တစ်နေကုန်အလုပ်စားပွဲမှာ စိတ်ပန်းလူပန်းနဲ့ မောပန်းနွမ်းနယ်နေပြီလား။ ကဲ အင်တာနက်သုံးတဲ့အချိန်လေးမှာ အပျင်းလည်းပြေ ဉာဏ်ရည်လည်းထက် ပျော်စရာလဲကောင်းမယ့် သင်္ချာလေးတွက်ရအောင်လား။ အောက်မှာပေးထားတဲ့ အဆင့်လေးတွေအတိုင်း သင်္ချာလေးတွေ တွက်ကြည့်ပါလားဗျာ။ ပျော်စရာကောင်းပါတယ်။ ဂဏန်းပေါင်းစက်ပဲသုံးသုံး၊ စိတ်ထဲမှာပဲတွက်တွက်၊ စာရွက်ပေါ်မှာပဲ ချရေးပြီးတွက်တွက် ကြိုက်သလိုသာ တွက်ပါ။ ဘာပြဿနာမှ မရှိပါဘူး။ ပေးထားတဲ့အဆင့်လိုက် မှန်အောင်တွက်သွားဖို့သာ အရေးကြီးတယ်။ ကဲ စလိုက်ကြရအောင်။
(၁) သင့်မွေးနေ့ရက်ကို ရေးပါ။ (ဥပမာ - ၂၊ ၂၃၊ ၂၅၊ ၃၀ စသည်ဖြင့်)
(၂) ထိုမွေးနေ့ရက်ကို ၄ နဲ့ မြောက်ပါ။
(၃) ရလဒ်ကို ၁၃ ပေါင်းပါ။
(၄) ပေါင်းလို့ရတာကို ၂၅ နဲ့ မြောက်ပါ။
(၅) ရလာတဲ့အထဲက ၂၀၀ ကို နုတ်ပါ။
(၆) သင့်မွေးလကို ပေါင်းထည့်ပါ။ (ဥပမာ - ဇန်န၀ါရီလဆိုလျှင် ၁၊ မတ်လဆိုလျှင် ၃၊ ဒီဇင်ဘာဆိုလျှင် ၁၂ စသည်ဖြင့်)
(၇) ရလဒ်ကို ၂ နဲ့ မြောက်ပါ။
(၈) မြောက်လို့ရတဲ့အထဲက ၄၀ ကို နုတ်ပါ။
(၉) ပြီးရင် ၅၀ နဲ့ မြောက်ပါ။
(၁၀) သင်မွေးသောခုနှစ်ရဲ့ နောက်ဆုံးဂဏန်းနှစ်လုံးကို ပေါင်းထည့်ပါ။ (ဥပမာ - ၁၉၇၅ ခုနှစ်ဆိုလျှင် ၇၅၊ ၁၉၈၇ ဆိုလျှင် ၈၇ စသည်ဖြင့်)
(၁၁) ထိုရလဒ်ထဲမှ ၁၀၅၀၀ ကို နုတ်ပါ။
(၁၂) ကဲ ပြီးပါပြီဗျာ။ နောက်ဆုံးရလာတဲ့ အဖြေကို စစ်ကြည့်ပါဦး။ အဲဒီအဖြေဂဏန်းတွေကို မိတ်ဆွေများ ရင်းရင်းနှီးနှီး သိနေမလားလို့ပါ။
ပျော်ရွှင်အပန်းပြေနိုင်ပါစေဟု...

No comments:
Post a Comment