Saturday, July 18, 2009

အာဇာနည်နေ့ဆန္ဒ - ဇော်ဂျီ


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏သားနှင့်၊ ပြောချိန်သင့်ပြီ

လက်ခွင့်ရနီး၊ လွတ်စည်တီးမှ

ဖျက်ဆီးကြံရွယ်၊ အန္တရာယ်သည်

မဖွယ်မရာ၊ တို့ပြည်ရွာ၌

ပေါ်လာမကောင်း ပေါ်ခဲ့ကြောင်း။



ဖျက်ဆီးကြံရွယ်၊ အန္တရာယ်တည့်

နယ်ချဲ့သွေးဆိုး၊ ဒေါသအိုးသည်

တိုင်းကျိုးလိုလို၊ ဘာလိုလိုနှင့်

ကိုယ်ကျိုးထဲပိုက်၊ မှောင်ခိုတိုက်သည်

မိုက်ခဲ့မကောင်း မိုက်ခဲ့ကြောင်း။



အမိုက်ကမ်းခတ်၊ သူ့အသတ်ကြောင့်

လွတ်မှုကြိုးပမ်း၊ ခုလတ်လမ်းတွင်

ဆန်းတို့တစ်စု၊ တိုင်းပြည်ပြုတို့

မရှုမလှ၊ ကြွေလိုက်ရသည်

ကျခဲ့မကောင်း ကျခဲ့ကြောင်း။



ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းက ပြန်ပြောင်း၊ မင့်သားကောင်းကို

အကြောင်းစုံသိ၊ မင့်ဝန်ရှိ၏

ရှိပါကဘဲ၊ သူ့စိတ်ထဲ၌

တိတ်စွဲသောက၊ စွဲဒေါသတို့

မကြွစေချင်၊ ပြေစေချင်၏

ပညာအသိ၊ သတိဖြစ်ရေး

အတွေးမှန်ကန်၊ နိုင်ငံလူထု

ကိုသာရှု၍

ပြုစေချင်၏ ပြုပါဘိ။ ။

No comments:

Post a Comment

 
Web Statistics