Wednesday, July 15, 2009

တွေးပြီးမှရယ်ပါ


(၁)
မယ်ထုံ - ဟဲ့ မာလီ အပင်တွေရေသွားလောင်းလေ။
မာလီ - မိုးရွာနေတယ်လေ အစ်မရဲ့။
မယ်ထုံ - မိုးရွာနေတာများရေးကြီးခွင်ကျယ်လုပ်လို့၊ ထီးဆောင်းပြီး သွားလောင်း။
(၂)
အဲဒီနေ့က မင်းကို လမ်းပေါ်မှာ ငါတွေ့လိုက်တယ်
မင်းက အရမ်းကြည့်ကောင်းတာပဲနော်
မင်းမျက်နှာကလည်း အဲဒီနေ့က ရှင်းသန့်ကြည်လင်နေတယ်
မင်းလမ်းလျှောက်တာကလည်း ယုံကြည်မှုအပြည့်ပုံစံနဲ့ပေါ့
ငါ့စိတ်ထဲမှာ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ချက်ချင်းငြီးလိုက်မိတယ်
Who Let The Dogs Out
(၃)
နောက်ထပ် လမင်းကြီးတစ်စင်း ရှိလာနိုင်ပါသေးတယ်
နောက်ထပ် နေမင်းကြီးတစ်စင်းလည်း ရှိလာနိုင်ပါသေးတယ်
နောက်ထပ် ကောင်းကင်ပြာကြီးလည်း ဖြစ်လာနိုင်တာပါပဲ
ဒါပေမယ့် မင်းလို ချစ်သူမျိုးတော့ နောက်ထပ် ဘယ်တော့မှ ရှာမတွေ့နိုင်တော့ပါဘူးကွယ်
ဘာဖြစ်လို့လည်းဆိုတော့ ဘုရားသခင်ဟာ အမှားတစ်ခုကို ဘယ်တော့မှ နှစ်ခါလုပ်မှာမဟုတ်လို့ပါ။

No comments:

Post a Comment

 
Web Statistics