Sunday, August 09, 2009

လာပြန်ပြီ အတု


ဟိုနေ့ကမှ ကြက်ဥအတုတွေအကြောင်း ပြောလို့မပြီးသေးဘူး။ အခုသတင်းစာမှာ ပါလာပြန်ပါပြီ။ ဆေးဝါးအတုတွေတဲ့။ အင်း... ပြောကို မပြောချင်တော့ပါဘူးဗျာလို့ပဲ အော်လိုက်ချင်ပါတော့တယ်။ ဘာမှတ်ချက်မှ မပေးလိုတော့ပါဘူး။ သတင်းစာထဲမှာပါတဲ့ ကြေညာချက်ကိုပဲ ပြန်ကူးပေးလိုက်ပါတယ်။

ဈေးကွက်တွင် ရောင်းချနေသော
ANALGESIN TABLET ဆေးဝါး
အတုများနှင့် ပတ်သက်၍ သတိပေးချက်

၁။ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်)၊ ANALGESIN TABLET အမှတ်တံဆိပ်ဖြင့် ဆေးဝါးအတုများ ဈေးကွက်တွင် ရောင်းချလျက်ရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံမှ ANALGESIN TABLET ဆေးပြားကို ၂၀၀၃ ခုနှစ်တွင် နောက်ဆုံး ထုတ်လုပ်ခဲ့ပြီး ယခုအခါ လုံးဝထုတ်လုပ်ခြင်း မရှိတော့ပါ။

၂။ ANALGESIN ဆေးပြားတွင် အာနိသင်ရှိ ဓာတ်ပေါင်း DIPYRONE ပါဝင်ပြီး ဖျားခြင်း၊ ကိုက်ခဲ၊ ရောင်ရမ်းခြင်းများအတွက် အသုံးပြုရန်ဖြစ်သော်လည်း DIPYRONE ၏ ဘေးထွက်ဆိုးကျိုးများဖြစ်သော အစာအိမ်သွေးယိုစိမ့်ခြင်း၊ ရိုးတွင်းခြင်ဆီ ခန်းခြောက်၍ ကုသမရနိုင်သည့် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြင်းတို့ကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။ DIPYRONE ၏ ဆိုးရွားသော ဘေးထွက်အာနိသင်ကြောင့် နိုင်ငံတကာတွင်လည်း လုံးဝအသုံးမပြုတော့ပါ။

၃။ ဈေးကွက်တွင် ရောင်းချနေသော ANALGESIN အတုများကို သုံးစွဲခြင်းဖြင့် အသက်အန္တရာယ်ရှိသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည့်အတွက် လုံးဝသုံးစွဲခြင်း မပြုရန် သတိပေးကြေညာပါသည်။ ANALGESIN TABLET ဆေးပြားနှင့် တံဆိပ်အတု ပြုလုပ်ရောင်းချသူများအား ဖော်ထုတ် အရေးယူသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်)။

No comments:

Post a Comment

 
Web Statistics