Tuesday, August 28, 2012
ဝန်ကြီးအပြောင်းအလဲများနှင့် ကျွန်တော့်အတွေးများ
Posted by Ko Nyan Posted Time 1:38 PM 3 Comment(s)
Labels Myanmar, news, Political, ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
အသစ်ခန့်အပ်လိုက်သော ဒုတိယ၀န်ကြီးများ
(၂) ဦးပိုက်ထွေး၊ ပြန်ကြားရေးဝန်ကြီးဌာန
(၃) ဦးသန်းဆွေ၊ ယဉ်ကျေးမှုဝန်ကြီးဌာန
(၄) ဦးအောင်သိမ်း၊ သမ္မတရုံးဝန်ကြီးဌာန
(၅) ဒေါက်တာလင်းအောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
(၆) ဦးဆက်အောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(၇) ဒေါက်တာ ဒေါ်ခင်စန်းရီ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(၈) ဒေါ်စုစုလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
(၉) ဦးသောင်းတင်၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၁၀) ဦးထင်အောင်၊ စွမ်းအင်ဝန်ကြီးဌာန
(၁၁) ဗိုလ်မှူးချုပ် ၀င်းမြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
(၁၂) ဦးအေးမြင့်မောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(၁၃) ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(၁၄) ဦးသောင်းထိုက်၊ အားကစားဝန်ကြီးဌာန
(၁၅) ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ကျန်းမာရေးဝန်ကြီးဌာန
Posted by Ko Nyan Posted Time 11:59 AM 0 Comment(s)
Labels Myanmar, news, Political, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲ
Posted by Ko Nyan Posted Time 8:16 AM 3 Comment(s)
Labels Myanmar, news, Political, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
Sunday, August 26, 2012
ပြုံးမိသည်၊ ရယ်မိသည်၊ တွေးမိသည်၊ ရေးမိသည်
Posted by Ko Nyan Posted Time 8:08 PM 3 Comment(s)
Labels Cartoons, ကျွန်တော့်အတွေးများ, ကာတွန်း-Cartoon, ဟာသ-Funny
Saturday, August 25, 2012
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သဘောထားအမြင်များ
ဦးကျော်ဝင်း (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ၊ စာရေးဆရာ)
ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဥက္ကဋ္ဌ)
ဒေါက်တာ အေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ဒေါ်ခင်ဝိုင်းကြည် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ဦးရဲထွန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
Posted by Ko Nyan Posted Time 10:46 PM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Friday, August 24, 2012
အမေရိကန်တရားရုံးချုပ်အကြောင်း တစ်စေ့တစ်စောင်း
Posted by Ko Nyan Posted Time 10:55 AM 0 Comment(s)
Labels Political, စု၊ တု၊ ပြု, ဗဟုသုတ-Knowledge, မြန်မာ-Myanmar, နိုင်ငံရေး
ပညာဟူသည် မြတ်ရွှေအိုး - ဒေါက်တာ မြင့်မြင့်ခင်
Posted by Ko Nyan Posted Time 1:36 AM 1 Comment(s)
Labels Political, စာအုပ်မှတ်စုများ, စု၊ တု၊ ပြု, မြန်မာ-Myanmar, အောင်မြင်ရေး-Success, နိုင်ငံရေး
Thursday, August 23, 2012
စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ကိစ္စ ပြန်စဉ်းစားကြပါဦး - မောင်ဝံသ
Posted by Ko Nyan Posted Time 8:00 AM 1 Comment(s)
Labels Political, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး
Wednesday, August 22, 2012
သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာ တွေးမိတွေးရာ
Posted by Ko Nyan Posted Time 3:16 PM 6 Comment(s)
Labels ကျွန်တော့်အတွေးများ, စု၊ တု၊ ပြု, အဆိုအမိန့်များ-Motto
ခက်ခက်ခဲခဲသဘောမှန်ကိုရှာ၍ကြည့်
- သူတော်ကောင်းစကားကို ပြောတတ်သော်လည်း သူတော်ကောင်းအကျင့်ကို မကျင့်တတ်။
- စာကို ဖတ်တတ်သော်လည်း စာသဘောကို သိအောင်မကြိုးစား။
- သူတစ်ပါးက လိမ်ညာမှာကို ကြောက်သော်လည်း မိမိကိုယ်မိမိ လိမ်ညာနေတာမကြောက်။
- သူတစ်ပါးကို သနားဖို့တတ်သော်လည်း မိမိကိုယ်ကိုယ် သနားဖို့မတတ်။
- မိမိကိုယ်ကိုယ် အကျဉ်းထောင်ကျမှာကို ကြောက်၏၊ စိတ်အကျဉ်းထောင်ကျနေသည်ကို မသိ။
- လွတ်လပ်မှုကို လူတိုင်းလိုလား၏၊ မိမိစိတ်မှာ လွတ်လပ်သူဖြစ်အောင် မကြိုးစား။
- သူများအထင်ကြီးဖို့ကို လိုလား၏၊ မိမိကိုယ်ကိုယ် လေးစားရမှန်းမသိ။
- သူတစ်ပါးမှားသည်ကို မြင်၏၊ မိမိမှားသည်ကို မမြင်။
- သူတစ်ပါးကို ဆုံးမဖို့တတ်၏၊ မိမိကိုယ်မိမိ ဆုံးမဖို့မတတ်။
- သူများမကောင်းပြောမှာကို မကြောက်နှင့်၊ မိမိစိတ်မှာ မကောင်းဖြစ်မှာကိုသာကြောက်။
- ငွေကြေး ဆင်းရဲမှာကို မကြောက်နဲ့၊ အသိဉာဏ်ဆင်းရဲမှာကိုကြောက်။
- ဥစ္စာပစ္စည်း ဆင်းရဲလို့ သူတော်ကောင်း အပြစ်မမြင်၊ အသိဉာဏ်ဆင်းရဲမှ သူတော်ကောင်း အပြစ်မြင်သည်။
- ကုသိုလ်လိုချင်၍ အလှူလုပ်၏၊ အကုသိုလ်ကို မရှောင်ကြဉ်၍ အလှူမဖြစ်။
- နတ်ပြည်ကို ရောက်ချင်၍ ကောင်းမှုကိုပြု၏၊ အကုသိုလ်ဖြစ်သည်ကို နားမလည်၍ အပါယ်ကိုလား၏။
- ဘုရားကို ရိုသေလေးစား၏၊ ဘုရားစကားကို နားထောင်ရမှန်းမသိ။
- နိဗ္ဗာန်ကို လိုချင်၏၊ ဘုရားသွားရာလမ်းသို့ လိုက်ရမှာကြောက်၏။
- သူတော်ကောင်းတရားကို သိချင်၍ တရားနာ၏၊ လူမိုက်တို့၏ အကျင့်ကို မရှောင်၍ တရားနှင့်ဝေး၏။
- ဗုဒ္ဓဘာသာကို မကောင်းပြောလျှင် မုန်း၏၊ ဗုဒ္ဓတားမြစ်ထားသောတရားကို နေ့စဉ်ပြုလုပ်၏။
- တိုင်းပြည်ကို ကောင်းစေချင်၏၊ မိမိအိမ်မှာမိမိ ကောင်းအောင်နေဖို့ထိုင်ဖို့ မတတ်။
- ရပ်ရွာများ အေးချမ်းသာယာစေချင်၏၊ ရပ်ရွာအကျိုးကို ဆောင်ရွက်လိုစိတ် လုံးဝမရှိ။
- ကျန်းမာရေးကောင်းစေချင်၏၊ ကျန်းမာအောင် နေထိုင်စားသောက်ဖို့ မတတ်၊။
- အသက်အရွယ်က တဖြည်းဖြည်း ကြီးလာ၏၊ အသိဉာဏ်က တဖြည်းဖြည်း ကြီးမလာ၊ လောဘ၊ ဒေါသသာ တဖြည်းဖြည်း ကြီးထွားလာသည်။
- ကိုယ့်အမှားကို မမြင်ဘဲ သူတစ်ပါးအမှားကိုကြည့်ပြီး အပြစ်တင်နေတာ အကျိုးမရှိ၊ မကောင်းမှုကို မိမိမှစ၍ သိလျှင်သိချင်း ရပ်ပါ၊ မှန်ကန်သော အသိဉာဏ်သည် တန်ဖိုးမဖြတ်နိုင်၊ အမြင်မှန်၊ အတွေးမှန်၊ အလုပ်မှန်မှသာ လူ့ဘ၀၌ အဆင်ပြေနိုင်သည်၊ သိပြီးတော့ မလုပ်ရင် မသိသေးလို့ပါ၊ နည်းနည်းသိ နည်းနညည်းလုပ်၊ များများသိ များများလုပ်ပါ။
- လူတွေ ဒုက္ခများနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေးဟာ မရှိမဖြစ် လိုအပ်တယ်၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် ကိုယ်တိုင် ငြိမ်းချမ်းရမယ်၊ တစ်ဦးချင်း တာဝန်ယူရမယ်၊ တစ်ဦးချင်း တာဝန်ယူမှုမရှိဘဲ ကမ္ဘာကြီး ငြိမ်းချမ်းမှု မရနိုင်။
- တန်ဖိုးရှိသော အလုပ်ကို ပြုလုပ်ရခြင်းသည် ကောင်း၏၊ တန်ဖိုးမရှိသော အလုပ်ကို ရှောင်ကြဉ်ခြင်းက ပို၍ ကောင်း၏။
- သူတော်ကောင်းနှင့် ပေါင်းရတာ ကောင်း၏၊ သူယုတ်မာနှင့် မပေါင်းရတာက ပို၍ ကောင်း၏။
- ဤလောကကြီးထဲမှာ လူကောင်းများ ဆရာဖြစ်သလို လူမိုက်လည်း ဆရာဖြစ်နိုင်သည်။
- လူကောင်းသည် ကောင်းတာကို သင်၏၊ လူမိုက်သည် မကောင်းတာကို သင်၏၊ သင်သည် ကြိုက်တာကို သင်နိုင်သည်။
- အမှောင်ထု ဖုံးလွှမ်းနေတဲ့အချိန်မှာ အလင်းရောင်လိုအပ်တယ်၊ အမှားများနေတဲ့အချိန်မှာ အမှန်ဆိုတာ လိုအပ်တယ်၊ အစဉ်အလာက အရေးမကြီး၊ အမှန်တရားက အရေးကြီးပါတယ်။
- တရားကို ဟောသူလည်း များ၏၊ နာသူလည်း များ၏၊ မတရားကို ဟောသူလည်း မရှိ၊ နာသူလည်း မရှိ၊ ထို့ကြောင့် မတရားကိုသိသူ အလွန်နည်းပါး၏။ တရားကိုသိလျှင် အေးချမ်း၏၊ မတရားကို မသိလျှင် မအေးချမ်းနိုင်၊ လောကကြီး ပျက်စီးမှာကို ကြောက်၏၊ လောကကြီးကို ၀ိုင်းပြီး လူတိုင်းလိုလို ဖျက်နေကြ၏၊ လောကကို မိမိအတွက် အသုံးချ၏၊ မိမိကို လောကအတွက် အသုံးချဖို့ ၀န်လေး၏၊ လောကကြီးကို မိမိက မစောင့်ထိန်းလျှင် လောကကြီးကလည်း မိမိကို စောင့်ထိန်းလိမ့်မည်မဟုတ်။
- မကြားဟန်ဆောင်နေသူလောက် နားပင်းသူ မရှိ။
- မမြင်ဟန်ဆောင်နေသူလောက် မျက်စိကန်းသူ မရှိ။
- သိဟန်ဆောင်နေသူလောက် မသိသူ မရှိ။
- အို ရခိုင်သူ ရခိုင်သားအပေါင်းရို့ မကြာခင် လောကကြီး ပျက်စီးလိမ့်မည်၊ အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းကတ်ပါ၊ ဤလောကကြီးအတွင်းမှာ မှီတင်းနေထိုင်ကြသော လူတိုင်းမှာ တာဝန်ရှိပါသည်။
- တရားစခန်းကိုဝင်၍ တရားရှာကြ၏၊ ခန္ဓာထဲကိုဝင်၍ တရားမရှာကြ၊ တရားစခန်းက သင်ပြသော စကားကို နားလည်နိုင်၏၊ ခန္ဓာကသင်ပြသော စကားကို နားမလည်နိုင်။
- မိမိကိုယ်မိမိ သိပြီးဟုထင်၍ တပည့်များကိုရှာကြီး တရားဟော၏၊ တပည့်များသောဆရာ ဖြစ်နိုင်၏၊ ဆရာများများရှာ၍ တရားမနာသဖြင့် ဆရာများသောတပည့် မဖြစ်နိုင်၊ ဆရာများ၍ အပြစ်မရှိ တပည့်များက အပြစ်ရှိသည်၊ ဆရာများ၍ သားမသေ၊ ဆရာမှားမှ သားသေမည်၊ တပည့်များမှာထက် တပည့်မှားမှာကို ကြောက်ပါ။
- တရားသည် စာအုပ်ထဲမှာ မရှိ ဉာဏ်ထဲမှာရှိ၏၊ စာကိုသင်၍ ရ၏၊ တရားကို သင်၍ မရ၊ ဉာဏ်နှင့်ကျင့်မှ ရမည်၊ စာသည် တရားမဟုတ်၊ တရားသည် စာမဟုတ် စာကပညတ်၊ တရားက ပရမတ်၊ ပရမတ်ကို မသိလျှင် ပညတ်က ဖိထားမည်၊ ပညတ်ကို မြင်နိုင်၏၊ ပရမတ်ကို မမြင်နိုင်၊ မြင်နိုင်တာက မရှိ၊ မမြင်နိုင်တာက ရှိ၏၊ ရှိတာကိုမမြင်၊ မရှိတာကို မြင်၏၊ လူတိုင်း လူတိုင်း မရှိသော ပညတ်နှင့် အချိန်ကုန် ခံနေကြ၏။ အမှန်ရှိသော ပရမတ်ကို ထုတ်ဖော်၍ ပြောသူမရှိ၊ ထို့ကြောင့် ပရမတ်ကို ထုတ်ဖော်၍ ပြခဲ့သော ဗုဒ္ဓ၏ တရားနှင့် တဖြည်းဖြည်း ဝေးလေ၏။
- ဤအဆင့်ကို နားမလည်လျှင်၊ သဘောမပေါက်လျှင် အပင်ပန်းမခံနှင့်၊ သဘောပေါက်အောင် ဆရာကောင်းကို ချဉ်းကပ်၍ ဉာဏ်နား ဉာဏ်မျက်စိကို ဖွင့်၍ကြည့်မှ အမှားအမှန်ကို မြင်နိုင်သည်။
Posted by Ko Nyan Posted Time 2:09 PM 0 Comment(s)
Labels ကိုယ်ရေးကိုယ်တာ, စာအုပ်မှတ်စုများ, ဘာသာရေး-Religious, အဆိုအမိန့်များ-Motto
Tuesday, August 21, 2012
Photo News from Internet (August 21, 2012)
Posted by Ko Nyan Posted Time 3:46 AM 0 Comment(s)
Labels news, photos, Political, မြန်မာ-Myanmar, သတင်း-News, နိုင်ငံရေး
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ပတ်သက်၍ ပေးပို့ခဲ့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာအပေါ် ကျွန်တော့်ခံစားချက်များ
- ဘာကြောင့်မှန်း မသိသော်လည်း ၀မ်းနည်းဝမ်းသာ ခံစားရသည်။ ၀မ်းနည်းမိသည်က နိုင်ငံအတွင်း ဖြစ်ပျက်နေသော ပြဿနာပေါင်းစုံအတွက်၊ ပြည်တွင်းပြည်ပ ဖိအားမျိုးစုံအတွက်၊ မိမိ၏ အစိုးရအဖွဲ့မှ မိမိနောက်သို့ ဖြောင့်ဖြောင့်မလိုက်သည့် ပုဂ္ဂိုလ်များအတွက် ဦးနှောက်မှ အငွေ့ထွက်လုမတတ် စဉ်းစားစီစဉ် ဖြေရှင်းဆောင်ရွက်နေရသော သမ္မတကြီးအတွက် သနားမိသည်ကတစ်ကြောင်း၊ သ၀ဏ်လွှာပါ ခံစားချက်များကြောင့်တစ်ကြောင်း ဖြစ်ပါသည်။ ၀မ်းသာမိသည်က အချက်ကျကျ ပြန်လည်ရှင်းပြ ပြောဆိုနိုင်ခဲ့သည့် သမ္မတကြီး၏ ဖြေရှင်းချက်များအတွက် ဖြစ်ပါသည်။
- ယခင်က အနည်းငယ်သာ သတိပြုမိခဲ့သော်လည်း သ၀ဏ်လွှာဖတ်ပြီးချိန်တွင် လွှတ်တော်များ၏ အမြော်အမြင်မဲ့မှုကို ထပ်မံ မြင်တွေ့ခဲ့ရပါသည်။ ကျွန်တော် ဆိုလိုရင်းမှာ လွှတ်တော်များကို စော်ကားခြင်း မဟုတ်ပါ။ လွှတ်တော်များ၏ ဆုံးဖြတ်ချက်များသည် ခံစားမှု လွန်ကဲနေသည့်အတွက် မချိတင်ကဲ ဖြစ်မိခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး မျှော်လင့်ခဲ့သည်က လွှတ်တော်များ၏ ကြိုးစားအားထုတ်မှုဖြင့် အပြောင်းအလဲများကို ပီပီပြင်ပြင် အမြန်ဆုံး မြင်တွေ့လာနိုင်မည်ဟု။ သို့သော် ယနေ့ဖြစ်နေသည်က ထိုသို့ မဟုတ်သည်ကို နိုင်ငံ့အရေး စိတ်ဝင်စားသူတိုင်း သတိပြုမိကြလိမ့်မည် ထင်ပါသည်။ သမ္မတကြီး၏ သ၀ဏ်လွှာကို ကျွန်တော် အထပ်ထပ်အခါခါ ပြန်ဖတ်ကြည့်မိပါသည်။ လွှတ်တော်ကို ပြန်ကစ်လိုက်မယ်ဟဲ့ ဟူသည့်စိတ်ဖြင့် ရေးသားထားသော စကားလုံး တစ်လုံးတစ်လေမျှ မမြင်မိပါ။ (ကျွန်တော်ကိုဉာဏ်သည်ပင် သမ္မတကြီးအပေါ် စာနာသနားသည့် စိတ်ခံစားမှုဖြင့် ဖတ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်)
- သမ္မတကြီး၏ သ၀ဏ်လွှာကို ဖတ်ပြီးသည့်အချိန်တွင် ပြည်သူ့လွှတ်တော်က ပေးပို့တောင်းဆိုခဲ့သည့် အကြောင်းအရာများကို ပြန်ဖတ်ကြည့်မိသောအခါ ရေခဲမုန့်စားနေရင်း ရုတ်တရက် ရေနွေးသောက်လိုက်ရသလို ဖြစ်သွားပါသည်။ ဒေါသသံများ၊ တန်းညှိသံများ၊ တွန်းထိုးသံများ၊ စောင်းမြောင်းသံများ၊ ပွတ်တိုက်သံများ၊ ခြေထိုးသံများပင် ကြားလိုက်မိသလားဟု သံသယ ဖြစ်မိပါသည်။
- မိမိကိုယ်မိမိ ဥပဒေပြုရေးမဏ္ဍိုင်၊ မြန်မာနိုင်ငံတွင် အဆင့်အမြင့်ဆုံးမဏ္ဍိုင်၊ အဆင့်အမြင့်ဆုံး ဥပဒေပြု အဖွဲ့အစည်း စသည့်စသည့် ကြွေးကြော်မှုများဖြင့် မဏ္ဍပ်တိုင် မကြာခဏ တက်ပြခဲ့သော လွှတ်တော်များအတွက် ယခုအချိန်သည် သူတို့ဝဋ် သူတို့လည်သည့်အချိန် ဖြစ်လာပါလိမ့်မည်။ တစ်နည်း လွှတ်တော်အကြပ်အတည်း ဖြစ်လာပါလိမ့်မည်။ နောက်ဆက်တွဲအနေဖြင့် ကျွန်တော်တို့ မဖြစ်ချင်သော အရာများ ဖြစ်မလာပါစေနှင့်ဟုပဲ ဆုတောင်းရပါမည်။ အကယ်၍များ ဖြစ်လာခဲ့လျှင် ထိုပြဿနာများ၏ အစတရားခံသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြပါသည်။
- အထက်က အပိုဒ်ကို ကျွန်တော်ဘာကြောင့် ပြောရသလဲဆိုသည်မှာ အကြောင်းရှိပါသည်။ သမ္မတကြီး၏ သ၀ဏ်လွှာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ အခွင့်အရေးများကို အသုံးပြုသင့်ကြောင်း ရေးသားထားသောကြောင့် ဖြစ်ပါသည်။ မှန်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ အခွင့်အရေးများသည် မြန်မာပြည်၏ အဆင့်အမြင့်ဆုံးသော ဥပဒေပြုအဖွဲ့အစည်းဟု လက်မထောင်နေသည့် ပြည်ထောင်စုလွှတ်တော်၏ လက်ထဲတွင်သာ ရှိခြင်းဖြစ်ပါသည်။ သမ္မတကြီးသည် ထိုအခန်းနှင့် ပတ်သက်၍ တစ်ချက်တစ်လေမျှ ဆောင်ရွက်၍ ရနိုင်ခြင်း မရှိပါ။ တစ်နည်းပြောရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည်၊ မကိုက်ညီသည်ကို ဂရုပြုစရာ မလိုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို ပြုပြင်နိုင်ခွင့်အာဏာသည် ပြည်ထောင်စုလွှတ်တော်တွင် ရှိနေခြင်းကို လွှတ်တော်များ မသိ၍ မဟုတ်ပါ။ မသိချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ပါသည်။ ဘာကြောင့်မလုပ်သလဲဆိုတော့ လွှတ်တော်တွင် ပဋိပက္ခများ ဖြစ်ပွားမှာ မလိုလား၍ ဖြစ်ပါသည်။ ထို့ကြောင့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ခေါင်းတည်နေခြင်း ဖြစ်ပါသည်။ သို့သော် ယခုအချိန်တွင်တော့ သ၀ဏ်လွှာကြောင့် သူတို့၏ အကြံများ ဘူးပေါ်သလို ပေါ်သွားခဲ့ပါပြီ။ သူတို့လိုချင်သကဲ့သို့ မဖြစ်လာသည့်အတွက် သူတို့ ဘာလုပ်မည်နည်း။ လွှတ်တော်များ ဘာဆက်လုပ်မည်နည်း။ စိတ်ဝင်စားဖွယ်အတိ ဖြစ်ပါသည်။ သူတို့အဆိုပြုခဲ့သည့် စွပ်စွဲပြစ်တင်ခြင်း ဆက်လုပ်မည်လား။ လုပ်ပါစေ။ လွှတ်တော်တွင်း တိုက်ပွဲများကို ကျွန်တော်တို့ ဘေးကနေ ထိုင်ကြည့်ကြပါမည်။ ကျွန်တော်တို့မြန်မာတွေ မစည်းလုံးတာ အခုမှစတာမှ မဟုတ်တာပဲဗျာ။ (ဤနေရာတွင် အခန်း (၁၂) ပါ အခွင့်အရေးများကို ကျင့်သုံးရန်အတွက် အချို့သော ပုဒ်မများသည် ပြည်သူလူထု၏ ထောက်ခံမှုကို ရယူရန် လိုအပ်ပါသည်။)
- သမ္မတကြီး၏ သ၀ဏ်လွှာ အပိုဒ် (၈) ကို ဖတ်မိတိုင်း မျက်ရည်လည်မိပါသည်။ သမ္မတကြီး၏ မေတ္တာတရား၊ စေတနာတရားကို အထင်းသား တွေ့မြင်နိုင်ပါသည်။ ရွှေရောင်တောက်ပနေသည့် မြန်မာ့အနာဂတ်အတွက် ရင်လေးနေသည့် သမ္မတကြီး၏ ပင့်သက်ရှိုက်သံကိုပင် ကြားနိုင်ပါသည်။ သို့သော် မျက်စိဖြင့်မဖတ်ဘဲ နှလုံးသားဖြင့် ဖတ်ပြီး ဦးနှောက်ဖြင့် တွေးတောမှသာ ကြားနိုင်ပါလိမ့်မည်။ သမ္မတကြီး၏ စိုးရိမ်စိတ်ကို အတိုင်းသားမြင်ခွင့်ရသည့် စာပိုဒ်ဖြစ်ပါသည်။
- သ၀ဏ်လွှာအပိုဒ် (၉)ကို ဖတ်မိသည့်အချိန်တွင်တော့ ကျွန်တော် အင်မတန်မှ စိုးရိမ်မိပါသည်။ သမ္မတကြီး၏ စကားလုံးများတွင် အားလျော့သံများ၊ အားလျှော့သံများ၊ သံယောဇဉ် ဖြတ်လိုက်သည့်အသံများ၊ ဥပေက္ခာပြုလိုက်သည့် အသံများ ပဲ့တင်နေသလားဟု ထပ်ခါထပ်ခါ နားထောင်နေမိပါသည်။ ထိုအတိုင်း မဟုတ်ပါစေနှင့်ဟုလည်း ဆုတောင်းမိပါသည်။ သမ္မတကြီးထက် မပိုလျှင်တောင် သမ္မတကြီးအောက် မလျော့သော စိတ်ပူပန်မှုများဖြင့် ကျွန်တော်တို့နိုင်ငံအတွက် ကျွန်တော် စိတ်ပူပါသည်။ ရင်လေးပါသည်။ စိုးရိမ်ပါသည်။ သောကရောက်ပါသည်။ ထိုသို့မဟုတ်ပါစေနှင့်ဟု ဆုတောင်းရင်း ထိုစာပိုဒ်ကို ထပ်ခါထပ်ခါ ပြန်ဖတ်နေမိပါသည်။ တစ်ဆက်တည်းမှာပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့၏ မျက်နှာများကို မြင်ယောင်မိရင်း သက်ပြင်းရှည်ကြီးတစ်ခု ချမိပါသည်။
Posted by Ko Nyan Posted Time 2:31 AM 0 Comment(s)
Labels Myanmar, Political, ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, နိုင်ငံရေး
The message sent by the President for the Speaker of Pyithu Hluttaw
Posted by Ko Nyan Posted Time 1:22 AM 0 Comment(s)
Labels Myanmar, Political, မြန်မာ-Myanmar, နိုင်ငံရေး
Friday, August 17, 2012
Pyithu Hluttaw Vs The Constitutional Tribunal of the Union
- ခုံရုံးအဖွဲ့အနေနဲ့လည်း သူတို့မှာ အမှားမရှိတဲ့အတွက် သူ့တို့ဘာသာသူတို့ နုတ်ထွက်ကြမယ် မဟုတ်ဘူးလို့ ကျွန်တော် သုံးသပ်မိပါတယ်။ အဲဒါကြောင့်လည်း သတင်းစာမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အစုံ ဖော်ပြပေးတာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
- ပြည်သူ့လွှတ်တော်က ဆက်လုပ်မယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ သူတို့လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံဖို့ လိုအပ်ပါတယ်။ (သဘောကတော့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း ၄၄၀ ဦး ရှိတဲ့အတွက် မဲခွဲလို့ အခုလို စွပ်စွဲပြစ်တင်ခြင်းကို ထောက်ခံတဲ့ ကိုယ်စားလှယ် ၂၉၄ ဦး မပြည့်ဘူးဆိုရင် စွပ်စွဲပြစ်တင်ခြင်းကို ဆက်လုပ်ဖို့ မလိုပါဘူး) သုံးပုံနှစ်ပုံက ထောက်ခံတယ်ဆိုရင်တော့ စွပ်စွဲပြစ်တင်ခြင်းကို ဆက်လုပ်ပါတယ်။
- ပြည်သူ့လွှတ်တော်က စွပ်စွဲပြစ်တင်တာ ဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။ (ဒီနေရာမှာ စုံစမ်းစစ်ဆေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပဲ ဖွဲ့စည်းရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတာ မရှိပါဘူး။ ဒါဟာ စိတ်ဝင်စားစရာပါ။ ကျွန်တော့်အမြင်ကတော့ ပညာရှင်တွေပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် သို့မဟုတ် အဖွဲ့ စိတ်ကြိုက်ဖွဲ့ပြီး စစ်ဆေးနိုင်တာမျိုးပါ။ လွှတ်တော်ကပဲ စုံစမ်းစစ်ဆေးမယ် ဆိုရင်လည်း စစ်ဆေးနိုင်ပါတယ်။)
- အဲဒီလို အမျိုးသားလွှတ်တော်က စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာ အဲဒီစုံစမ်းစစ်ဆေးချက်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့အကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ ၁၅၀ ဦးက ထောက်ခံဖို့ လိုအပ်ပါတယ်။ (စုံစမ်းစစ်ဆေးတဲ့အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်ထားတဲ့ အချက်တွေဟာ မှန်ကန်တယ်လို့ ဆုံးဖြတ်ခဲ့ရင်တောင် ကိုယ်စားလှယ် ၁၅၀ ဦးက အဲဒီဆုံးဖြတ်ချက်ကို မထောက်ခံရင် စွပ်စွဲပြစ်တင်မှုကို ဆက်လုပ်စရာ မလိုပါဘူး။)
- စုံစမ်းစစ်ဆေးတဲ့အဖွဲ့ကလည်း အပြစ်ရှိတဲ့အကြောင်း ဆုံးဖြတ်တယ်၊ ကိုယ်စားလှယ် သုံးပုံနှစ်ပုံကလည်း ထောက်ခံတယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော် နာယကထံကို တင်ပြရပါမယ်။
- နာယကအနေနဲ့ အဲဒီလို တင်ပြလာရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ရာထူးမှ ရပ်စဲကြောင်း ကြေညာရမှာ ဖြစ်ပါတယ်။
Posted by Ko Nyan Posted Time 10:49 PM 1 Comment(s)
Labels Political, ကျွန်တော့်အတွေးများ, မြန်မာ-Myanmar, ဆောင်းပါး-Article, နိုင်ငံရေး