´´လှတဲ့မိန်းမတွေ မရှိဘဲနဲ့ မလှတဲ့ မိန်းမတွေ ဘယ်ရှိနိုင်ပါ့မလဲ´´
``ဘုရားသခင်ရဲ့ အကူအညီနဲ့ လုပ်နိုင်တာကိုပဲ ကတိပေးပါ´´
``မိုးလေ၀သခန့်မှန်းတဲ့လူတွေထက် ဆိုးတဲ့ရာသီဥတုဆိုတာ မရှိပါ´´
``လမ်းဟောင်းကို ပြုပြင်ထိန်းသိမ်းရမယ့်အစား ကျွန်တော်တို့အားလုံး လမ်းသစ်ကိုပဲ ရှာနေကြပါလား´´
``ဆိတ်ဆိတ်နေကြတဲ့အခါမှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် နားထောင် ကြသေးတယ်´´
``ဘာမှ မပြောင်းလဲတဲ့ ပြောင်းလဲရေးခေတ်မှာ နေရာတာ အခက်ဆုံး´´
``နိုင်ငံရေးသမားတွေရဲ့ ကတိဆိုတာ ဒိန်ခဲ မပါတဲ့ ကြွက်ထောင်ချောက်နဲ့ တူတယ်´´ (ကရုတီယဲ)
``ဘယ်သူ အကြီးဆုံးလဲဆိုတာ စပြီး မငြင်းခင်အထိ လူတွေအားလုံး ညီအစ်ကိုတွေ´´
``ကျွန်တော်တို့ ဘယ်လို နေ နေရသလဲဆိုတာကိုသာ မစဉ်းစားရင် နေလို့ ဖြစ်ပါတယ်´´
``သူများထက်မြင့်အောင် မခုန်နိုင်ရင် အလျားခုန်ပါ´´
``ခင်ဗျားနောက်ကို အားလုံးလိုက်နေကြတယ်ဆိုရင် ခင်ဗျား ပထမပဲ´´
``ကိုယ့်အကြောင်းပြောတာ စိတ်ဝင်စားစရာ အကောင်းဆုံး´´
``ဘ၀ကို မကျေနပ်တဲ့လူတွေ ကံကို ပုံချတယ်။ ကံကို မကျေနပ်တဲ့လူတွေ ဘ၀ကို ပုံချတယ်´´
``ဘာကို မျက်ကွယ်ပြုရမလဲဆိုတာကို သိဖို့အတွက် မျက်လုံး နှစ်ဖက်စလုံး ဖွင့်ထားရမယ်´´
``တစ်သက်လုံး ရိုးရိုးသားသားနေဖို့ ကြိုးစားချင်တဲ့စိတ်ဟာ လူ တော်တော်များများမှာ အစပိုင်းမှာတင် ပျောက်ကွယ်သွားတတ်တယ်´´
``ညာလက်ကလုပ်တာကို ဘယ်တော့မှ ဘယ်လက်က မသိစေနဲ့´´
(ရုစဘဲ့၊ အမေရိကန် သမ္မတ)
``ကျွန်တော်တို့ကို မသိချင်တဲ့လူလောက် ကျွန်တော်တို့ကို သိတာ မရှိပါ´´
``ကမ္ဘာကြီးကို ဖန်တီးတာဟာ သူ့အထဲမှာ နေတာထက် ပိုလွယ်ပါလားနော်´´
``ကိုယ့်နေရာမှာ ကိုယ်နေချင်တဲ့လူထက် သူများနေရာမှာ နေချင်တဲ့လူ အမြဲတမ်း ပိုများတယ်´´
``တရားမျှတမှုဘက်က တိုက်ပွဲဝင်ရာမှာ ဟဲဗီးဝိတ်တွေ နည်းလိုက်တာ´´
``နောက်ဆုံးမှာနေတာ ကောင်းတယ်။ နောက်က ရိုက်မှာကို ကြောက်စရာ မလိုဘူး´´
``ဘ၀တက္ကသိုလ် နှစ်တိုင်းနှစ်တိုင်း သင်ရိုးညွှန်းတမ်း အသစ်တွေချည်းပါလား´´
``စည်းကမ်းချက်အသစ်တွေထွက်လာရင် ချွင်းချက်အသစ်တွေလည်း ထွက်လာမယ်။ စိတ်ချ´´
``ကံကိုမယုံဘူး။ ဒါပေမယ့် ကံကိုပဲ အမြဲတမ်းပုံချတယ်´´
``တရာမျှတမှု ရှိတယ်ဆိုရင် ဘာဖြစ်လို့ ဒင်းမရှိရတာလဲဟင်´´
``ထိုင်လို့ရတဲ့နေရာမှာ မတ်တတ်ရပ်ရတာက ပိုလွယ်ပါတယ်´´
``စကားပြောခွင့်မရှိတဲ့လူ အသုံးအနှုံး ရွေးစရာမလို´´
``နိဗ္ဗာန်မှာ ဟာသကလွဲလို့ အကုန်ရှိတယ်´´
``၀င်ပေါက်မရှိတဲ့နေရာမှာ ထွက်ပေါက်ကို ရှာရတာ အခက်ဆုံး´´
``လုပ်မိတဲ့အမှားတွေရဲ့ အရေအတွက်က အရည်အသွေးအဖြစ်ကို ပြောင်းလာရင် အဲဒါ ဘ၀ အတွေ့အကြုံပဲ´´
``ကိုယ်ပိုင်အမြင် မရှိဘူးဆိုရင် အမြင်ချင်း မတူဘူးဆိုတာ မဖြစ်နိုင်ဘူး´´
``ကိုယ့်ကိုကိုယ်တောင် ဘာမှ ပြောစရာမရှိရင် သူများကို ခင်ဗျား ဘာပြောနိုင်မှာလဲ´´
``မျှော်လင့်ချက်တွေဟာ မျှော်လင့်ချက်တွေနဲ့ပဲ နေတဲ့လူတွေထက် သက်တမ်း ပိုရှည်တယ်´´
``လက်ညှိုးတွေ များလေလေ၊ အလုပ်လုပ်မယ့်လက်တွေ နည်းလေလေ´´
``လွတ်လပ်စွာပြောဆိုခွင့်ရဲ့ ကျေးဇူးကြောင့် အသုံးအနှုန်း ရွေးရတဲ့အလုပ် လျော့သွားတယ်´´
``သူငယ်ချင်းဖြစ်ဖို့ မကြိုးစားတာ တစ်ခုနဲ့ပဲ ရန်သူတွေကို မေတ္တာထားသင့်နေပြီ´´
``ကိုယ့်ကိုကိုယ် မကျေနပ်တဲ့လူထက် ဘ၀ကို မကျေနပ်တဲ့လူ ပိုများတယ်´´
``ကိုယ့်ကိုကိုယ် ပျော်အောင်လုပ်ရတာထက် အခြားလူကို ပျော်အောင်လုပ်ရတာ ပိုလွယ်တယ်´´
``မှတ်ဉာဏ်ကောင်းရင် သတိမရချင်တဲ့ အရာအားလုံးကို မေ့ရတာလွယ်တယ်´´
``ပြတ်သားတဲ့လူ ဗွေဆော်ဦး လက်လျော့သတဲ့´´
``သော့ပေါက်က ချောင်းကြည့်တဲ့အခါ ကိုယ်ကိုကိုယ်က လွဲလို့ အားလုံးကို မြင်ရတယ်´´
``လူသားကို ကယ်တင်ဖို့အတွက် လူအင်အား အမြဲတမ်း မလုံလောက်ဘူး´´
``ဒီဘ၀ကနေ အသက်ရှင်လျက် ထွက်သွားလို့ မရဘူး။ စိတ်ချ´´
``လှည့်ကြည့်ရုံရှိသေး။ အားလုံး ကိုယ့်ရှေ့ရောက်ကုန်ကြပြီ´´
``အနာဂတ်ဟာ အကောင်းမြင်သမားတွေကို ချစ်တယ်။ ဒါပေမယ့် အဆိုးမြင်သမား တွေနဲ့ ဖောက်ပြားတယ်´´
``တချို့သော ပိတ်ပင်တားမြစ်ချက်တွေဟာပြဿနာကို မဖြေရှင်းနိုင်သေးဘူးဆိုတဲ့ အချက်ကိုပဲ ဖော်ညွှန်းတယ်´´
(စွမ်ဘားတော့)
``ကျောက်ရုပ်တွေကို လူတွေ ဘယ်လို သဘောထားသလဲဆိုတာ ခိုတွေက ဖော်ပြတယ်´´
``အများနဲ့မတူ တစ်မူထူးခြားချင်သလား။ အဲဒါဆို အမှန်ပဲပြော´´
(ရုရှားစာရေးဆရာ ဗမ်ပီးလော့)
``ပျော်နေတဲ့လူတွေ နာရီကို မကြည့်ပါ´´
(ရုရှားစာရေးဆရာ ဂရီ ဘိုယက်ဒေါ့)
``သူရဲကောင်းတွေ လိုနေတယ်ဆိုရင် အဲဒီနိုင်ငံဟာ ကံမကောင်းတဲ့နိုင်ငံပဲ´´
(ဂျာမန်စာရေးဆရာ ဘရက်ခ်)
``နေရောင်ကို ကျောပေးထားရင် ကိုယ့်အရိပ်ကိုပဲ မြင်ရမယ်´´
``သေပြီးတဲ့ ပြိုင်ဘက်တွေကို မကြောက်ပါနဲ့။ ရှင်နေတဲ့ ရန်သူတွေကိုပဲ ကြောက်ပါ´´
(ပြင်သစ် စာရေးဆရာ ဒူးမား)
``နားထောင်ရမယ်ဆိုရင် အရင်ဆုံးနားထောင်၊ စကားပြောရမယ်ဆိုရင် နောက်ဆုံးမှ ပြော´´
``တစ်ခါပဲဖြစ်ဖြစ် အူလှိုက်သည်းလှိုက် ရယ်တဲ့လူဟာ ပြုပြင်လို့မရအောင် ဆိုးတဲ့လူ မဖြစ်နိုင်ပါ´´
(အင်္ဂလိပ်သမိုင်းပညာရှင်နှင့် တွေးခေါ်ရှင် ကာရ်လိုင်း)
``ကိုယ့်ရန်သူတွေကို ခွင့်လွှတ်လိုက်ပါ။ ဒါပေမယ့် သူတို့ကို ဘယ်တော့မှ မမေ့ပါနဲ့´´
(အမေရိကန် သမ္မတ ကနေဒီ)
``ကိုယ့်လူကြီးမှာ ဘာချို့ယွင်းချက်မှ မတွေ့တဲ့ လက်အောက်ငယ်သားကို မယုံနဲ့´´
``မှန်ရုံနဲ့မပြီးဘူး။ အချိန်မီ မှန်ဖို့ လိုတယ်´´
(စာပြောင်ဆရာ ကရွတ်ကီး)
``သူ မကြာခင် သေတော့မယ်ဆိုတာကို တွေးမိရင် ယောက်ျားတစ်ယောက် ငိုချင်စိတ် ပေါက်တယ်။ မိန်းမကတော့ သူမ မွေးလာတာ ကြာပါပကောဆိုတာ တွေးမိတိုင်း မျက်ရည်ကျတယ်´´
ဟာသ အဆိုအမိန့်ဆိုပေမယ့် အကုန်လုံးက ကောင်းတဲ့အတွေးတွေပါပဲ။ တန်ဖိုးရှိတာတွေ မျှဝေခြင်းတွေအတွက် ကျေးဇူးပါ။ 2007 ကပို့စ်ကို 2010 မှဖတ်ပြီး comment ပေးတာ စောနေလားမသိဘူး :P
ReplyDelete