Thursday, November 19, 2009

ဗီဒီယိုဇာတ်ကားအညွှန်း


ဇာတ်ကားအမည် - အနှိုင်းမဲ့ကြိုး
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ရွှေသဒ္ဒါ (ရန်ကုန်တက္ကသိုလ်)
ဒါရိုက်တာ - မောင်ဗေဒါ
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ အိန္ဒြာကျော်ဇင်၊ ပြေဇင်၊ နန်းဆုရတီစိုး၊ ဇော်ဦး၊ စိုးမိုးကြည်၊ (ကလေးသရုပ်ဆောင်) အိစိကွေး

ဇာတ်လမ်းအကျဉ်း
စင်ကာပူမှာနေတဲ့ မင်းမင်းဆိုတဲ့ကောင်လေးတစ်ယောက် ညီမဖြစ်သူရဲ့ စေ့စပ်ပွဲကို လာခဲ့မိရာက ကလေးတစ်ယောက်အမေ အိမ်ထောင်ပျက်တစ်ယောက်နဲ့ ဆုံစည်းမိရာက နှောင်ကြိုးတွေ တွယ်ခဲ့မိကာ၊ ကလေးဖြစ်တဲ့ အတိုးအပေါ်မှာလည်း ဖခင်မေတ္တာတွေ ပေးချင်ခဲ့တဲ့ သူ့ရဲ့မေတ္တာစေတနာတွေအကြောင်းနဲ့ နောက်ဆုံးမှာ ကလေးနဲ့မိန်းမကို ပစ်သွားတဲ့ ယောက်ျားဟောင်း ပြန်ရောက်လာပြီး သုံးပွင့်ဆိုင်ဖြစ်ကြတဲ့အကြောင်းကို ရိုက်ပြထားတာပါ။

ဝေဖန်သုံးသပ်ချက်
ကြည့်ဖူးသမျှ မာန်ထက်ချီထုတ်လုပ်ရေးက ထုတ်တဲ့ ဟိန်းဝေယံရဲ့ ဇာတ်ကားတွေထဲမှာ အညံ့ဆုံးဇာတ်ကားပါပဲ။ ဟုတ်မလိုလိုနဲ့ ဘာမှန်းကိုမသိတဲ့ဇာတ်ပါ။ ဇာတ်အိမ်မခိုင်တဲ့အတွက် ကြည့်ရတာ ဘယ်လိုမှကို အရသာမရှိပါ။ ပေးချင်တဲ့ message တစ်ခုတည်းကို ပုံဖော်ဖို့အတွက် မလိုအပ်တာတွေ သိုင်းဝိုင်းပြီး တင်ပြထားတဲ့ဇာတ်လို့ပဲ မြင်ပါတယ်။

ဟိန်းဝေယံနဲ့ သူသရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နဲ့က လုံးဝကို မလိုက်ဖက်ပါ။ ဒီလိုဇာတ်လမ်းမျိုးဆိုတာ တကယ့်ကိုအငြိမ်နဲ့ သရုပ်ဆောင်မှ ကောင်းမှာပါ။

အဓိကကတော့ ဇာတ်လမ်းကိုက ဇာတ်အိမ်မခိုင်လို့ပဲ အဲဒီလိုဖြစ်သွားတယ်လို့ သုံးသပ်မိပါတယ်။ ပေးလိုက်ရတဲ့အချိန်တွေအတွက်တော့ နှမြောမိပါတယ်။

ဇာတ်ညွှန်းလည်း ညံ့ပါတယ်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊ ကြာသပတေးနေ့။
နံနက် ၇ နာရီ ၂၃ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics