာ။
လေ့လာဆည်းပူး၍ ရရှိလာသော အတတ်ပညာကို မေ့ပျောက်မသွားအောင် စိတ်မှာသိုမှီး သိမ်းဆည်းထားရာ၏။
အနည်းငယ်မျှသော ထိုအတတ်ပညာသည် အချိန်ကြာကြာ လေ့လာဆည်းပူးလိုက်သောအခါ ခြတောင်ပို့ထဲက ရေစက်ရေပေါက်ကဲ့သို့ ပြည့်ဝလာပေ၏။
Posted by Ko Nyan Posted Time 12:12 PM 0 Comment(s)
Labels လောကနီတိ
စိတ်ညစ်တယ်....... မပျော်ဘူး (သြရသ ညည်းတွားသည်)
Posted by Ko Nyan Posted Time 10:29 AM 0 Comment(s)
Labels မြန်မာ-Myanmar, အထွေထွေ-Various, နိုင်ငံရေး
Friday, December 07, 2012
အဖိုးအတန်ဆုံး ဥစ္စာ
သိပ္ပံ စောရာ န ဂဏှန္တိ။
ဣဓ လောကေ သိပ္ပံ မိတ္တံ၊
ပရလောကေ သုခါဝဟံ။
အတတ်ပညာနှင့် တူသော ဥစ္စာသည် မရှိ။
အတတ်ပညာကို လူဆိုးတို့ ခိုးဝှက်လုယူ၍ မရနိုင်။
ဤမျက်မှောက်လောက၌ အတတ်ပညာသည် မိတ်ဆွေကောင်း ဖြစ်၏။
တမလွန် လောက၌လည်း ချမ်းသာခြင်းကို ဆောင်ယူတတ်၏။
Posted by Ko Nyan Posted Time 4:12 AM 0 Comment(s)
Labels လောကနီတိ
Wednesday, December 05, 2012
အီရတ်စစ်ပွဲ၊ မြန်မာပါးစပ်စစ်ပွဲ
Posted by Ko Nyan Posted Time 4:28 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, စု၊ တု၊ ပြု, သတင်း-News, နိုင်ငံရေး
တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး (Law and Order)
Posted by Ko Nyan Posted Time 4:02 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ, ဗဟုသုတ-Knowledge, နိုင်ငံရေး
Tuesday, December 04, 2012
လောကနီတိ၊ ပျင်းရိခြင်း၏ အကျိုးဆက်များ
အသိပ္ပဿ ကုတော ဓနံ။
အဓနဿ ကုတော မိတ္တံ၊
အမိတ္တဿ ကုတော သုခံ။
အသုခဿ ကုတော ပုညံ၊
အပုညဿ ကုတော ၀ရံ။
ပျင်းရိသောသူသည် အဘယ်မှာ အတတ်ပညာ ရမည်နည်း။
အတတ်ပညာ မရှိသူသည် အဘယ်မှာ ဥစ္စာ ရမည်နည်း။
ဥစ္စာမရှိသောသူသည် အဘယ်မှာ မိတ်ဆွေ ရမည်နည်။
မိတ်ဆွေမရှိသောသူသည် အဘယ်မှာ ချမ်းသာ ရမည်နည်း။
မချမ်းသာသောသူသည် အဘယ်မှာ ကုသိုလ်ကောင်းမှု ပြုနိုင်မည်နည်း။
ကုသိုလ်ကောင်းမှု မပြုခဲ့သောသူသည် အဘယ်မှာ နိဗ္ဗာန် ရမည်နည်း။
Posted by Ko Nyan Posted Time 11:19 AM 0 Comment(s)
Labels လောကနီတိ
Sunday, December 02, 2012
ကျွန်တော်နားလည်သလို ပြောဆိုပါမည်
Posted by Ko Nyan Posted Time 9:05 PM 0 Comment(s)
Labels Political, ကျွန်တော့်အတွေးများ, ကိုယ်တွေ့, မြန်မာ-Myanmar, နိုင်ငံရေး