Tuesday, July 10, 2012
Current News and My Opinions (July 10)
Posted by Ko Nyan Posted Time 10:47 PM 0 Comment(s)
Labels Myanmar, ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, သတင်း-News
To assemble peacefully without arms and holding procession
Posted by Ko Nyan Posted Time 9:48 AM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, သတင်း-News
Monday, July 09, 2012
ဒုတိယ၀န်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း
(၂) ဦးချန်မောင်၊ ဒုတိယ၀န်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန
(၃) ဦးဝင်းရှိန်၊ ဒုတိယ၀န်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(၄) ဦးဟန်စိန်၊ ဒုတိယ၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန
(၅) ဦးဝင်းသန်း၊ ဒုတိယ၀န်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၆) ဒေါက်တာမျိုးမြင့်၊ ဒုတိယ၀န်ကြီး၊ ပညာရေးဝန်ကြီးဌာန
၂။ ပြောင်းလဲတာဝန်ပေးအပ်လိုက်သော ဒုတိယ၀န်ကြီးများ၏ ယခင်တာဝန်များမှာ-
- - (က) ဦးသန့်ရှင်း၊ ဒုတိယ၀န်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန
- - ( ခ) ဦးချန်မောင်၊ ဒုတိယ၀န်ကြီး၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
- - ( ဂ) ဦးဝင်းရှိန်၊ ဒုတိယ၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန
- - (ဃ) ဦးဟန်စိန်၊ ဒုတိယ၀န်ကြီး၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
- - ( င) ဦးဝင်းသန်း၊ ဒုတိယ၀န်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
- - ( စ) ဒေါက်တာမျိုးမြင့်၊ ဒုတိယ၀န်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
Posted by Ko Nyan Posted Time 9:59 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Sunday, July 08, 2012
နှစ်ကျိပ်ရှစ်ဆူသော ဘုရားများ
နှစ်ကျိပ်ရှစ်ဆူသော ဘုရားများကို အစဉ်အားဖြင့် ဖော်ပြရလျှင် အောက်ပါအတိုင်း ဖြစ်ပါတယ်-
၁။ တဏှင်္ကရာ
၂။ မေဓင်္ဂရာ
၃။ သရဏှင်္ဂရာ
၎။ ဒီပင်္ကရာ
၅။ ကောဏ္ဍည
၆။ မင်္ဂလ
၇။ သုမန
၈။ ရေ၀တ
၉။ သောဘိတ
၁၀။ အနောမဒဿီ
၁၁။ ပဒုမ
၁၂။ နာရဒ
၁၃။ ပဒုမုတ္တရ
၁၄။ သုမေဓာ
၁၅။ သုဇာတာ
၁၆။ ပိယဒဿီ
၁၇။ အတ္ထဒဿီ
၁၈။ ဓမ္မဒဿီ
၁၉။ သိဒ္ဓတ္ထ
၂၀။ တိဿ
၂၁။ ဖုဿ
၂၂။ ၀ိသဿီ
၂၃။ သိခီ
၂၄။ ဝေဿဘူ
၂၅။ ကကုသန်
၂၆။ ကောဏဂုံ
၂၇။ ကဿပ
၂၈။ ဂေါတမ
ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ ထွန်းပါစေ....။
Posted by Ko Nyan Posted Time 6:00 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ, စု၊ တု၊ ပြု, ဗဟုသုတ-Knowledge, ဘာသာရေး-Religious
October Aung Gyi, what are you doing?
Posted by Ko Nyan Posted Time 5:45 AM 0 Comment(s)
Labels အထွေထွေ-Various
Saturday, July 07, 2012
Our President U Thein Sein
ဒီနေ့ဟာ ကျွန်တော်တို့ဖြစ်ချင်တဲ့ အဆင့်ကို မရောက်သေးပေမယ့် လမ်းမှန်ပေါ်ကို ရောက်ခဲ့ကြပြီဆိုတာကိုပဲ ကျွန်တော်ကတော့ ကျေနပ်နယ်ခင်ဗျာ။
မှန်ပါတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲခဲ့ပုံကို အမေရိကန်သမ္မတကြီး အိုဘားမားကတောင် ကျေနပ်သဘောကျပြီး ဒီနေ့ အာဏာရှင်တွေရဲ့ အုပ်စိုးမှုဘ၀က မလွတ်မြောက်သေးတဲ့ နိုင်ငံတွေ ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို အတုယူသင့်ပါတယ်လို့ ထုတ်ဖော်ပြောခဲ့ပြီး မဟုတ်လား။
အဲ.... ဒါကြောင့် ခုလမ်းမှန်ပေါ်ရောက်အောင် တင်ပေးနိုင်တဲ့ အဆင့်ကိုပဲ ကျွန်တော်ကတော့ ကျေနပ်တယ်လို့ ပြောတာပါ။
အဲ... ဒါပေမယ့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းတွေနှင့် ပတ်သက်လို့တော့ ကျွန်တော် စိတ်မကောင်းဘူးခင်ဗျာ။
ဘွင်းဘွင်းရှင်းရှင်း မြန်မာစကားနှင့် ပြောရ၊ ရေးရရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပြဿနာ။ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာ.....။
ဒီပြဿနာ မအောင်မြင်သေးတဲ့အတွက် ဆိုးကျိုးအဖြစ် နေ့စဉ် ကြားနေရတဲ့ သတင်းတွေကို နားထောင်ပြီး ကျွန်တော် နေ့တိုင်း စိတ်မချမ်းသာပါဘူး။ ဒီပြဿနာနှင့် ပတ်သက်ပြီး တာဝန်ယူဖြေရှင်းနေရတဲ့ သမ္မတကြီး ဦးသိန်းစိန်ဆိုရင် ပိုတောင် စိတ်မကောင်းဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။
တကယ်တော့ ကျွန်တော့်အမြင်မှာ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အဖြေရှိပါတယ်။
ဒီနေ့ ပြဿနာက ပြည်ပနဲ့ ဖြစ်တဲ့ပြဿနာ မဟုတ်ပါဘူး။
ပြည်တွင်းမှာ ကိုယ့်အမျိုးသားချင်း ဖြစ်နေကြတဲ့ ပြဿနာ။ ကိုယ့်အမျိုးသားချင်း ဖြစ်ကြတဲ့ ပြဿနာမှာ ဖြေရှင်းလို့ မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး။
မိသားစုအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာပါ။ အဲဒီ မိသားစုတစ်ခုရဲ့ ပြဿနာမှာလည်း ပြဿနာဖြစ်ရပ်ချင်း တူညီနေပေမယ့် ကျွန်တော့်အဘိုးခေတ်က ကျွန်တော့်အဘိုး ကြံဆဖြေရှင်းခဲ့တဲ့ နည်းလမ်း၊ ကျွန်တော့်အဘိုး တွေးပုံ၊ စဉ်းစားပုံနှင့် ဒီနေ့ ကျွန်တော့် သားသမီး၊ ကျွန်တော့်မြေးတွေရဲ့ ပြဿနာကို ကျွန်တော် ဖြေရှင်းချင်လို့ မရတော့ပါဘူး။
ခေတ်နှင့်ဆီလျော်တဲ့ နည်းသစ်လမ်းသစ်တွေကို တွေးရဲရပါမယ်။ ကြံဆရပါမယ်။ ချသုံးရဲရပါမယ်။
သမ္မတဦးသိန်းစိန် ၂ နှစ်လောက် အချိန်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်ခဲ့တာ၊ တိုင်းပြည်ရဲ့ အနာဂတ်လမ်းမှန်ပေါ် တင်ပေးနိုင်ခဲ့တာ သေသေချာချာ ပြန်စဉ်းစားကြည့်ပါ။
သူ့ရှေ့က ပုဂ္ဂိုလ်ကြီးတွေ မလုပ်ဝံ့တာကို သူလုပ်ဝံ့တဲ့အတွက်ပါ။
သူ့ကို ပြုပြင်ရေးသမား Reformist စစ်စစ် ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက ထုတ်ဖော်ပြောအောင်၊ ပြည်ပမှ ခေါင်းဆောင်တွေ ဥပမာ- အလွန်ခေါင်းမာတဲ့ အမေရိကန်အမတ်ကြီး Mitchellrne Connell လို ပုဂ္ဂိုလ်မျိုးက ဦးဆောင်ထုတ်ပြောအောင် လုပ်နိုင်တာ သူဟာ Reformist စစ်စစ် ဖြစ်နေလို့ပေါ့ခင်ဗျာ။
အခု အမျိုးသားပြန်လည်စည်းလုံးရေး အဲ ပြည်တွင်းငြိမ်းချမ်းရေး ပြုလုပ်တဲ့ ဆောင်ရွက်ချက်တွေမှာလည်း သမ္မတကြီးက reform တစ်ခု ပြုလုပ်သလိုပဲ စဉ်းစားသင့်ပါတယ်။ ယခင် ခေါင်းဆောင်တွေ လက်ခံယုံကြည်ထားတဲ့ ရိုးရိုးစင်းစင်း အဲ Orthodox idea တွေ၊ စိုးရိမ်ပူပန်မှုတွေကို ခေါင်းထဲက လုံးဝ ထုတ်ပစ်သင့်ပါတယ်။
မှန်ပါတယ်။ ဒီပြဿနာက သမ္မတကြီးကိုယ်တိုင် ထလုပ်မှ ပြီးမယ့် ပြဿနာပါ။
အတိုက်အခံ နိုင်ငံရေးပါတီမှ သြဇာရှိသူ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ယုံကြည်သူရဲ့ အင်အားကိုလည်း အသုံးချသင့်ပါတယ်။ တာဝန်ပေးသင့်ပါတယ်။ ဒါ နိုင်ငံအများမှာ သုံးခဲ့ဖူးတဲ့ ဒီမိုကရေစီ ကျင့်စဉ်တစ်ခုပါပဲ။
Posted by Ko Nyan Posted Time 9:36 AM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ
၂။ ဦးတင်ထွဋ်ဦး (ဥက္ကဋ္ဌ)
၃။ ဒေါက်တာ အောင်ထွန်းသက် (အဖွဲ့ဝင်)
၎။ ဒေါက်တာ ဒေါ်ခင်စန်းရီ (အဖွဲ့ဝင်)
၅။ ဒေါက်တာ ကျော်ရင်လှိုင်(အဖွဲ့ဝင်)
၆။ ဒေါက်တာ ဇော်ဦး (အဖွဲ့ဝင်)
၇။ ဦးသီဟံမျိုးညွန့် (အဖွဲ့ဝင်)
၈။ ဦးသန့်မြင့်ဦး (အဖွဲ့ဝင်)
၉။ ဦးတင်မောင်သန်း (အဖွဲ့ဝင်)
၁၀။ ဦးဝင်းအောင် (အဖွဲ့ဝင်)
၁၁။ ဦးသောင်းတင် (အဖွဲ့ဝင်)
၁၂။ ဒေါက်တာ ကိုကိုကြီး (အဖွဲ့ဝင်)
၁၃။ ဦးသန်းလွင် (အဖွဲ့ဝင်)
၁၄။ ဦးခင်မောင်အေး (အဖွဲ့ဝင်)
၁၅။ ဦးလှမောင်ရွှေ (အဖွဲ့ဝင်)
၁၆။ ဦးမိုးကျော် (အဖွဲ့ဝင်)
၁၇။ ဒေါက်တာ ဒေါ်ရင်ရင်နွယ် (အဖွဲ့ဝင်)
၁၈။ ဒေါက်တာ စစ်အောင် (အတွင်းရေးမှူး)
Posted by Ko Nyan Posted Time 8:29 AM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Friday, July 06, 2012
ဖတ်မိ၊ ကြားမိ၊ ခံစားမိသော သတင်းများ (ဇူလိုင် ၅ ရက်နေ့အထိ)
Posted by Ko Nyan Posted Time 12:52 AM 1 Comment(s)
Labels Myanmar, Political, ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, သတင်း-News
Saturday, June 30, 2012
Land Use, Land Speculation of our country, Myanmar
........
................
လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး ရန်ကုန်မြို့ရဲ့ အချက်အချာက အစိုးရပိုင်မြေ၊ ရုံးဌာနတွေ၊ စက်ရုံတွေဟာ ခရိုနီတွေနဲ့ တာဝန်ရှိသူအချို့ရဲ့ မိသားစုဝင်တွေ၊ မြေဈေးကစားသူတွေ လက်ထဲကို တရားဝင် ရောက်ရှိလာခဲ့ပါတယ်။ အရင်အစိုးရ လက်ထက်မှာမကဘဲ အခုအစိုးရ လက်ထက်မှာပါ ရန်ကုန်၊ မန္တလေးက မြေတော်တော်များများဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ရောက်ရှိသွားပါတယ်။ တချို့ကတော့ တရားဝင် ကြေညာတာမျိုး၊ ဈေးနှုန်းတင်ဒါ ပုံစံမျိုး မတွေ့ရသလောက်ပါ။ အထူးသဖြင့် အခု ဒီ ၆ လအတွင်းမှာ Transparency မရှိပါဘူး။ ဒီစာရင်းတွေရဲ့ အတိအကျကတော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်၊ အိုးအိမ်ဦးစီးဌာနတို့မှာပဲ ရှိနိုင်ပါတယ်။ နမူနာအနေနဲ့ ၀န်ကြီးဌာနရုံးတစ်ခုကို ကြားဝင် အကျိုးဆောင်တဲ့သူတောင် ဒေါ်လာ ၅ သန်း ရခဲ့တာဆိုတော့ ထောင်နဲ့ချီတဲ့ ဒီမြေကွက်၊ ရုံးတွေကနေ ဘယ်လောက် အကျိုးအမြတ်တွေ ရကြမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ရန်ကုန်မြို့က အဓိကနေရာ အတော်များများပိုင်တဲ့ သူဌေးကြီးတွေဆိုရင် ၀ယ်တော့လည်း ဈေးချိုတယ်။ ဈေးကလည်း ၅ ဆလောက်တက်တော့ သူတို့ပိုင်ဆိုင်မှုက ၅ နှစ်အတွင်း ၈ ဆကနေ ၁၀ ဆလောက် ချမ်းသာကုန်ပါတယ်။ အရင် ဒေါ်လာသန်း ၅၀ လောက် ချမ်းသာသူက သန်း ၅၀၀ လောက် နေရင်းထိုင်ရင်း ချမ်းသာကုန်တာမျိုးတွေပါ။ အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။
မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုကို ကာကွယ်တဲ့ ဥပဒေရှိပေမယ့် မူးယစ်ဆေးဝါးက တရားမ၀င်ရတဲ့ငွေ လာဘ်ပေးလာဘ်ယူမှုက တရားမ၀င်ရတဲ့ ငွေတွေဟာ ဒီအမိန့်ကြော်ငြာစာကြောင့် တရားဝင်ငွေတွေဖြစ်ပြီး မူးယစ်ရာဇာတွေ မြေဈေးကွက်မှာ စိတ်ကြိုက်ဝင်ကစား သွားခဲ့ပါတယ်။ ဘယ်သူတွေ အဂတိတရား လိုက်စားခဲ့ကြတယ်။ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ ဒေါ်လာဘီလျံနဲ့ချီပြီး အကျိုးအမြတ်တွေရှိတဲ့ ဒီမြေဈေးကစားမှုကိုကြည့်ရင် မြန်မာနိုင်ငံမှာ အဂတိတရားလိုက်စားမှုမှာ ပိရမစ်ဇောက်ထိုးပုံစံနဲ့စပြီး အရေးယူမှု စသင့်တယ်ဆိုတာ သဘောပေါက်ကြမှာ ဖြစ်ပါတယ်။
မြေဈေးတွေတက်ရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်ကြုံရတာ အမှန်ပါပဲ။ ဒါဟာ တိုင်းပြည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာပါတယ်။ မြေဈေးတက်တာ ဆင်းရဲသားတွေနဲ့ မြေမ၀ယ်နိုင်တဲ့ သူတွေအပေါ် ဆိုင်သလားဆိုရင် ဆိုင်ပါတယ်။ မြေဈေးတက်တော့ တိုက်ခန်းဈေး၊ တိုက်ခန်းငှားခ၊ အိမ်ငှားခ တက်ပါတယ်။ ဒီ ၅ နှစ်အတွင်း အိမ်ငှားခ နှစ်ဆကျော် သုံးဆနီးပါး တက်ခဲ့တဲ့အတွက် လူလတ်တန်းစားတွေရဲ့ Cost of Living တက်စေပါတယ်။ ဈေးဆိုင်ငှားခတွေတက်ရင် စားသုံးသူတွေ ထိခိုက်နစ်နာတာပဲ မဟုတ်လား။ ရန်ကုန်၊ မန္တလေးမှာ Cost of Living တက်ရင် တစ်နိုင်ငံလုံး ပျံ့နှံ့ထိခိုက်ပါတယ်။ ဒီမြေကနေရသွားတဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ အမြတ်ဟာ နောက်ဆုံးတော့ ဘယ်သူ့ဆီက ရတဲ့အမြတ်လဲဆိုတာ စဉ်းစားရုံနဲ့ ပေါ်နိုင်ပါတယ်။
..............
............................
Posted by Ko Nyan Posted Time 2:42 PM 1 Comment(s)
Labels Myanmar, Political, ကျွန်တော့်အတွေးများ, ကိုယ်တွေ့, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန် - ကျော်ဝင်း
(ဘေးမှရပ်ကြည့်မနေနိုင်တော့သည့်လူတစ်ယောက်၏ အထူးစိုးရိမ်သောက)
ကျော်ဝင်း
အခါလည်လွန် ရင်တမမ
မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် ဘေးမှ ရပ်ကြည့်နေမြဲ စာရေးသူမှာ ရင်မနေရတော့သည်။ ဤအခိုက်မှာပင် ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ် အခြေစိုက် International Crisis Group ၏ ၂၀၁၂ ဧပြီ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော “ Reform in Myanmar: One Year On ” အမည်ရှိ စာတမ်းကိုဖတ်လိုက်ရရာ ပို၍ပင် ဂရုဓမ္မထားစောင့်ကြည့်နေမိသည်။ အဆိုပါ စာတမ်းက မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို မီးမောင်း ထိုးပြထားသလို ဖြစ်တန်ရာ စိန်ခေါ်ချက်များကိုလည်း ဖော်ထုတ်သတိပေးထားသည်။ ဆိုခဲ့ပါ စိန်ခေါ်ချက်များထဲမှ တစ်ခုမှာ ယခုလို “အပြောင်းအလဲများကြောင့် လူထု၏ မျှော်လင့်ချက်များမြင့်မားလာချိန်၊ ကာလတာရှည် ရှိနေခဲ့သော ထိန်းချုပ်မှုများလည်း လျော့ပါးလာချိန်၊ ဤကဲ့သို့သော အခြေအနေ အချိန် အခါမျိုးတွင် မတည်ငြိမ်မှုများ ထွက်ပေါ်လာနိုင်စရာ အလားအလာရှိပေသည်...”စသဖြင့်။
အားလုံးသိကြသည့်အတိုင်း အလုပ်သမားများ၏ သဘာဝကျသော လိုလားတောင်းဆိုမှုများ၊ မြို့ပြလူထု၏ ဖယောင်းတိုင်မီးကိုင် ဆန္ဒဖော်ထုတ်မှုများ၊ ကျောင်းသားလူငယ်များ၏ အနှစ်နှစ်အလလ မပြည့်ဝခဲ့ရသောချဉ်ခြင်း. .. စသည် စသည်များကို ဆက်တိုက်ဆိုသလို ကြားနေမြင်နေရရာ အရာအားလုံးကို စာနာနားလည်နိုင်သော်လည်း စိုးရိမ်မကင်းဖြစ်ရသည်များကိုမူ မတားနိုင်။ နိုင်ငံတကာအတွေ့အကြုံ များအရ နုနယ်သောဒီမိုကရေစီ၏ ကတိမ်းကပါးဖြစ်နိုင်ခြေများနှင့်နှိုင်းယှဉ်ချင့်တွက်ပြီး ဘုရားတနေရတော့သည်။ သို့နှင့်တိုင် စာရေးသူစိုးရိမ်သလိုကား မဖြစ်ခဲ့ပါ။ အခါလည်စ ကလေးငယ်မျှသာရှိသေးသော မြန်မာ့ဒီမိုကရေစီမှာ ဆိုခဲ့ပါ စိန်ခေါ်ချက်များကို အံ့သြဖွယ်ကောင်းလောက်အောင် လှလှပပဖြတ်ကျော်နိုင်ခဲ့ပါသည်။ ဤအတွက် ဒီမိုကရက်တစ် စိတ်ရှည်သည်းခံမှုကို လက်တွေ့ပြသ
ခဲ့ကြသော အစိုးရရော လူထုကိုပါ ချီးကျူးကျေးဇူးတင်မိသည်။
ဤသို့ သက်မချလို့မှ မဆုံးတတ်သေးမီမှာပင် နောက်ထပ်စိန်ခေါ်ချက်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်ကား ယခင်ကလို မဟုတ်လေတော့။
ဒီမိုကရက်တစ်စည်း ဘောင်များကိုကျော်ကာ အကြမ်းဖက်အသွင်အဖြစ် ဦးတည်လာသည်။ သာမန်တိုးမိတိုက်မိသည့် ၀ိရောဓိလေးမှာ မပြီးနိုင်၊ မစီးနိုင် ပြေချိန်တန်လို့မှ မပြေနိုင်ဖြစ်လေရာ ဆက်စပ်စဉ်းစားစရာတွေ မနည်းမနောရှိလာတော့သည်။ ဤကိစ္စမှာ သမိုင်းနှင့်ဆိုင်သလိုလက်ရှိ နိုင်ငံတကာအခင်းအကျင်းနှင့်လည်း ဆက်စပ်နိုင်သည်ဖြစ်ရာ မြန်မာ့ဇာတ်ပွဲတစ်ပွဲမှ သံဆန်းတစ်ပုဒ်လို “မပြေးသော် ကန်ရာရှိနေ၍၊ ဒွေးနှစ်ဖော် သံဝါညှိ” ကြသည်မျိုးပင်ဖြစ်ကောင်းဖြစ်လေမည်လား စဉ်းစားဖို့ရှိလာသည်။ အကယ်၍များ ညီနောင်သားချင်းချင်း အကျေအလည်ညှိကြရမည့် ဒီမိုကရက်တိုင်ဇေးရှင်း ထက်ကျော်ပြီး အမျိုးသားရေးပြဿနာဖြစ်လာမည်ဆိုလျှင် ခါတိုင်းလို ဘေးမှရပ်ကြည့်မနေနိုင်တော့ပါ။ နိုင်ငံသားတစ်ဦး၏ အထူးစိုးရိမ်သောကဟု ဆိုရတော့မည်ဖြစ်ပါသည်။
- ဇာစ်မြစ်နှင့် ဆက်စပ်အခြေအနေများ
နာမည်ကျော် အနာဂတ္တိ ဆရာဂျော့ဖရီးမင်းက သူ၏ အရောင်းသွက်စာအုပ် “ The Next 100 Years ” စာအုပ်တွင် ၂၁ ရာစုအတွင်း ပေါက်ကွဲလျှံကျလာနိုင်စရာရှိသည့် “ပထ၀ီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းများ” ( Geopolitical Fault Lines) များကို ရေတွက်ပြရာ “ထိစပ်နယ်မြေများ” ( Borderlands ) ကို အထူးအန္တရာယ်တစ်ခုအဖြစ်ဖော်ပြထားပါသည်။ ထိစပ်နယ်မြေ ဆိုသည်မှာ သာမန်နယ်စပ်ဒေသ ( Frontier ) နှင့်မတူပါ။ အိမ်နီးချင်း နိုင်ငံနှစ်ခု၏ ဆက်စပ်နယ်မြေဖြစ်သည့်တိုင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ အကြိမ်ကြိမ်အပြောင်းအလဲရှိသည့်ဒေသမျိုးကို ဆိုလိုသည်။ ဤဒေသမျိုးတွင် ထွေပြားသောယဉ်ကျေးမှုပေါင်းစုံ ရှိနေတတ်သလို သစ္စာခံမှုအမျိုးမျိုးလည်း ရှိနေတတ်ရာ မတည်ငြိမ်မှု၏ ရေခံမြေခံများ အပြည့်ရှိနေ သည်ဟုဆိုပါသည်။ ရှုပ်ထွေးသော နိုင်ငံတကာဆက်စပ်အခြေအနေနှင့်ဆုံမိကြုံမိလျှင် ဤဒေသမျိုးရှိ သာမန်ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများသည်ပင် ဆိုးဆိုးရွားရွားအခြေအနေထိ ဦးတည်သွားတတ်သည်ဟုဆိုခဲ့ပါအနာဂတ္တိဆရာက သတိပေးထားသည်။ ဥပမာ-ပြင်သစ်နှင့် ဂျာမနီကြားမှ အဲလ်ဆက်နှင့်လော်ရိန်း၊ အိန္ဒိယနှင့်ပါကစ္စတန်ကြားမှ ကက်ရှ်မီးယား၊ ဆားဘီးယားနှင့် အယ်လ်ဘေးနီးယားကြားမှ ကိုဆိုဗိုစသည်တို့ဖြစ်သည်။ လက်ရှိမက္ကဆီကိုနှင့် အမေရိကန်နယ်စပ်မှာလည်း အလားတူ အန္တရာယ်ထိစပ်နယ်မြေဟု ထောက်ပြပါသည်။
မြန်မာနိုင်ငံတွင်လည်း ဤသို့သော ထိစပ်နယ်မြေမျိုး ရှိသလောက်ရှိသည်။ ယနေ့ပြဿနာ ကြုံနေရသော ဘူးသီးတောင်၊ မောင်တောဒေသမှာ ဤလိုနယ်မြေမျိုးဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာလည်း ကိုလိုနီစနစ်၏ အမွေဆိုးဟု ဆိုရပါလိမ့်မည်။ ပြောရလျှင် ဇာတ်၏အစမှာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပင်ဖြစ်သည်။
ဤစစ်ပွဲအပြီးမှာပင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အင်္ဂလိပ်ကိုလိုနီဖြစ်သွားခဲ့ရတော့သည်။ဤသည်နှင့် မရှေးမနှောင်းမှာပင် အင်္ဂလိပ်အစိုးရက မြေရိုင်းဝေငှသည့်ဥပဒေများပြဋ္ဌာန်းလိုက်သောအခါ စစ်တကောင်းနယ်မှ မွတ်ဆလင်ဘာသာဝင်များ အလုံးအရင်းနှင့် ၀င်ရောက်လာကြပြီး ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မင်းပြား၊ မြေပုံ စသည့်ဒေသတို့တွင် ရွာများတည်ထောင်နေထိုင်လာကြသည်။ ကနဦးကာလကမူ ရိုးသားအေးဆေးသော ရခိုင်တိုင်းရင်းသားများနှင့် မည်သည့်ပြဿနာမှရှိခဲ့သည် မဟုတ်ပါ။ အေးအတူပူအမျှ ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့ကြသည်သာဖြစ်ပါသည်။ သို့တစေ လူမျိုးသဘာဝအရ မွေးနှုန်းမတူသည့် အချက်ကရေရှည်တွင် အကွာအဝေးတစ်ခုဖြစ်တည်လာစေခဲ့သည်။ ၁၈၃၂ ခုနှစ်က စစ်တွေခရိုင်၏လူဦးရေမှာ တစ်သိန်းကျော်သာရှိခဲ့ရာမှ ၁၉၃၁ ခုနှစ်တွင် ခြောက်သိန်းကျော်ရှိလာပြီး ၁၉၄၁ ခုနှစ်တွင်မူ ခုနစ်သိန်းခွဲကျော်အထိတိုးပွားလာခဲ့သည်။ ဤသို့ တိုးပွားလာသည်မှာလည်း အဓိကအားဖြင့် စစ်တကောင်းသားများပင်ဖြစ်ရာ
၁၉၄၂ ခုနှစ် ဘူးသီးတောင်၊ မောင်တော၏ စစ်တကောင်းသားလူဦးရေမှာ သုံးသောင်းကျော်အထိဖြစ်လာပြီး မူလ တိုင်းရင်းသားရခိုင်တို့မှာ အနည်းစုဖြစ်လာတော့သည်။
ဤအချိန်လောက်မှစ၍ အနည်းစု အများစု တိုးမိတိုက်မိသည်များ စတင်လာခဲ့ခြင်းဖြစ်သည်။ ဤအခြေအနေကို ပို၍ ဆိုးရွားစေသည်မှာ ဒုတိယကမ္ဘာစစ်ကြီးပင်ဖြစ်သည်။ စစ်အစပိုင်း အင်္ဂလိပ်တပ်များ အဆုတ်တွင် စစ်တွေခရိုင်အတွင်း လက်နက်ခဲယမ်းအမြောက်အမြား ကျန်ရစ်ခဲ့ရာမှ သာမန် ၀ိရောဓိများမှာ လက်နက်ကိုင်အကြမ်းဖက် အဓိကရုဏ်းများအထိ အခြေအနေဆိုးလာလေတော့သည်။ နောက်ဆုံး ရခိုင်တိုင်းရင်းသားအမြောက်အမြား စစ်တကောင်းနယ်ထဲသို့ ဒုက္ခသည်များအဖြစ် ပြောင်းရွှေ့သွားရသည်များပင်ရှိသည်။ စစ်ကြီးအပြီး အင်္ဂလိပ်တပ်များ ပြန်အရောက် အဆိုပါ ရခိုင်ဒုက္ခသည် များကို မူလနေရာဟောင်းသို့ ပြန်လည်အခြေချပေးခဲ့သော်လည်း အာဃာတအမုန်းမီးပွားများကိုကား မငြှိမ်းသတ်နိုင်တော့ပါချေ။
စစ်ပြီးခေတ် အရှုပ်အထွေးများအောက်တွင် ပြဿနာမှာ အကြမ်းဖက်နိုင်ငံရေးသဘောဆောင်လာပြီး မူဂျာဟစ်အမည်ဖြင့် လျှို့ဝှက်လက်နက်ကိုင်အဖွဲ့အစည်းများပေါ်ထွက်လာခဲ့ သည်။ လွတ်လပ်ရေးခေတ်ဦး ရန်ကုန် အစိုးရကာလ ၁၉၄၉-၅၀ မှာဆိုလျှင် ဘူးသီးတောင်နှင့် ရသေ့တောင်တို့မှာ မူဂျာဟစ်သူပုန်များလက်အောက်တွင်ကျရောက်ခဲ့ရသည်။ မူဂျာဟစ်တို့၏ရည်မှန်းချက်မှာ သီးခြားအစ္စလာမ်မစ်နိုင်ငံတည်ထောင်ရေးပင်ဖြစ်သည်။ (Hugh Timker:The Union of Burma-Page 34)ထိုနောက်ပိုင်း (၁၉၅၁-၅၂ နှင့် ၅၄) မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများဖြင့် အဆင့်ဆင့်နှိမ်နင်းပြီး မှသာ တစ်စုံတစ်ရာ တည်ငြိမ်ခြေကိုပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်
သည်။ သို့တစေ ပြဿနာကို အပြီးအပြတ်ဖြေရှင်းနိုင်ခဲ့သည်ကား မဟုတ်။ စစ်အေးလွန်ခေတ်၏ အခြေအနေသစ်အောက်တွင် ရိုဟင်ဂျာဆိုသော အမည်သစ်ဖြင့်ပြန်လည်လှုပ်ရှားလာပြန်သည်။ ယခုတစ်ကြိမ် ထူးခြားချက်ကား ဒီမိုကရေစီချန်ပီယံဆိုသော မီဒီယာအချို့ကိုယ်တိုင်က မီးလောင်ရာလေပင့်လုပ်လာကြခြင်းပင်ဖြစ်သည်။
အမှန်စင်စစ် ယနေ့ရခိုင်အရေးမှာ အဆိုပါမီဒီယာအချို့ စွပ်စွဲပြောဆိုနေသလို လူနည်းစု ဘာသာဝင်များ၏အရေးမဟုတ်။ လူနည်းစုတိုင်းရင်းသားများ၏ အရေး ပို၍ပင်မဟုတ်။ ကိုလိုနီအမွေဆိုးမှ အကြောင်းခံပေါ် ထွက်လာသော အတိမ်းအစောင်းမခံသည့် ထိစပ်နယ်မြေပြဿနာပင်ဖြစ်သည်။ ဤပြဿနာကို မျက်မှောက်ခေတ်နိုင်ငံတကာ အခင်းအကျင်းမှ ထွက်ပေါ်လာ တန်ရာသော အမှောင့်ပယောဂများနှင့်ချိတ်ဆက်စဉ်းစားလိုက်လျှင် နုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီရေးအတွက်သာမက မြန်မာ့အချုပ်အခြာအာဏာအတွက်ပါ မထိတ်သာမလန့်သာ အကျိုးဆက်များ ခုနစ်စဉ်အမျှင်အတန်းဖြစ်ကောင်းဖြစ်လာနိုင် လေမလား စဉ်းစား
စရာတွေရှိနေသည်။ အထူးသဖြင့် စစ်အေးလွန်ဂလိုဘယ်လိုက်ဇေးရှင်း၏ နိုင်ငံတကာ အကြမ်းဖက်ဝါဒအန္တရာယ်။ ဤအန္တရာယ်မှာ လျော့ပါးသက်သာသွားပြီဆိုကြသော်လည်း တကယ်တော့ ပစ်မှတ်ပြောင်းသွားခြင်းသာဖြစ်သည်။ ယခင်ဖွံ့ဖြိုးပြီး ရှေ့တန်းရောက်နိုင်ငံကြီးများမှ အားနည်းချည့်နဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများသို့
ချိန်ရွယ်ချက် ပြောင်းသွားခြင်းသာဖြစ်သည်။ ဤသို့ ပစ်မှတ်ရွေးချယ်ကြရာတွင်လည်း အစိုးရနှင့်လူထုကြား ယုံကြည်မှုမကောင်းလှသော နိုင်ငံငယ်လေးများကိုဦးစားပေးလေ့ရှိ သည်ကို သတိချပ်ကြဖို့လိုမည်ထင်ပါသည်။
- မြန်မာ့စိတ်ရင်း
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၏ နောက်ထပ် ထူးခြားဖြစ်စဉ်တစ်ရပ်မှာ “ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြသည်များ”
( Migration) ရှေ့ရောက်လာခြင်းပင်ဖြစ်သည်။ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်ကြသည်နှင့် ထိစပ်နယ်မြေအတွင်း စိမ့်ဝင်ပျံ့နှံ့ကြသည်တို့မှာ သဘောသဘာဝချင်းမတူကြပါချေ။ ထိစပ်နယ်မြေပြဿနာများ သစ္စာခံမှုထွေပြားသည်သာဖြစ်၍ အန္တရာယ်လမ်းကြောင်းဟု သတ်မှတ်ကြရသော်လည်း သမားရိုးကျရွှေ့ပြောင်းနေထိုင်မှုမှာဖြစ်ရိုးဖြစ်စဉ်သဘော မျှသာဖြစ်ပါသည်။ ရွှေ့ပြောင်းနေထိုင်ကြသူများဘက်မှ ၎င်းတို့ ရောက်ရှိရာနိုင်ငံအပေါ် သစ္စာခံကြသလို သက်ဆိုင်ရာနိုင်ငံများဘက်မှလည်းသူတို့တစ်တွေကို နိုင်ငံသားအခွင့်အရေးအဆင့် ဆင့်ပေးကြသည်သာဖြစ် ပါသည်။ သို့တိုင်အောင်အဖြစ်သာ သဘောယူပြီး Nationality အဖြစ်ကား မည်သည့်နိုင်ငံကမှ သဘောထားကြသည်မဟုတ်ပါ။ ယနေ့ အရင့်ကျက်ဆုံး ဒီမိုကရေစီနိုင်ငံ အမေရိကမှာပင် ဤအတိုင်းဖြစ်သည်။
မြန်မာ့သမိုင်းကို ပြန်ကြည့်လိုက်လျှင် ပုဂံခေတ်ဦးလောက်က ပင် နိုင်ငံရပ်ခြားနှင့် ကူးလူးဆက်ဆံမှုများ ရှိသလောက်ရှိခဲ့သည်သာဖြစ်ပါသည်။ ဥပမာ-ဗျတ်ဝိ၊ ဗျတ္တဇာတ်လမ်းကိုပင်ကြည့်..။ သူတို့ညီနောင်မှာ ပင်လယ်ဖြတ်၍ရောက်ရှိလာသော တစ်မြေရပ်ခြားမှ ဘာသာခြားတွေဖြစ်သည်။ သို့တစေ ဗုဒ္ဓဘာသာဝင် ပုဂံသားတွေက သူတို့နှစ်ယောက်ကို သူရဲကောင်းအဖြစ် ချစ်ကြသည်။ သူတို့ ကွယ်လွန်သည်အထိပင် သုံးဆယ့်ခုနစ်မင်းစာရင်းသွင်း ကိုးကွယ်သည်အထိ ချစ်ခဲ့ကြသည်။
ထားတော့-ဤဇာတ်လမ်းမှာ သမိုင်းမဟုတ်၊ ပုံပြင်မျှသာဟု ဆိုစေဦး၊ အခြားအထောက်အထားတွေ မနည်းမနောရှိသည်။ ကုန်းဘောင်ခေတ်ကဆိုလျှင် မွတ်ဆလင်ဘာသာဝင်တစ်ဦးကိုပင် ဘုရင်ကိုယ်တိုင်က မြို့တော်ဝန်အဖြစ် မြှောက်စားဖူးသည်။ အမရပူရမြို့ဝန်ဘိုင်ဆတ်။ ထို့ထက် ယနေ့ထက်တိုင် မြန်မာလူထုမမေ့နိုင်ကြသေးသည့် ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးခဲ့ရသော ဆရာကြီးဦးရာဇတ်မှာ မွတ်ဆလင်ဘာသာဝင် သူတော်ကောင်းကြီးဖြစ်သည်။ ဤတွင် ပြောလိုသည်မှာ လူမျိုး၊ဘာသာ မခွဲခြားဘဲ သူရဲကောင်းဆိုလျှင် ချစ်ခင်မြတ်နိုးတတ်သည့် မြန်မာ့အစဉ်အလာ မြန်မာ့စိတ်ရင်းအကြောင်းဖြစ်ပါသည်။
ဤအစဉ်အလာ ဤစိတ်ရင်းကို မြန်မာတွေထိန်းသိမ်းကြရပါလိမ့်မည်။ လက်တွေ့ကျကျ ပြသရပါလိမ့်မည်။ ဒီမိုကရေစီနှင့် ထိုက်တန်သောလူမျိုးဖြစ်ကြောင်းကမ္ဘာက သိစေရပါမည်။ တစ်ပြိုင်နက်တည်းမှာပင်ရှုပ်ထွေးပွေလီ မာယာများလှသော ကမ္ဘာ့နိုင်ငံရေးကျားကွက်တွင် အမျိုးသား ရေးသတိမမေ့မလျော့ရှိကြဖို့လည်းလိုမည်ထင်ပါသည်။ ဂရိတ်ပါဝါယှဉ်ပြိုင်ပွဲတွင် နိုင်ငံငယ်လေးများမြေဇာပင်ဖြစ်ကြရသည့် သာဓကတွေ၊ သမိုင်း၊ ဇာတ်ခုံထက်တွင် မမြင်ချင်အဆုံး တွေ့ခဲ့ရပြီ
မဟုတ်ပါလော။ ဒုတိယကမ္ဘာစစ်အကြိုကာလက ဗြိတိသျှနန်းရင်းဝန် ချိန်ဘာလင်၏ ဟစ်တလာ ချော့မြှူရေးပေါ်လစီအရ အဲလ်ဆက်နှင့် လော်ရိန်းဖက်ဆစ်ကျားစာဖြစ်ခဲ့ရသည်ကို သတိချပ်ကြရပါလိမ့်မည်။ လာတော့မည့် လွှတ်တော်အနေနှင့် အဆိုပါသတိ၊ အဆိုပါအသိဖြင့် အခါလည်သား မြန်မာ့ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ပါစေသတည်း။ ။
စာညွှန်း -
၁ ။ ကိုလိုနီခေတ် ဘားမားဂဇက်တီးယားစာစောင်များ
၂ ။ The Union of Burma (Myanmar) by - Hugh Timker
၃ ။ The Next 100 Years by - George Friedman
Posted by Ko Nyan Posted Time 1:57 PM 0 Comment(s)
Labels Political, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
Saturday, June 23, 2012
နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည့်မိန့်ခွန်းနှင့် ကျွန်တော့်ခံစားချက်များ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ စနေနေ့။
ညနေ ၄ နာရီ ၂၂ မိနစ်။
Posted by Ko Nyan Posted Time 4:29 PM 0 Comment(s)
Labels Political, ကျွန်တော့်အတွေးများ, စု၊ တု၊ ပြု, မြန်မာ-Myanmar, နိုင်ငံရေး
Wednesday, June 20, 2012
ဆရာလူထုစိန်ဝင်းအတွက် ၀မ်းနည်းကြေကွဲရပါကြောင်း
Posted by Ko Nyan Posted Time 5:54 PM 0 Comment(s)
Labels ကျွန်တော့်အတွေးများ
Thursday, June 14, 2012
ဖတ်မိ၊ ကြားမိသော သတင်းများနှင့် ကျွန်တော့်အတွေးများ
(၁)
မငြိမ်သက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့၊ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ စစ်တွေမြို့မှာ အခြေအနေတွေ ငြိမ်သက်စ ပြုနေပြီလို့ သိရပါတယ်။ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းထိန်းသိမ်းနေတာမှ မငြိမ်းချမ်းရင်လည်း စစ်ဖြစ်ဖို့ ရှိတော့တယ်လို့ တွေးမိတယ်။ ဒါတောင်မှ ဟိုဘင်္ဂါလီက ဟိုရွာကို မီးရှို့လိုက်၊ ဒီရွာကို ဒါလုပ်လိုက်ဆိုတဲ့ အသံတွေ ကြားနေရသေးတယ်။ စစ်တွေမှာ ဘယ်လိုရှိသလဲ သေချာမသိ၊ မမြင်ရပေမယ့် အင်တာနက်ပေါ်မှာတော့ တိုက်ပွဲတွေ အတော်ပြင်းထန်တာ တွေ့ရပါတယ်။ သတင်းတစ်ခုတက်လာတိုင်း ကွန်းမန့်ပေးသူတွေက ဆော်ဟ၊ ချဟ၊ သတ်ဟ၊ ဖြတ်ဟ၊ ပစ်ဟ၊ ခတ်ဟ ဆိုတာချည်းပါပဲ။ ကိုယ်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဆိုတာလည်း မေ့မထားကြပါနဲ့ဦး။ မေတ္တာတရားတို့၊ သည်းခံမှုတို့၊ စိတ်ရှည်မှုတို့ကို သတိရပေးကြပါဦး။ အမျိုးချစ်စိတ်၊ ဇာတိမာန်စိတ်နဲ့ စိတ်ပါလက်ပါ ဖြစ်ကြတာကို နားလည်ပါတယ်။ ကျွန်တော်လည်း မဖြစ်ဘူးမဟုတ်ပါဘူး။ ဖြစ်တာမှ သိပ်ဖြစ်တာပါပဲ။ တွေ့ရာလက်နက်ဆွဲပြီး ရခိုင်ကို သွားလိုက်ချင်ပါတယ်။ ရန်ကုန်ဘဆွေ ရေးတဲ့ မြန်မာပြည်သားဝတ္ထုထဲကဇာတ်ကောင် ဘုရားရှိခိုးတဲ့ စာသားလေးတွေကိုတောင် ပြန်သတိရမိလိုက်ပါသေးတယ်။ အတိအကျ ပြန်ရေးပြချင်လို့ အင်တာနက်ပေါ်မှာ မြန်မာပြည်သား ၀တ္ထုစာအုပ်ကို လိုက်ရှာတာ ဘယ်မှာမှ မတွေ့ပါဘူး။ အဲဒါကြောင့် ကျွန်တော် မှတ်မိသလောက်ပဲ ပြန်ရေးပြပါရစေ။ မှားနေရင်လည်း နားလည်ပေးပါ။ "..... ငါ့၌ တာဝန်တွေများစွာ ရှိသေးသည်၊ ကုန်းမှာပဲနေနေ၊ ရေမှာပဲသေသေ၊ လေမှာပဲ ကြေကြေ၊ အထွတ်အထိပ်၌သာ ငါနေမည်၊ အိမ်သည်ကို ဧည့်သည်မစော်ကားရ၊ ကျူးကျော်လာသော ရန်သူကို လက်စားချေလော့၊ အာမဘန္တေ" ဆိုတာပါ။ မြန်မာပြည်သားစာအုပ်လေးများ ရှိခဲ့ရင်လည်း ကျွန်တော့်ကို လက်တို့ကြဖို့ တောင်းပန်ပါရစေ။ အစိုးရဟာ ရခိုင်ပြည်နယ်အရေးကို သတိရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နေတယ်လို့ ယုံကြည်ပေးထားကြဖို့ ကျွန်တော်ကပဲ ကြားထဲကနေ အခမဲ့အကျိုးဆောင်ပြီး ပြောပါရစေ။
(၂)
ကျောက်နီမော်ကျေးရွာမှာ ရခိုင်တိုင်းရင်းသူ မသီတာထွေးကို လူမျိုးခြား လူငယ် ၃ ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့သတင်းကို ရေးသားဖော်ပြရာမှာ စာပေစိစစ်ရေးကို မတင်ပြခဲ့တဲ့ မှုခင်းဖြစ်ပွားရာနေရာဓာတ်ပုံကို ထည့်သွင်းဖော်ပြထုတ်ဝေခဲ့တဲ့အတွက် လျှပ်တစ်ပြက်သတင်းဂျာနယ်ကို ထုတ်ဝေခွင့် ရပ်စဲထားတယ်လို့ ဖတ်လိုက်ရပါတယ်။ ကျွန်တော့်အမြင်ကို မပြောလိုတော့ပါ။ သူ့ဘက်နဲ့သူ မှန်နေတယ်လို့ မြင်ပါတယ်။ သတင်းသမားဆိုတာက မြင်သမျှ၊ တွေ့သမျှကို ရေးချင်ပါတယ်။ အစိုးရပိုင်းဆိုတာကျတော့ မသင့်လျော်ဘူးထင်ရင်၊ တစ်ခုခုကို ဦးတည်သွားစေနိုင်တယ်လို့ထင်ရင် မဖော်ပြစေချင်ပါဘူး။ စာဖတ်သူတွေကပဲ ကိုယ့်အယူအဆနဲ့ကိုယ် မြင်ကြ၊ တွေးကြစေချင်ပါတယ်။ အရိယာပုဂ္ဂိုလ်ကြီးတွေဟာ နတ်တွေ၊ နာနာဘာဝတွေ၊ သူရဲတစ္ဆေတွေ၊ မကောင်းဆိုးဝါးတွေကို မြင်နိုင်တွေ့နိုင်တယ်လို့ ကြားဖူး၊ ဖတ်ဖူးပါတယ်။ ဒါပေမယ့် လူတွေကိုတော့ အဲဒီမြင်ကွင်းတွေ ပေးမမြင်ကြပါ။ ပြောမပြကြပါ။ ဘာကြောင့်လဲဆိုတာကိုတော့ ရှင်းပြရန်မလိုဘူးလို့ ယူဆပါတယ်။ တွေးဆဆင်ခြင်ကြပါကုန်။
(၃)
ဦးသိန်းစိန် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မတက်ဖြစ်ခဲ့တဲ့ သတင်းဟာ အခုအချိန်အထိ မီးမသေသေးတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဦးသိန်းစိန်ဘက်က အပြည့်အ၀ ထောက်ခံလိုက်ပါသည်ခင်ဗျား။ သံခင်းတမန်ခင်းဆိုင်ရာ ကျင့်ဝတ်များတွင် နိုင်ငံအချင်းချင်း ဆက်ဆံရာ၌ လိုက်နာရသည့် ကျင့်ဝတ်များ ရှိကြပါသည်။ မည်သည့်အချက်တွေသည် မည်သို့အဓိပ္ပါယ်ဆောင်နေသည် ယခုစာဖတ်နေသူများက ကျွန်တော့်ထက် ပိုမိုနားလည်ကြသည်ဟု ယုံကြည်သည့်အတွက် မိချောင်းမင်းကို ရေခင်းမပြလိုတော့ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများသည်လည်း မည်သည့်အဓိပ္ပါယ်သို့ သက်ရောက်သွားစေခဲ့ကြောင်း အားလုံးတွေးဆဆင်ခြင် နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တင်ပေးထားသည့် မြန်မာ့မျှော်လင့်ချက် ခေါင်းဆောင်ကြီးများသို့ ဟူသည့် မောင်အေးချမ်း ၏ ဆောင်းပါးကိုလည်း ဖတ်ကြည့်ကြစေလိုပါသည်။ စာဖတ်သူများကို တစ်ခုလောက် အကြံပြုချင်ပါသည်။ ထိုင်းခရီးစဉ်နှင့် ပတ်သက်သည့် သတင်းများကို ဖတ်ရကြားရတိုင်း နိုင်ငံတော်သမ္မတကြီး၏ နေရာမှ ၀င်ရောက်ခံစားပေးပြီး "ငါသာ သမ္မတကြီးဆိုရင်......" ဆိုသည့်အတွေးဖြင့် နားလည်ပေးကြစေလိုခြင်း ဖြစ်ပါသည်။
(၄)
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်နှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးလိုပါ။ သူ့အလုပ် သူလုပ်ခြင်း ဖြစ်သည်ဟုသာ နားလည်ပါသည်။ တချို့ကတော့ ၀မ်းနည်းပက်လက် ဆိုကြပါသည်။ ရခိုင်မှာ ဒီလောက် ဖြစ်နေတာ၊ တို့အန်တီစုက နိုင်ငံခြားကိုတောင် ခရီးထွက်နေလိုက်သေးတယ် ဟု။ ဟုတ်ကဲ့၊ စာဖတ်သူများခင်ဗျား၊ အန်တီစုသည် သမ္မတကြီး မဟုတ်ပါ။ ထို့ကြောင့် သူ့ခရီးစဉ်ကို ဖျက်ရလောက်အောင် သူ့တွင် တာဝန်မရှိပါ။ သူ့သားသမီးအရင်းတွေနှင့် တွေ့ဖို့ရအတွက်သာ ပိုမိုလိုလားပါလိမ့်မည်။ ကင်မ်အဲရစ်များ စစ်တွေမှာ နေရင်တော့ မပြောတတ်ပါပေါ့ခင်ဗျာ။ ရခိုင်အရေးနှင့် ပတ်သက်၍ ဒေါ်စုပြောသမျှတွေသည် အငြင်းပွားစရာများချည်း ဖြစ်ကြပါသည်။ သီးသန့်စုစည်း၍ တင်ပေးနိုင်အောင် ကြိုးစားပါဦးမည်။ တစ်ခုပဲ စိုးရိမ်ပါသည်။ ရောက်နေတာက ဥရောပနိုင်ငံများ၊ ဖြစ်နေတာက ရခိုင်ပြည်တွင်၊ သတင်းပေးပို့သူတွေက သူ့လက်အောက်ခံတွေ၊ အခမ်းအနားများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မှတ်ချက်များ၊ အမြင်များ ပြောကြားသည့်အခါ မြန်မာပြည်သူပြည်သားများအတွက် အခံရခက်စေမည့်၊ စိတ်တိုဒေါသထွက်စေမည့် အဆင်အခြင်မဲ့ စကားများကို မပြောဖြစ်ပါစေနဲ့ဟူ၍ ဖြစ်ပါသည်။ ဒေါ်စု စိတ်နှလုံးကြည်ကြည်လင်လင်နဲ့ ထိန်းထိန်းသိမ်းသိမ်း စကားပြောနိုင်ပါစေ။
(၅)
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရစေချင်ကြသည်ဟု တီးတိုးတီးတိုး ပြောနေကြပါသည်။ တချို့ကလည်း ကျွန်တော့်အမြင်ကို မေးကြပါသည်။ ကျွန်တော် တစ်ခွန်းပဲ ပြန်ဖြေလိုက်ပါသည်။ "လုပ်ရပ်တွေ၊ အရည်အချင်းတွေနဲ့ ကြည့်ရင်တော့ ဦးသိန်းစိန်ကို ရှိသမျှဆုတွေ အကုန်လုံး ပေးလို့ရတယ်၊ ဒါပေမယ့် ပေးမယ့်လူတွေနဲ့၊ ပေးမယ့်လူတွေကို လွှမ်းမိုးနေတဲ့လူတွေက ဦးသိန်းစိန်ကို ရစေချင်သလား၊ မရစေချင်ဘူးလားဆိုတဲ့ အခြေအနေအပေါ်မှာပဲ မူတည်တယ်" ဟု ဖြစ်ပါသည်။ လူတိုင်းတွင် ကိုယ့်အတွေးနှင့်ကိုယ် ရှိကြပါလိမ့်မည်။
မြန်မာ့သွေးမိတ်ဆွေများအားလုံး စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ...
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ ကြာသပတေးနေ့။
နံနက် ၁၀ နာရီ ၁၂ မိနစ်တွင်ပြီး၏။
Posted by Ko Nyan Posted Time 10:13 AM 0 Comment(s)
Labels news, ကျွန်တော့်အတွေးများ, သတင်း-News
U Nu and his moral
.................
...................................................
တကယ်သန့်ရှင်းတဲ့ ဦးနု
ဦးနုအကြောင်းပြောရင် သန့်ရှင်းဖဆပလ ဆိုတဲ့ နာမည်လည်း တွဲလျက်ပါတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို ဦးနုရဲ့ ကိုယ်ကျင့်သိက္ခာ သန့်ရှင်းမှုနဲ့ ကိုယ်ကျိုးစီးပွား သန့်ရှင်းမှုကိုလည်း အထူးပြု ပြောစရာရှိတယ်။
ဦးနု ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ပြောခဲ့တဲ့ စကားတစ်ခွန်းကို ဖဆပလကနေ သန့်ရှင်းနဲ့ တည်မြဲ ကွဲပြီးချိန် သတင်းစာတွေက အလေးထား ဖော်ပြခဲ့ကြဖူးတယ်။ "ကျွန်တော် ၀န်ကြီးချုပ်ရာထူးက ထွက်ခွာသွားချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဥစ္စာပစ္စည်းတွေကို စစ်ဆေးပါ။ ၀န်ကြီးချုပ် မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ၊ ကျွန်တော် ခံပါ့မယ်" ဆိုပြီး ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့တာ ဖြစ်တယ်ဗျာ။ သူပြောခဲ့တဲ့ အတိုင်းပါပဲ။ ဦးနုနဲ့ ပတ်သက်ပြီး သူရဲ့ အတိုက်အခံတွေဘက်က တခြား မကျေနပ်တာတွေ ရှိရင် ရှိမယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားတဲ့ ဦးနု ဆိုတဲ့ စွပ်စွဲမှုမျိုးတော့ ကျွန်တော် ကြားလည်း မကြားဖူး၊ ဖတ်လည်း မဖတ်ဖူးဘူးဗျ။
ကျွန်တော်တို့တိုင်းပြည်မှာ အဲသလို သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းလာစေချင်ကြောင်းပါ ခင်ဗျ။
Posted by Ko Nyan Posted Time 9:15 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ
Wednesday, June 13, 2012
ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ၏ မေတ္တာရပ်ခံချက်
Posted by Ko Nyan Posted Time 1:11 PM 0 Comment(s)
Labels news, သတင်း-News
မြန်မာ့မျှော်လင့်ချက် ခေါင်းဆောင်ကြီးများသို့ - မောင်အေးချမ်း (ဟားဗတ်တက္ကသိုလ်)
Posted by Ko Nyan Posted Time 10:53 AM 0 Comment(s)
Labels စာအုပ်မှတ်စုများ
Friday, June 08, 2012
New 10000 Kyats Note
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။ လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။
ငွေစက္ကူ အသစ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
တစ်သောင်းကျပ်တန် ငွေစက္ကူ
အရွယ်အစား။ ၁၅ x ၇ စင်တီမီတာ
ပေါ်လွင်သောအရောင်။ အပြာရောင်
မျက်နှာစာဘက်။ ထိပ်ပိုင်းတွင် "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ဝန်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထား ပါသည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားသည့် မြန်မာစာတန်း "တစ်သောင်းကျပ်" ကိုလည်း ရိုက်နှိပ်ထား ပါသည်။ လက်ယာဘက်ပိုင်းတွင် မြန်မာ့ အနုပညာလက်ရာမြောက် ကနုတ်ပန်းခက် များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာ ပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုး တစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။
ကျောဘက်။ ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။
Posted by Ko Nyan Posted Time 9:27 AM 0 Comment(s)
Labels news, သတင်း-News
Hints of a Rift Between Myanmar’s Political Reformers By THOMAS FULLER
Posted by Ko Nyan Posted Time 9:05 AM 0 Comment(s)
Labels Political, မြန်မာ-Myanmar
Wednesday, May 30, 2012
Daw Su & Thailand
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၉ နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum on East Asia 2012 သို့ တက်ရောက်မည်ဟု သတင်းများတွင် ဖော်ပြထားသည်။
Photo from EMG
Posted by Ko Nyan Posted Time 1:02 AM 0 Comment(s)
Labels news, Political, သတင်း-News
Friday, May 18, 2012
ထူးခြားသတင်းများ
(၁)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်ကို ခန့်အပ်လိုက်ကြောင်း သမ္မတ အိုဘားမားက ကြေညာခဲ့သည်။
Source: http://www.whitehouse.gov/the-press-office/2012/05/17/statement-president-burma
(၂)
- Hillary Rodham Clinton _ Secretary of State
[ May 17, 2012 ]
Source: http://www.abc.net.au/news/2012-05-18/us-eases-burma-sanctions/4018916
(၃)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် သည် ဖျားနာနေသဖြင့် နေအိမ်တွင် အနားယူလျက်ရှိကြောင်း သိရှိရသည်။
Source: http://abcnews.go.com/International/wireStory/myanmar-president-feeling-ill-resting-home-16374269
Posted by Ko Nyan Posted Time 11:05 AM 0 Comment(s)
Labels news, သတင်း-News
တိုင်းပြည်စည်ပင်ရာ အကြောင်း ၁၀ ပါး
၁။ နေလဂြိုဟ်သွားမှန်သည်။
၂။ မိုးမှန်စွာရွာသည်။
၃။ မြေသြဇာရှိ၍ အသီးကောင်းသည်။
၎။ သစ်ကျားစသော အန္တရာယ်မရှိသည်။
၅။ မုဒိန်းတန္တငြိမ်းသည်။
၆။ စစ်မက်မရှိသည်။
၇။ အချင်းချင်း မညှင်းဆဲသည်။
၈။ တရားဖြောင့်သည်။
၉။ ရတနာသုံးပါးကို ရိုသေကြသည်။
၁၀။ ရဟန်းတို့ သာသနာတော်ကို စောင့်သည်။
စာတွေပြန်ရှာဖတ်ရင်းနဲ့ တွေးနေမိတဲ့ အကြောင်းအချက်လေးတွေပါ။ ဘာမှမဟုတ်တဲ့ မဖြစ်ညစ်ကျယ်ဉာဏ်လေးနဲ့ အချို့အချက်တွေကို သဘောမတူချင်ပေမယ့် အားလုံးနီးပါးက အခုအချိန်အထိ မှန်ကန်နေဆဲဆိုတာ တွေ့ရတယ်။ ရှေးပညာရှိတွေရဲ့ ဉာဏ်ကြီးရင့်မှုကို အံ့သြမဆုံး ဖြစ်ရတယ်။ သဘာဝနက္ခတ်ပါတယ်၊ ရာသီဥတုပါတယ်၊ သဘာဝပတ်ဝန်းကျင်ပါတယ်၊ ရဟန်းရှင်လူတွေပါတယ် စသည်ဖြင့်ပေါ့လေ။ ဆက်တွေးမိတော့ အခုလက်ရှိ ကျွန်တော်တို့နိုင်ငံရော အဲဒီအချက် ၁၀ ချက်ထဲက ဘယ်နှချက်နဲ့များ ညီညွတ်နေပြီလဲလို့ တွေးမိတယ်။ ဟူး ဆိုတဲ့ သက်ပြင်းတစ်ခု ချမိတယ်။ ဘာကြောင့်လဲ။ ကျွန်တော့်နိုင်ငံကို စည်ပင်စေချင်တာကိုး၊ ဖွံ့ဖြိုးစေချင်တာကိုး၊ တိုးတက်စေချင်တာကိုး။ သေချာတာကတော့ တိုင်းပြည်စည်ပင်ဖို့အတွက် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ပါတီကသာ ဆောင်ရွက်နိုင်တာမဟုတ်ဘူးလို့ ဆက်တွေးမိတယ်။ ကိုယ့်တာကို ကိုယ်လုံအောင် စောင့်ကြလျှင်ဖြင့် ...................။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ မေလ ၁၈ ရက်၊ သောကြာနေ့။
နံနက် ၁ နာရီ ၃၃ မိနစ်။
Posted by Ko Nyan Posted Time 1:34 AM 0 Comment(s)
Labels ကျွန်တော့်အတွေးများ, စု၊ တု၊ ပြု
Wednesday, May 16, 2012
Windows Genuine ပြဿနာများတက်ခဲ့ရင်
မနက်တုန်းက ကွန်ပျူတာလေးဖွင့် အင်တာနက်လေး သုံးနေတုန်းက အကောင်းသားခင်ဗျ။ ဒီနေ့ညနေပိုင်း ကွန်ပျူတာဖွင့်တဲ့အချိန်မှာ သတိပေးချက် ပေါ်လာပါလေရော။ ကျွန်တော်လက်ရှိသုံးနေတဲ့ Windows ဟာ Genuine Windows မဟုတ်တဲ့အတွက်ပါတဲ့။ ထုံးစံအတိုင်း ညွှန်ကြားချက်တွေလည်း ပါလေတော့ သူပြောတဲ့ လင့်ခ်တွေအတိုင်း လျှောက်နှိပ်ရတာပေါ့လေ။ update files ဆိုတာ ဒေါင်းလုပ်ဒ်ချခိုင်းလို့ ချလိုက်တယ်။ အဆင်ပြေတယ်။ ပြီးတော့မှ Genuine Windows ကို ၀ယ်သုံးဖို့ဆိုတဲ့ စာမျက်နှာကို ရောက်သွားပါလေရော။ သုံးမျိုးသုံးစား ခွဲထားပေးတယ်။ Ultimate, Professional, Home Edition ဆိုပြီးတော့ပေါ့။ တစ်ခုမှ ဒေါ်လာ ၁၀၀ အောက်မှာ မရှိဘူး။ ဒီကကောင်က ဘယ်လိုလုပ်ပြီး ၀ယ်သုံးနိုင်မှာတုန်း။ အခုသုံးနေတဲ့ ၀င်းဒိုးအခွေကိုတောင် သူငယ်ချင်းတွေဆီက ပြန်ပြီးကူးထားရတာ။ ဆိုင်က၀ယ်ထားတာမဟုတ်။ ဘာဆက်လုပ်ရမှန်း မသိဘူး။ Desktop ပေါ်မှာလည်း တင်ထားတဲ့ Wallpaper က မရှိတော့ဘဲ ညာဘက်အောက်ခြေမှာ ဒီဝင်းဒိုးဟာ ပွားယူ (ခိုးယူ) သုံးစွဲထားတဲ့ ၀င်းဒိုးဖြစ်တဲ့အကြောင်း စာသားတွေက အချက်ပေးနေလေရဲ့။ ၀င်းဒိုးက ပြဿနာတက်ရုံတင် မဟုတ်ဘူး။ ကျွန်တော်သုံးနေတဲ့ Microsoft Security Essential ကလည်း ချက်ချင်းလက်ငင်းပဲ အရောင်တွေပြောင်းပြီး "မင်းရဲ့ ကွန်ပျူတာကို မကာကွယ်ပေးနိုင်တော့ပါဘူး၊ မင်းရဲ့ ကွန်ပျူတာဟာ ဗိုင်းရပ်စ်တွေ၊ ဘာတွေရဲ့ အန္တရာယ်ရှိပါတယ်" ဆိုပြီး လုပ်ပါလေရော။ အတော်ခက်တဲ့ MS ပဲဗျ။ အဲဒါနဲ့ သူငယ်ချင်း ကျော်ကျော်ဆီကို လှမ်းမေးရတာပေါ့။ ကျွန်တော့်မှာသာ ပြဿနာအကြီးကြီးဖြစ်ပြီး စိတ်တွေညစ်နေရတာ၊ မောင်မင်းကြီးသားကတော့ အေးဆေးပဲဗျ။ ချက်ချင်းပဲ Windows7 Activator ဒေါင်းလုပ်ချပြီး Run လိုက်ပါတဲ့။ ကဲ... မလွယ်ဘူးလား။
ကျွန်တော်ဆိုတဲ့ကောင်က နည်းပညာတွေနဲ့ အင်မတန် အလှမ်းဝေးနေလေတော့ ကွန်ပျူတာက မက်ဆေ့ခ်ျတစ်ခုခုပေါ်လာရင်တောင် ဘာဖြစ်တာမှန်း သိတာမဟုတ်ဘူး။ သူများတွေကို မေးရတော့တာ။ ဘာဖြစ်တာလဲ၊ ဘာလုပ်ရမှာလဲ၊ စသည်ဖြင့်ပေါ့လေ။ ကျွန်တော်လိုမျိုး အချို့အချို့သော မိတ်ဆွေများ အခက်အခဲတွေ့ခဲ့ရင် အဆင်ပြေစေချင်တဲ့စိတ်နဲ့ ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ သိပြီးသူတွေအတွက်တော့ ဆောရီးပါ။ သည်းခံလော့ပေါ့ခင်ဗျာ။
Your Windows is not Genuine ဆိုပြီးများ ပေါ်ခဲ့ရင် ဒီလိုလုပ်ပါလားခင်ဗျာ။
၁။ ဒီလင့်ခ်ကို သွားပါ။ အဲဒီစာမျက်နှာက Download Remove WAT v2.2.6 ဆိုတာကို ဒေါင်းလုပ်ချပါ။ တစ်နေရာမှာ သိမ်းထားလိုက်ပါ။
၂။ ကွန်ပျူတာမှာ ဖွင့်ထားတဲ့ Anti-Virus တို့၊ Firewall တို့ကို ပိတ်ထားလိုက်ပါ။ သို့မဟုတ် Disable ပေးထားလိုက်ပါ။
၃။ ဒေါင်းလုပ်ချထားတဲ့ Zip ဖိုင်ကို Extract လုပ်ပါ။ Text file တစ်ခုနဲ့ Rar file တစ်ခု ပေါ်လာပါလိမ့်မယ်။
၎။ Text file ကိုဖွင့်ပါ။ Rar file ကို ဖွင့်ဖို့အတွက် လိုနေတဲ့ Password ဘယ်နေရာမှာ ရနိုင်တယ်ဆိုတဲ့ လင့်ခ်တစ်ခု ပေးထားပါတယ်။ အဲဒီလင့်ခ် ဆီကို သွားလိုက်ပါ။
၅။ ပေါ်လာတဲ့ စာမျက်နှာမှာ Download Password Now ဆိုတာကို နှိပ်ပါ။ Password ကို ပြပါလိမ့်မယ်။
၆။ အဲဒီ Password ကို ကော်ပီလုပ်ပါ။ Rar file ကို Extract လုပ်ပါ။ Password တောင်းတဲ့အခါ စောစောက ကော်ပီလုပ်ထားတာကို paste လုပ်ပေးလိုက်ပါ။
၇။ Remove WAT 2.2.6 ဆိုတဲ့ exe file ကို Right Click နှိပ်ပါ။ Run as administrator ကို ရွေးပါ။
၈။ ပေါ်လာတဲ့ ၀င်းဒိုးမှာ Remove WAT ဆိုတဲ့ ခလုတ်လေးတစ်ခုကိုပဲ နှိပ်လိုက်ပါ။
ဒါဆိုရင် အားလုံးအဆင်ပြေသွားပါပြီ။ ကွန်ပျူတာကို restart လုပ်စရာလည်း မလိုကြောင်းပါခင်ဗျား။ သူငယ်ချင်း ကျော်ကျော်ကို ဒီပို့စ်နဲ့ ကျေးဇူးတင်လိုက်ကြောင်းပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် မေလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၉ နာရီ ၂၅ မိနစ်။
Posted by Ko Nyan Posted Time 9:26 PM 0 Comment(s)
Labels ကိုယ်တွေ့, ဗဟုသုတ-Knowledge
Tuesday, May 15, 2012
GSM Internet
Posted by Ko Nyan Posted Time 9:05 AM 0 Comment(s)
Labels ကိုယ်ရေးကိုယ်တာ
ပို့စ်တွေတင်တာ နည်းခဲ့လျှင်ဖြင့်
Posted by Ko Nyan Posted Time 8:34 AM 0 Comment(s)
Labels မြန်မာ့သွေး
Friday, April 20, 2012
နိုင်ငံရေးအတွေးများ (ကြားဖြတ်ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တပ်မတော်နေ့မိန့်ခွန်း၊ အခြားပါတီများ)
ကြားဖြတ်ရွေးကောက်ပွဲပြီးသွားခဲ့လေပြီ။ ကျွန်တော် အတော်လေးကို ပျော်မိသည်။ NLD ကိုယ်စားလှယ်များ အနိုင်ရခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ဆိုသည့်အတွက် သို့လော၊ သို့လော မဖြစ်ကြပါနှင့်ခင်ဗျား။ ကျွန်တော်က အခြားလူတွေလို သာကူးမဟုတ်သလို၊ ဟိုအကောင်ရဲ့ ဟိုဒင်းလည်း မဟုတ်ရပါဘူး။ ကျွန်တော်ပျော်ရခြင်း အကြောင်းရင်းကတော့ စိတ်ပူပန်ကြီးစွာဖြင့် ထိတ်လန့်နေခဲ့ရသည့် အန္တရာယ်များမှ ကင်းလွတ်သွား၍ ဖြစ်ပါသည်။ မေးစရာရှိပါသည်၊ ဟေ့ကောင် ကိုဉာဏ်ရ… မင်းက ဘာတွေများ စိတ်ပူနေခဲ့ရလို့လဲဟု။ ဟုတ်ကဲ့၊ ဖြေပါမည်ခင်ဗျား။ တကယ်လို့သာ အန်တီစုတို့လူတစ်သိုက် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်မရခဲ့ပါမူ ဖြစ်လာနိုင်သည်များကို ကြိုတင်တွေးပူနေခဲ့ခြင်း ဖြစ်ကြောင်းပါခင်ဗျား။
စိတ်ကူးနှင့် မြင်ယောင်ကြည့်ပါ။ အန်တီစုတို့တစ်သိုက် ရှုံးနိမ့်ခဲ့ကြသည် ဆိုပါစို့။ နောက်တစ်နေ့ထုတ် ဂျာနယ်စာမျက်နှာများ၊ ပြည်ပအသံလွှင့်ဌာနများ၊ အင်တာနက်စာမျက်နှာများပေါ်တွင် မြန်မာတို့၏ ကြားဖြတ်ရွေးကောက်ပွဲသည် မဲမသမာမှုများရှိသည်၊ တရားမျှတမှုမရှိ၊ လွတ်လပ်မှုမရှိ၊ ဘယ်သူတွေက ဘယ်လိုလိမ်သည်၊ ဘယ်လိုမသမာမှုပြုသည် စသည့် စသည့် ခေါင်းစဉ်ပေါင်းများစွာဖြင့် သောသောညံအောင် ပြောကြပါလိမ့်မည်။ အန်တီစုကလည်း ပြည်ပအသံလွှင့်ဌာနများမှတစ်ဆင့် အသံဖြင့်တစ်မျိုး၊ ဌာနချုပ်မှ ကြေညာချက်များထုတ်၍တစ်ဖုံ၊ ဂျာနယ်စာမျက်နှာများမှ တစ်ဆင့်ခံ၍တစ်သွယ် အလွမ်းဇာတ်ကို နတ်သံနှော၍ ပြောပါလိမ့်မည်၊ ဘီလူးဆိုင်းတီး၍ ဆိုပါ၊ ကပါလိမ့်မည်။ အန်တီစုတို့ မနိုင်ရင် ဆူဆူပူပူလုပ်မယ်လို့ ဆုံးဖြတ်ထားကြသော လူတွေကလည်း မင်းမဲ့ဆန်ဆန် ပြုမူကြပါလိမ့်မည်။ မြန်မာ့အရေးကို ကကြီးမှအ သေသေချာချာ မသိဘဲ သိချင်ယောင်ဆောင်နေကြသော အနောက်နိုင်ငံမှ တာဝန်ရှိသူများ၊ ခေါင်းဆောင်များကလည်း အန်တီစုနှင့် ဇာတ်တိုက်ထားသည့် ဇာတ်ညွှန်းများအတိုင်း မတရားဘူး၊ မမျှတဘူး၊ မလွတ်လပ်ဘူး၊ မသမာမှုတွေရှိတယ် စသည်ဖြင့် ပြောကြပါလိမ့်မည်။
အဆွေစာဖတ်သူခင်ဗျား၊ အထက်တွင် ကျွန်တော်ပြောခဲ့သော မြင်ကွင်းများ ယခုတော့ မမြင်တွေ့ရတော့ပါ။ အန်တီစုတို့ လိုချင်သည့်အတိုင်း ရသွားခဲ့သည်ကိုး၊ လိုလားသည့်အတိုင်း ဖြစ်သွားခဲ့သည်ကိုး၊ မျှော်မှန်းသည့်အတိုင်း ပြည့်ဝသွားခဲ့သည့်ကိုး။ ဒီမိုကရေစီစနစ်သစ်ဆီသို့ စတင်လျှောက်လှမ်းကာစ မြန်မာနိုင်ငံအတွက် မလိုလားအပ်သည့် ဆူပူအုံကြွမှုများ၊ မင်းမဲ့စရိုက်ဆန်ဆန် လှုပ်ရှားမှုများ မဖြစ်ပေါ်ခဲ့ခြင်းသည် ပျော်ရွှင်ဖွယ်ရာ မဟုတ်ပါလော။ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဟူသည့်စကား ရှိပါသည်။ ပိုနေမြဲ ကျားနေမြဲဟုလည်း ပြောသည့်စကား ရှိပါသည်။ ခေတ်သစ်ပညာရှင်များ ပြောတတ်ကြတာကမူ win-win ဟူ၏။ သူနိုင်-ကိုယ်နိုင် ဟု ဘာသာမပြန်လိုပါ။ အဓိပ္ပါယ်လွဲသွားနိုင်ပါသည်။ သူမရှုံး-ကိုယ်မရှုံး ဟုသာ သုံးနှုန်းလိုပါသည်။ အန်တီစုလည်း လိုချင်တာရခဲ့သည်။ လက်ရှိအစိုးရလည်း မလိုလားအပ်သည့် ပြဿနာများမှ ရှောင်လွှဲနိုင်ခဲ့သည်။ ၀င်း-၀င်း မဟုတ်ပါလားခင်ဗျာ။ ပြည်ခိုင်ဖြိုးပါတီ အနေနှင့်လည်း ကျေနပ်သင့်ပါသည်။ လွှတ်တော်တွင်းနေရာ ၄၀ ကျော်နှင့် တိုင်းပြည်အေးချမ်းမှုကို လဲလှယ်လိုက်ရသည်ဟု ခံယူသင့်ကြပါသည်။ ဒါလည်း တိုင်းပြည်အကျိုး ဆောင်ရွက်ခြင်းတစ်မျိုးဟု ကျွန်တော်က တွေးမိပါသည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အန်တီစုတို့တစ်သိုက် အနိုင်ရခဲ့ခြင်းကို ကျွန်တော်ပျော်ပါသည်။ အခြားသူများလည်း ပျော်ကြမည် ထင်ပါသည်။ တစ်ဦးနှင့်တစ်ဦး ပျော်ပုံခြင်းတော့ မတူဘူးပေါ့ခင်ဗျား။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကိုဉာဏ် ပျော်ပါသည်။ အန်တီစုကို ဂုဏ်ပြုလိုက်ပါသည်။
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေ
ဦးစွာပထမ ဘာမျှ မရေးခင် မေးခွန်းများ မေးခွင့်ပြုစေလိုပါသည်။
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်းပေါင်း မည်မျှရှိပါသနည်း။
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မပေါင်း မည်မျှ ပါဝင်သနည်း။
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ဟူသည့် အခန်းတစ်ခန်း ပါဝင်ပြီး ပြင်ဆင်ရမည့် နည်းလမ်းများကို ဖော်ပြထားသည်ကို သိရှိပါသလား။
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် နိုင်ငံတော်သီချင်းကို သေသေချာချာ သိပါသလား၊ အလွတ်သီဆိုနိုင်ပါသလား။
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အမည်များကို ပြောင်းလဲနိုင်ကြောင်း ပြဌာန်းထားသည်ကို သိရှိပါသလား။ မည်သို့ပြောင်းလဲနိုင်သည်ဟု ပြဌာန်းထားကြောင်း သိရှိပါသလား။
စာဖတ်သူမိတ်ဆွေ - ဤသည်တို့သည် ဘာမျှမခက်ခဲသည့် သူသိငါသိ မေးခွန်းများ ဖြစ်ပါသည်။ ဘာမဟုတ်တာလေးတွေကို လာမေးနေရသေးတယ်ဟု မြင်ကြပါလိမ့်မည်။ တွေးကြပါလိမ့်မည်။ ပြစ်တင်ကြပါလိမ့်မည်။ ဟုတ်ကဲ့၊ စာဖတ်သူအနေဖြင့် အထက်ပါ မေးခွန်းများကို သိပြီးဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် မြန်မာနိုင်ငံသားအားလုံး၏ အများစုသော ရာခိုင်နှုန်းကမူ ထိုမေးခွန်းများ၏ အဖြေကို မသိရှိကြပါ။ ဟေ့ကောင်ကိုဉာဏ်၊ မင်းက အဲဒီလို တပ်အပ်ပြောရအောင် ဘယ်လိုသိတာလဲဟု မေးမြန်းကြပါလိမ့်မည်။ ဟုတ်ကဲ့၊ သာမန်ပြည်သူများကို ကျွန်တော်လေ့လာရန်၊ မေးမြန်းရန် မလိုပါခင်ဗျား။ စတုတ္ထမဏ္ဍိုင်ဟု အတင်းအော်နေကြသည့် အချို့သော ဂျာနယ်များကို ဖတ်ရှုခြင်းဖြင့် သိရှိပါသည်ခင်ဗျား။ ဖွဲ့စည်းပုံအခြေခံကိုပင် အစအဆုံး တစ်ခေါက်ပြည့်အောင် မဖတ်ဖူးသူများက ဟိုလူက ဒါပြောရင် ဒါရေး၊ ဒီလူက ဒါပြောရင် ဒါရေး လုပ်နေကြတာကို မမြင်ချင်အဆုံး မြင်နေရ၍ ဖြစ်ပါသည်။ မိမိရေးသည့် အကြောင်းအရာသည် မှန်၏၊ မှား၏ မသိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပါသည် မပါသည်ကို မလေ့လာဘဲ သူများပြောသမျှ လိုက်ရေးနေသော စာနယ်ဇင်းများကိုကြည့်၍ ကျွန်တော်ကိုဉာဏ် သိရပါသည်ခင်ဗျား။ စာဖတ်ပရိသတ် ပြည်သူများကို မျက်စိအလင်း ဖွင့်ပေးရမည့်၊ အသိဉာဏ်အလင်း ထွန်းညှိရမည့် စတုတ္ထမဏ္ဍိုင် ဆိုသူများကိုယ်တိုင်က သေသေချာချာ မသိဘဲ သူများပြောတိုင်း ဝေလေလေ လိုက်လုပ်နေတာကို တွေ့မြင်နေရ၍ ဖြစ်ပါသည်ခင်ဗျား။ ယနေ့အထိ မည်သည့်ဂျာနယ်တွင်မျှ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်ပုဒ်မသည် မည်သည့်အဓိပ္ပါယ်ဆောင်သည်၊ မည်သည့်လိုအပ်ချက်ရှိသည်၊ မည်သည့်ချို့ယွင်းချက်ရှိသည် စသည့် သိသင့်သိထိုက်သည်များကို စာဖတ်သူများအား ရှင်းလင်းတင်ပြခြင်း၊ အကြံဉာဏ်တောင်းခြင်း၊ ထောက်ပြဝေဖန်ခြင်း ပြုလုပ်ကြသည်ကို မတွေ့ရှိရပါ။ သူများတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရမယ်ဟူ၍ ဝေလေလေလိုက်၍ ပြင်ရမယ်ဟု လိုက်အော်နေကြခြင်းသာ ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုသူများခင်ဗျား၊ ကျွန်တော်ကိုဉာဏ် တောင်းပန်ပါရစေ။ ဦးစွာပထမ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစအဆုံး တစ်ခေါက်လောက်တော့ ဖတ်ကြစေချင်ပါသည်။ ထို့နောက် အကြိမ်ကြိမ် ထပ်ဖတ်စေလိုပါသည်။ လေ့လာစေလိုပါသည်။ ဆန်းစစ်စေလိုပါသည်။ ထို့နောက် ပြုပြင်လိုသည့် ဥပဒေပုဒ်မများကို စဉ်းစားကြစေလိုပါသည်။ ထိုသို့ စဉ်းစားရာတွင်လည်း ၃၆၀ ဒီဂရီပြည့်အောင် စဉ်းစားကြပါမည့်အကြောင်း တိုက်တွန်းတောင်းပန်ပါရစေခင်ဗျား။ ခေတ်စကားနှင့်ဆို ၀င်း-၀င်း ဖြစ်ပါစေပေါ့ခင်ဗျာ။
(၃) တပ်မတော်နေ့မိန့်ခွန်း
ဒီနှစ် တပ်မတော်နေ့ မိန့်ခွန်းက အတော်ကြီးကိုထူးခြားသည်။ ကျွန်တော်နားထောင်ဖူးသမျှ တပ်မတော်အကြီးအကဲများ၏ မိန့်ခွန်းများတွင် ခေတ်အမီဆုံးမိန့်ခွန်းဟု သတ်မှတ်လိုသည်။ ဒီမိုကရေစီ အနံ့အသက်များနှင့် ထုံးမွှမ်းနေသည့် မိန့်ခွန်းဟု ချီးကျူးလိုသည်။ တပ်မတော်တို့၏ သဘောသဘာဝအရ ဒီမိုကရေစီစနစ်ကို အလုံးစုံကျင့်သုံးနိုင်ခြင်း မရှိသော်လည်း ယခုနှစ်မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းကို လိုလားသည့်၊ ထောက်ခံသည့်၊ ကူညီမည်ဆိုသည့် သဘောထားများကို တွေ့ခွင့်ရလိုက်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် တပ်မတော်သားများကိုသာမကဘဲ မြန်မာပြည်သူပြည်သားအားလုံးနှင့် တစ်ကမ္ဘာလုံးသို့ တပ်မတော်၏ သဘောထား၊ တပ်မတော်၏ ခံယူချက်ကို အသိပေးတင်ပြလိုက်ခြင်းဟု မြင်ပါသည်။ သေချာသည်ကတော့ တပ်မတော်အကြီးအကဲသည် ခေတ်ကို ကျောခိုင်းကာ မျက်စိပိတ်နေသည့် စစ်ခေါင်းဆောင်တစ်ယောက် မဟုတ်ကြောင်းကို တပ်မတော်နေ့ မိန့်ခွန်းမှတစ်ဆင့် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးကို အသိပေးလိုက်ခြင်းပင်။ ဒီမိုကရေစီအစိုးရ၊ ပြည်သူနှင့် တပ်မတော် ပူးပေါင်းအားဖြင့် အနာဂတ် ဒီမိုကရေစီနိုင်ငံဆီသို့ အရှိန်ပြင်းပြင်းဖြင့် ခရီးနှင်နိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်းပါခင်ဗျား။
(၄) အခြားပါတီများ
မျက်မှောက်နိုင်ငံရေးပါတီများအကြောင်းကို ပြောမည်ကြံတိုင်း ရှေးမြန်မာကြီးများ၏ အမြော်အမြင်ကြီးမှု၊ ပညာဉာဏ်ရင့်သန်မှုကို အောက်မေ့မိသည်။ ချီးကျူးမိသည်။ နမူနာ ထုတ်ပြရလျှင် မြန်မာစကားပုံများ ဖြစ်သည်။ ဘုရားပြီး ငြမ်းဖျက်တဲ့။ ငါးစိမ်းမြင် ငါးကင်ပစ်တဲ့။ အမေကျော် ဒွေးတော်လွမ်းတဲ့။ ပြောလို့ကုန်မည် မဟုတ်။
ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် မည်သည့်ပါတီတွေ မည်သို့ ပြင်ဆင်ကြမည်၊ သုံးသပ်ကြမည်ကို မသိသော်လည်း ပါတီအများစုအတွက်တော့ တွေးစရာတွေ တစ်ပုံကြီး ရလိုက်မည်ထင်သည်။ သင်ခန်းစာတွေ မနည်းမနော ရလိုက်မှာသေချာသည်။ လက်ရှိအင်အားအတောင့်တင်းဆုံးနှင့် အာဏာအရှိဆုံး ပြည်ခိုင်ဖြိုး ပါတီလည်း ပြန်လည်သုံးသပ်သင့်တာတွေ၊ ပြင်ဆင်သင့်တာတွေ အများကြီးရှိမှာ သေချာသည်။ အခြားသော ပါတီတွေအတွက်တော့ ဆိုဖွယ်ရာမရှိ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ကြသော ပါတီတွေခမြာ ကြားဖြတ်ရွေးကောက်ပွဲတွင်တော့ ဂျာနယ်များ၏ ပညာပေးမှုကို လှလှကြီး ခံလိုက်ရသည်။ ၂၀၁၀ တုန်းက အင်တာဗျူးတွေကို မဖြေချင်အဆုံး ဖြေခဲ့ကြရပေမယ့် ကြားဖြတ်ရွေးကောက်ပွဲတွင်တော့ မေးမည့်သူဝေးစွ၊ သတင်းလာယူမည့်သူပင် မရှိကြတော့။ ကွာလိုက်သည့်ဘ၀။ လွှတ်တော်သတင်းမှန်သမျှကို ဂျာနယ်များ၏ သတင်းထောက်များအလား မဖြေချင်လည်းဖြေ၊ ဖြေချင်လည်းဖြေ ဖြေခဲ့ကြရသော လွှတ်တော်ကိုယ်စားလှယ်တွေခမြာ အခုတော့ လာမေးမည့်သူလည်းမရှိ၊ လာကပ်သည့်လူလည်း မရှိတော့။ သံဝေဂယူဖွယ်ပင်တည်း။
ပါတီများ သုံးသပ်သင့်ကြပါပြီ။ သတိပြုသင့်ကြပါပြီ။ သတိမူသင့်ကြပါပြီ။ ကျွန်တော်ပြောခဲ့ပါသည်။ ရှေးမြန်မာကြီးများကို လေးစားရသည်၊ အံ့သြရသည်၊ ချီးကျူးရသည်ဟု။ ဟုတ်ကဲ့၊ ပါတီများကိုလည်း အံ့သြနေရပါသည်၊ ချီးကျူးနေရပါသည်၊ လေးစားနေရပါသည်ခင်ဗျား။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဧပြီလ ၆ ရက်၊ သောကြာနေ့။
ည ၁၁ နာရီ ၂၈ မိနစ်ပြီး၏။
Posted by Ko Nyan Posted Time 9:18 AM 0 Comment(s)
Labels Political, ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, နိုင်ငံရေး
Friday, March 30, 2012
ဒွေးချိုးများ (၃)
မြူခိုးရယ်မှောင်၊ ငူရိုးတောင် ချောင်အလှည့်မှာလ၊
ထိုင်ခဲ့တယ် ဇလာအိုင်နှင့်၊ မဟာမြိုင်တန်း။
ရင်ခတ်ကယ်ဝေ၊ ဆင်တတ်သူ ပန်ယူခြွေလို့၊
ဖန်ဂူဗွေ မြေတလင်းမှာလ၊ ခြေဆင်းကာ မယ်မှိုင်စောပါတဲ့၊
နေခင်းသာ ဂနိုင်တောမှာလ၊
ငွေနှင်းညှာ ထိုင်ကာမောတော့တယ်၊
ဇော မပြတ်ပန်းတည့်မှ၊ တောမသတ် မှန်းနိုင်ဘူး၊
လောကဓာတ် ဆန်း။
မျက်နှာတော်
စက်မပျော်၊ မျက်နှာတော် ၀ါဝါ၀င်းကိုလ၊
မှိုင်ရင်း မြင်သာမြင်တော့၊
နေ မရွှင်ဘူး။
လှကေခိုင်၊ မယ့်စိတ် ဗျာပါလှိုင်၍
သည်းဆိုင်မှာ တုန်သာတုန်တော့၊ လစက်ခုံ ယုန်တံဆိပ်ကယ်နှင့်၊
ကျမျက်ရည် ယိုလို့ဖိတ်တယ်ရှင်၊
လွမ်း စိတ်နှင့်ရူး။
ဝါချက်
လမ်းမကြုံ၊ ပန်းတစ်ငုံ စံပယ်ဥကိုလ၊
မရှုချင်ဘူး။
မှာရက်ကယ်လွန်၊ ၀ါချက်ကို သည်မယ်ရွံလို့
စံသလွန် ကြာညောင်ရိပ်မှာ၊
လွမ်းစိတ်နှင့် ကူး။
သစ္စာဦး
ကမ္ဘာဋ္ဌီ၊ ငါးလီအင်ချစ်တဲ့၊
ရွှေ သစ္စာဦး။
ဆက်တိုင်းငယ်တည်၊ တဘုန်းဆွေ မေခြည်ကြောင့်၊
သေပေစေ လည်တညွန့်ကို၊
စိုး ရွံ့ပါဘူး။
စနည်း
ဘာမထီ၊ မချီလျှင် နေညွန့်မျိုး၊
စိုးရခေါင်က။
တသာကီ၊ စာမရီ ချီထွက်လျှင်၊
ရတက်တော် ပူဗျာငွေ့၊
တွေ့ရ နောင်တ။
Posted by Ko Nyan Posted Time 3:30 AM 0 Comment(s)
Labels ကဗျာ-Poem, စု၊ တု၊ ပြု
Wednesday, March 28, 2012
ဒွေးချိုးများ (၂)
ကြော့ကြော့ငယ်ယဉ်၊ ဖော့ပင် ငွေအုသို့၊
ကြွေလုဟန် မူရာနှင့်၊
သူဇာတရှိ။
ဣနြေ္ဒ ချိန်ကုဋေတန်လောက်ပေ့၊
စံကျောက်ကယ် ၀ဇီစိန်သို့၊
ပလီချိန် ရွယ်တော်သင့်မှာ၊
ဘုန်းပွင့်ပါဘိ။
ဖိုးရွှေလမင်း
ဗွေအာကာ ငွေတာရာကြယ်စုံသင့်ပေတဲ့၊
ယုန်မင်းသနင်း။
ဟိုဘက်ကျွန်းမှာဖြင့်၊ မထွန်း မသာလှပါနှင့်၊
ဖိုး ရွှေလမင်း။
နှင်းဆီနံ့ပြေး
ညနေချမ်း ဘယ်ပန်း ပန်လေသိ၊
မောင့်ထံမှာ မွှေး။
ခင်လေးမေ ကေသီဖြန့်ရော့ထင်၊
နှင်းဆီနံ့ ပြေး။
တံတို
ရှူသာရှူ မဖွာလိုက်နှင့်၊ ထွာမိုက်ကယ် တံတို၊
“ဂံ” ဆိုတဲ့ဆေး။
နန်းအိမ်ရှေ့ကျွန်၊ လွန်စေနှင့် တန်ရုံသုံးကွယ်၊
ခုံး မျက်ကလေး။
ဆေးတံတို
ဆေးတံတို တစ်ညိုလောက်၊
ရော့ သောက်တော့ပေး။
မယူလိုက်က မိုက်လို့ထင်၊
သောက်စေချင်၊ ခုတင်မှာ ထောင်ခဲ့ကွယ်၊
ညိုနွဲ့ငယ်လေး။
မဟာမြိုင်
မဟာမြိုင်မှာလေ ညာပိုင်သူနော်မလို့၊
မျှော်တ ယောင်မှား။
မာဂဓာ၊ ကဗျာသံချိုပျိုးလို့၊
ငှက်မျိုး ကေလာတောင်က၊
လွမ်းအောင်တဲ့လား။
Posted by Ko Nyan Posted Time 3:30 AM 0 Comment(s)
Labels ကဗျာ-Poem, စု၊ တု၊ ပြု
Monday, March 26, 2012
ဒွေးချိုးများ (၁)
ပတ်ဗေရယ်ထုံ
မုံရွာက ရုပ်သေး။
သင့်လျော်အောင် ငွေမပေးလို့၊
ပြန်တော့မယ်လေး။
ငွေလုပ်လို့စား
ခွေးတောက်က ချဉ်ချဉ်
ခါချဉ်က ခါးခါး။
အဘိုးအို ယာမခုတ်နှင့်
ငွေလုပ်လို့ စား။
ခြင်္သေ့
ဟေ၀န္တာ
နေပါတဲ့ခြင်္သေ့။
တစ်ဂူမှာ နှစ်ကောင်ပေါင်းမယ်၊
အောက်(အောင်း)မျှ မမေ့။
လွမ်းပါဘိ
ဒီဇမ္ဗူ သီတဂူပေါ်ထွန်းလို့
သြော်-လွမ်းပါဘိ။
တစ်နယ်နေ တစ်ပြည်ကျေးဆီက
ဝေးလို့ မသိ။
အုံ့ပုန်းပူ
မချမ်းသာ ပန်းမာလာနေသွေ့သို့
ကြေမြည့်ခြောက်ခန်း။
ကျုံ့ချုံးကာ ဆူ၊ အုံ့ပုန်းပူ လူ မသိတယ်၊
မီးညိမခန်း။
ဆွေးသူ့ကသိုဏ်း
ရုံးမလွယ်
ထုံးငယ်တည့် ပိုင်း။
မယုံပုံ ယုံပုံနှင့် ကမ္ဘာကုန် ညို မခုပါနှင့်၊
ဆွေးသူ့ကသိုဏ်း။
မယ်ဖွဲ့
ထုံးမတိမ်၊ ငုံး, အိမ်,ကျူ,လ နှင့်၊
တူမျှစံနှိုင်း။
နတ်တညီ၊ ကမ္ဘာ့ ဌီတင်ထိုက်ပေ့၊
ယဉ်သိုက်ဝင်ညာမေနှင့်၊
ငါးဆင့်သမိုင်း။
Posted by Ko Nyan Posted Time 3:00 AM 0 Comment(s)
Labels ကဗျာ-Poem, စု၊ တု၊ ပြု
Sunday, March 25, 2012
Happy Birthday Ko Nyan
Posted by Ko Nyan Posted Time 4:30 AM 1 Comment(s)
Labels ကျွန်တော့်အတွေးများ, ကိုယ်ရေးကိုယ်တာ
Saturday, March 24, 2012
The members of the Union Election Commission
(၂) ဦးအောင်မြင့်
(၃) ဦးသာဦး
(၄) ဒေါက်တာ ဒေါ်မြင့်ကြည်
(၅) ဦးဝင်းကြည်
(၆) ဦးညွန့်တင်
Posted by Ko Nyan Posted Time 11:39 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
The members of the Union Civil Services Board
(၂) ဒေါက်တာ ၀င်းမြင့်
(၃) ဒေါက်တာ မြင့်အောင်
(၄) ဒေါက်တာ ကျော်ကျော်ဌေး
(၅) ဦးစိုးဦး
Posted by Ko Nyan Posted Time 11:37 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
The members of the Nay Pyi Taw Council
(၁) ဦးသန်းဌေး
(၂) ဦးသန်းအောင်
(၃) ဗိုလ်မှူးကြီး မြင့်အောင်သန်း
(၄) ဦးကံချွန်
(၅) ဒေါက်တာ ပိုင်စိုး
(၆) ဦးစောလှ
(၇) ဦးမြင့်ဆွေ
(၈) ဦးမြင့်ရွှေ
(၉) ဦးမျိုးညွန့်
Posted by Ko Nyan Posted Time 11:35 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
The members of the Constitutional Tribunal of the Union
(၂) ဒေါ်ခင်လှမြင့်
(၃) ဦးထွန်းကြည်
(၄) ဦးစိုးသိန်း
(၅) ဦးခင်ထွန်း
(၆) ဦးဆန်းမြင့်
(၇) ဦးမြင့်ကြိုင်
(၈) ဒေါ်မိမိရီ
Posted by Ko Nyan Posted Time 11:33 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
The Judges of the Supreme Court of the Union
(၂) ဦးမြသိမ်း
(၃) ဦးစိုးညွန့်
(၄) ဦးမြင့်အောင်
(၅) ဦးအောင်ဇော်သိန်း
(၆) ဦးမြင့်ဟန်
Posted by Ko Nyan Posted Time 11:30 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Friday, March 23, 2012
The Deputy Ministers
ဒုတိယ၀န်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
ဗိုလ်မှူးကြီး အောင်သော်
ဒုတိယ၀န်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
ဗိုလ်မှူးချုပ် ကျော်ဇံမြင့်
ဒုတိယ၀န်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
ဗိုလ်ချုပ် ဇော်ဝင်း
ဒုတိယ၀န်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
ဦးမောင်မြင့်
ဒုတိယ၀န်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
ဒေါက်တာ မျိုးမြင့်
ဒုတိယ၀န်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
ဦးစိုးဝင်း
ဒုတိယ၀န်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
ဦးအုန်းသန်း
ဒုတိယ၀န်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဦးခင်ဇော်
ဒုတိယ၀န်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဦးဝင်းသန်း
ဒုတိယ၀န်ကြီး
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဦးစိုးတင့်
ဒုတိယ၀န်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန
ဦးကျော်လွင်
ဒုတိယ၀န်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒေါက်တာ ကံဇော်
ဒုတိယ၀န်ကြီး
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
ဒေါက်တာ ပွင့်ဆန်း
ဒုတိယ၀န်ကြီး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဦးတင့်လွင်
ဒုတိယ၀န်ကြီး
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
ဦးဘုန်းဆွေ
ဒုတိယ၀န်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ဦးသန်းထွန်း
ဒုတိယ၀န်ကြီး
သမ၀ါယမ၀န်ကြီးဌာန
ဦးမြင့်သိန်း
ဒုတိယ၀န်ကြီး
အလုပ်သမားဝန်ကြီးဌာန
ဦးဝင်းရှိန်
ဒုတိယ၀န်ကြီး
ပို့ဆောင်ရေးဝန်ကြီးဌာန
ဦးဌေးအောင်
ဒုတိယ၀န်ကြီး
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
ဦးသိန်းအောင်
ဒုတိယ၀န်ကြီး
အမှတ် (၁) စက်မှုဝန်ကြီးဌာန
(ယခု စက်မှုဝန်ကြီးဌာန ဖြစ်ပါသည်)
ဦးမျိုးအောင်
ဒုတိယ၀န်ကြီး
အမှတ် (၂) စက်မှုဝန်ကြီးဌာန
(ယခု စက်မှုဝန်ကြီးဌာန ဖြစ်ပါသည်)
သူရ ဦးသောင်းလွင်
ဒုတိယ၀န်ကြီး
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
ဦးသန့်ရှင်း
ဒုတိယ၀န်ကြီး
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
ဦးစိုးအောင်
ဒုတိယ၀န်ကြီး
စွမ်းအင်ဝန်ကြီးဌာန
ဦးမြင့်ဇော်
ဒုတိယ၀န်ကြီး
အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ဦးအောင်သန်းဦး
ဒုတိယ၀န်ကြီး
အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ဦးအေးကြူ
ဒုတိယ၀န်ကြီး
ပညာရေးဝန်ကြီးဌာန
ဦးဘရွှေ
ဒုတိယ၀န်ကြီး
ပညာရေးဝန်ကြီးဌာန
ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်
ဒုတိယ၀န်ကြီး
ကျန်းမာရေးဝန်ကြီးဌာန
ဒေါက်တာ ၀င်းမြင့်
ဒုတိယ၀န်ကြီး
ကျန်းမာရေးဝန်ကြီးဌာန
ဒေါ်စန္ဒာခင်
ဒုတိယ၀န်ကြီး
ယဉ်ကျေးမှုဝန်ကြီးဌာန
ဒေါက်တာ မောင်မောင်ဌေး
ဒုတိယ၀န်ကြီး
သာသနာရေးဝန်ကြီးဌာန
ဒေါက်တာ ကိုကိုဦး
ဒုတိယ၀န်ကြီး
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ဦးကျော်ကျော်ဝင်း
ဒုတိယ၀န်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
ဦးအေးမြင့်ကြူ
ဒုတိယ၀န်ကြီး
အားကစားဝန်ကြီးဌာန
ဦးဟန်စိန်
ဒုတိယ၀န်ကြီး
မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဦးချန်မောင်
ဒုတိယ၀န်ကြီး
မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဦးခင်မောင်အေး
ဒုတိယ၀န်ကြီး
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန
Posted by Ko Nyan Posted Time 11:30 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Thursday, March 22, 2012
The Deputy Attorney-General, The Deputy Auditor-General
ဒုတိယရှေ့နေချုပ် - ဦးထွန်းထွန်းဦး
အထက်ပါ ဒုတိယရှေ့နေချုပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁၄/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
ဒုတိယစာရင်းစစ်ချုပ် - ဦးမျိုးမြင့်
အထက်ပါ ဒုတိယစာရင်းစစ်ချုပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၁၅/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
Posted by Ko Nyan Posted Time 11:30 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Wednesday, March 21, 2012
Chief Minister of the Region or State
ကချင်ပြည်နယ် - ဦးလဂျွန်ငန်ဆိုင်း
ကယားပြည်နယ် - ဦးခင်မောင်ဦး (ခ) ဦးဘူးရယ်
ကရင်ပြည်နယ် - ဦးဇော်မင်း
ချင်းပြည်နယ် - ဦးဟုန်းငိုင်း
မွန်ပြည်နယ် - ဦးအုန်းမြင့်
ရခိုင်ပြည်နယ် - ဦးလှမောင်တင်
ရှမ်းပြည်နယ် - ဦးအောင်မြတ် (ခ) စ၀်အောင်မြတ်
စစ်ကိုင်းတိုင်းဒေသကြီး - ဦးသာအေး
မကွေးတိုင်းဒေသကြီး - ဦးဘုန်းမော်ရွှေ
မန္တလေးတိုင်းဒေသကြီး - ဦးရဲမြင့်
ပဲခူးတိုင်းဒေသကြီး - ဦးဉာဏ်ဝင်း
တနင်္သာရီတိုင်းဒေသကြီး - ဦးခင်ဇော် (***) (ယခု ဦးမြတ်ကို)
ရန်ကုန်တိုင်းဒေသကြီး - ဦးမြင့်ဆွေ
ဧရာဝတီတိုင်းဒေသကြီး - ဦးသိန်းအောင်
(***) တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် မူလက ဦးခင်ဇော် အား ခန့်အပ်တာဝန်ပေးခဲ့သော်လည်း ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားသဖြင့် ယခုအခါ ဦးမြတ်ကို အား ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ထားပါသည်။
Posted by Ko Nyan Posted Time 11:30 PM 1 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Tuesday, March 20, 2012
The Attorney-General of the Union, The Auditor-General of the Union, The Chairperson of the Union Civil Services Board, The Chairperson of the Nay Pyi Taw Council
ပြည်ထောင်စုရှေ့နေချုပ် - ဒေါက်တာ ထွန်းရှင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၅/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် - ဦးလွန်းမောင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၆/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ - ဦးကျော်သူ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၇/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ - ဦးသိန်းညွန့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ (အမိန့်အမှတ် ၈/၂၀၁၁)၊ ၁၃၇၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် (၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်) အရ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
Posted by Ko Nyan Posted Time 11:30 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
