ကြာခဲ့လေပြီ၊ အတိတ်ဆီ၌
မြန်ပြည်သမိုင်း၊ တစ်ခေတ်ရိုင်းခဲ့
ထိုလှိုင်းဂယက်၊ ပြင်းရိုက်ချက်ကြောင့်
အသက်ဇီဝိန်၊ ချုပ်ကာငြိမ်ရှင့်
ဂုဏ်သိန် အာဇာနည်ကိုးဦး။
တစ်အိမ်တစ်စု၊ တစ်ရွာတစ်မြို့
ထိုမှတစ်ခန်း၊ ပြည်လုံးဝန်း၌
ငြိမ်းချမ်းမရ၊ ပူမီးကြွပြီ
ဖြစ်ရလေခြင်း၊ ခေါင်းဆောင်မင်းတို့
အခင်းလက်သာ၊ လွတ်လပ်ပါမည်
မကြာမီဟု၊ မြန်ပြည်အလှ
ကြည့်မရတော့၊
လွတ်ရေးရသာ၊ ဝေးရရှာပေါ့။
သူတို့ကြိုးပမ်း၊ သက်စွန့်ထမ်း၍
လှမ်းခဲ့မြန်မာ၊ လွတ်လပ်ပါပြီ
မြန်မာ့အလံ၊ မိုးထက်ပျံပြီ
လွတ်လပ်ရေးတေး၊ ပြည်လုံးကြွေးကြော်
ပျော်မဆုံးပြီ၊ လွတ်လပ်ပြီ။
ခေါင်းဆောင်ပီပီ၊ အာဇာနည်တို့
သင်တို့သေသွား၊ နှစ်ပေါင်းများလည်း
တို့များမမေ့၊ သည်ယနေ့ဝယ်
မနေ့ကပင်၊ ကြုံရသွင်သို့
စွဲထင်အသည်း၊ နှလုံးထဲ၌
အောက်မေ့သတိရပါသည်။
အသေစော၍။ နှမြောပါသည်
ခွေးကလူသတ်၊ ရင်ဘတ်နာသည်
သို့ပေသော်ငြား
သင်တို့နာမည်၊ ဆီမီးသည်ကား
ငြီးငြီးအရှိန်၊ တထိန်ထိန်ဖြင့်
အစဉ်တောက်နေဦးမည်သာ။ ။
Saturday, July 18, 2009
ကြွေခဲ့လေသော ပန်းကိုးပွင့် - ကိုဉာဏ် (ပန်းလောင်မြေ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment