Friday, September 04, 2009

လှူခြင်းအကျိုးများ


သူငယ်ချင်းတစ်ယောက်နဲ့ ဂျီတော့ခ်မှာစကားပြောရင်း ဆွမ်းအကျိုးငါးပါးကို ပြောစမ်းပါဆိုလို့ ကျွန်တော်မှတ်မိတာကို ပြောပြလိုက်ပါတယ်။ အဲဒီနေရာမှာ လေးပါးကို သေသေချာချာသိပေမယ့် နောက်ဆုံးတစ်ခုကို ဘယ်လိုမှကို စဉ်းစားလို့မရပါဘူး။ ဒါကြောင့် သူငယ်ချင်းကို ပြန်ရှာပြီးမေးလ်ပို့လိုက်မယ်လို့ ကတိပေးလိုက်ရပါတယ်။ အခန်းမှာရှိတဲ့ စာအုပ်ပုံကို မွှေပြီးလိုက်ရှာရပါတယ်။ တွေ့ပါတယ်။ ဆွမ်းအကျိုးတင်မဟုတ်ဘဲ အခြားသောလှူခြင်းနဲ့သက်ဆိုင်တဲ့ အကျိုးတွေကိုလည်း တွေ့တဲ့အတွက် သိချင်တဲ့လူတွေများ၊ သိမ်းထားချင်တဲ့လူတွေများရှိရင် အဆင်ပြေအောင်လို့ ပို့စ်တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း နောက်လိုတဲ့အခါ ပြန်ကြည့်လို့ရအောင်ပေါ့။ အကုန်လုံးကို အလွတ်မရလို့ပါ။ ဂျီတော့ခ်ကနေ မေးတဲ့သူငယ်ချင်း ကိုလင်းရေ ပို့စ်တင်လိုက်ပါပြီဗျာ။

ဆွမ်းလှူကျိုး ၅ ပါး
သက်ရှည်
ဆင်းလှ
သုခ
ခွန်အား
ပညာများ
ငါးပါးဆွမ်းအကျိုး။

ပန်းလှူကျိုး ၃ ပါး
ပန်းလိုလှပ၊ ဘ၀ရုပ်ရည်၊ ခန္ဓာကိုယ်တွင်း၊ သန့်ရှင်းပေသည်၊ နံစော်ကင်းလို့၊ ခံတွင်းမွှေးကြည်၊ ပန်းလှူကျိုး သုံးမျိုးရနိုင်သည်။

ရေလှူကျိုး ၁၀ ပါး
လျင်မြန်
သန့်ရှင်း
စင်ကြယ်ခြင်းနှင့်
လွတ်ကင်းမွတ်သိပ်
မဆိတ်ခြံရံ
ဒီဃံသက်ရှည်
ရုပ်ရည်ဆင်းလှ
သုခ
ခွန်အား
ပညာများ
ဆယ်ပါး ရေအကျိုး။

မီးလှူကျိုး ၂ ပါး
ဘုရားရှင်အား၊ စိတ်ထားကြည်ဖြူ၊ ဆီးမီးလျှပ်ပန်း၊ လှူဒါန်းသောသူ၊ စက္ခုမံသ၊ ဉာဏနှစ်ဆူ၊ ကြည်လင်၏၊ ဖြစ်ဘိဉာဏ်ကြီးသူ။

တံမြက်လှည်းအကျိုး ၅ ပါး
ကိုယ့်စိတ်သူ့စိတ်၊ ယိုဖိတ်ကြည်လင်
နတ်တို့လေးစား၊ လွန်ပွားချစ်ခင်
ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်
နတ်ပြည်ရောက် ထွန်းတောက် ကျိုးငါးအင်။

No comments:

Post a Comment

 
Web Statistics