အချိန်အခက်အခဲနဲ့ အခြားသော အခက်အခဲအချို့ကြောင့် ကျွန်တော်ဘလော့ဂ်ပို့စ်တွေ မတင်ဖြစ်တာပါ။ ဒီနေ့မနက်ပိုင်းက ရတဲ့အချိန်လေးမှာ အင်တာနက်သွားသုံးရင်း ကျွန်တော့်ဘလော့ဂ်ကို လာဖတ်တဲ့လူတွေ ဘယ်လောက်ရှိသလဲဆိုတာ Getclicky မှာ သွားကြည့်မိပါတယ်။ ပို့စ်တွေမတင်တာကြာပြီဖြစ်တဲ့အတွက် ပုံမှတ်လာဖတ်နေတဲ့လူတွေတော့ စိတ်ပျက်လက်ပျက်နဲ့ လာကြတော့မှာ မဟုတ်ဘူးလို့ ထင်ထားတာပါ။ ဒါပေမယ့် ဘလော့ဂ်ကို ပုံမှန်လာနေကျ ဘလော့ဂ်ဖတ်သူအရေအတွက်ဟာ ပုံမှန်အတိုင်းဖြစ်နေတာကို တွေ့ရပါတယ်။ အခြားသောအသစ်တွေရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ပို့စ်အသစ်များတင်ပြီလားဆိုပြီး လာဖတ်တဲ့မိတ်ဆွေတွေလည်း ပါမယ်ဆိုတာ သေချာပါတယ်။ အတော်လေးကို အားနာသွားမိပါတယ်။ ကျွန်တော်က ပို့စ်အသစ်တွေ မတင်ပေမယ့် ပုံမှန်လာဖတ်ပေးနေတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ။ နောက်ပြီးတော့ ပို့စ်တွေ ပုံမှန်မတင်နိုင်တဲ့အတွက်လည်း တောင်းပန်စကားဆိုပါတယ်။ အခုတလောကတော့ ပို့စ်တွေ ပုံမှန်ပြန်တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်လာဖတ်နေတဲ့ဘလော့ဂ်ဖတ်သူတွေကိုရော၊ အခုမှရောက်လာတဲ့ ဘလော့ဂ်ဖတ်သူတွေရော၊ မျက်စိလည် လမ်းမှားပြီး ကျွန်တော့်ဘလော့ဂ်ကို ရောက်လာကြတဲ့ မိတ်ဆွေတွေကိုရော အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းခင်ဗျား။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၈ ရက်၊ အင်္ဂါနေ့။
No comments:
Post a Comment