Thursday, November 19, 2009

ကွင်းထဲက ၂၅ ယောက် အရေးမကြီးဘူးလား


ခေါင်းစဉ်က ဘာရယ်မဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် တွေးမိပြီး ပေးလိုက်တာပါ။ အခုကျွန်တော်ရေးမှာက အဲဒီခေါင်းစဉ်နဲ့ဆိုင်တဲ့ အကြောင်းအရာမဟုတ်ပါဘူးနော်။ ခေါင်းစဉ်နဲ့ဘာမှမဆိုင်တဲ့ အကြောင်းအရာကို လေရှည်ဦးမှာပါ။ ပြောပြီးပါပကော.... အဲဒီခေါင်းစဉ်ကို သဘောကျလို့ကို ပေးတာပါလို့။ (ဘာကြောင့် သဘောကျကြောင်းကို ဒီနေ့တင်ပေးတဲ့ ဆောင်းပါးအားလုံး ဖတ်ပြီးတဲ့အခါ ဘလော့ဂ်ဖတ်သူအနေနဲ့ နားလည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်)

အစကတော့ ကျွန်တော်အောက်မှာ ပြန်လည်ဖော်ပြလိုက်တဲ့ ဆောင်းပါးကို သဘောကျမိ၊ တွေးစရာတွေ ပါမိတယ်လို့ ယုံကြည်တဲ့အတွက် ဖတ်မိကတည်းက ကြိုက်သွားတယ်ဆိုပါတော့။ အချို့နေရာတွေမှာ သိပ်ပြီးမရှင်းလင်းတဲ့အတွက် ဆိုလိုရင်းကို သဘောပေါက်အောင် နှစ်ခေါက်သုံးခေါက် ပြန်ဖတ်ခဲ့ရတာတွေလည်း ရှိပါတယ်။ ဘာပဲပြောပြော အမြင်သစ်တစ်မျိုးနဲ့ ရှုထောင့်တစ်မျိုးကနေ ကြည့်ထားတာ ဖြစ်တဲ့အတွက် သဘောကျမိတာတော့ အမှန်ပါပဲ။ အဲဒါကြောင့်လည်း ဒီဘလော့ဂ်မှာ ပြန်ကူးပြီး တင်ပေးခဲ့ပါတယ်။

နောက်တစ်ပတ်ထုတ် ဂျာနယ်တွေ၊ ပြောရရင် အခုအပတ်ထုတ်တွေအထိ အဲဒီဆောင်းပါးနဲ့ပတ်သက်တဲ့ ဂယက်ကမပြီးသေးတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့များ အဲဒီဆောင်းပါးနဲ့ပတ်သက်ပြီး အဲဒီလောက် ဖြစ်နေကြရတာလဲလို့ စဉ်းစားလို့မရတဲ့အတွက် ကျွန်တော့်မှာ မနေ့ညက အဲဒီဂျာနယ်ကို ပြန်တောင်ဖတ်ရပါသေးတယ်။ ဘာမှလည်း ထူးထူးခြားခြား ငြိစွန်းအောင်ရေးထားတာ မတွေ့ရပါဘူး။ စာရေးသူပြောထားသလို သူဘာပြောချင်သလဲဆိုတာကို အမြင်သာကြီးပဲဟု ကျွန်တော်က ထင်ပါသည်။ သူပြောချင်တာကို တိုက်ရိုက်ဒါပဲကွာဟု မပြောဘဲ စာဖတ်သူကို တွေးစေချင်သည့်စေတနာလေးဖြင့် ချန်ပေးထားခဲ့သည်ဟု ယူဆပါသည်။ သို့သော်.... သို့သော်.....

အဆိုပါ "သို့သော်"တွေကြောင့် အဲဒီဆောင်းပါးဟာ ဘာဖြစ်လို့ အဲဒီလောက်ဂယက်ထသွားရသလဲဆိုတာကို ဆန်းစစ်လိုက်တော့ ကျွန်တော်သတိထားလိုက်မိတာ တစ်ခုရှိပါသည်။ ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မည်။ ဒီလိုပါ အဆိုပါဆောင်းပါးခေါင်းစဉ်ဖြစ်သည့် "ကွင်းထဲက ၂၅ ယောက် အရေးကြီးသည်" ကြောင့်ဟု ထင်မိခြင်းပင်။ ခေါင်းစဉ်တစ်ခုသည် အတော်လေး အရေးပါကြောင်း သတိထားမိသွားပါသည်။ (မကြာသေးမီးက ဖြစ်သွားခဲ့သည့် ဆရာနွမ်ဂျာသိုင်း နှင့် မျိုးကိုမျိုး ကိစ္စသည်လည်း ၀တ္ထုစာအုပ် ခေါင်းစဉ်(နာမည်)ကြောင့် ဖြစ်သွားခဲ့ရခြင်းပင်။ ဤကားစကားချပ်)

ဘာပဲဖြစ်ဖြစ် အောက်ဖော်ပြပါဆောင်းပါးကြောင့် နောက်ဆက်တွဲဖြစ်လာသည်များက စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ဘာတွေများလဲလို့ ကျွန်တော်က မပြောလိုတော့ပါ။ ကျွန်တော်သတိထားမိသလောက်ကို ပြန်ရှာပြီး တင်ပေးလိုက်ပါသည်။ အောက်ကဆောင်းပါးကို ပြန်ကူးတင်ပေးသည့်အတွက် တစ်မျိုးမထင်ကြစေလိုပါ။ လင့်ခ်အညွှန်းပဲပေးလိုက်လျှင် အခုမှလာဖတ်တဲ့လူဆိုပါက အဲဒီဆောင်းပါးကို သွားမဖတ်တော့ဘဲ စိတ်ကူးနှင့်ပဲ ဘာဖြစ်မယ်ထင်တယ်ဟု တွေးလိုက်မိမှာစိုးသောကြောင့် (တစ်နည်း) ညွှန်းထားသည့်အတွက် ဘာများလဲဟု ယခင်ဖတ်ပြီးသူများကလည်း တကူးတက အဲဒီလင့်ခ်ကို နှိပ်ပြီးထပ်ဖတ်နေရမည်စိုးသောကြောင့် တစ်ခါတည်း ပြန်တင်ပေးလိုက်ခြင်း ဖြစ်ပါသည်။

ကိုဉာဏ်
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊ ကြာသပတေးနေ့။
နံနက် ၇ နာရီ ၁၀ မိနစ်။

ကွင်းထဲက ၂၅ ယောက် အရေးကြီးသည် - အောင်ထွဋ်

၁။ လန်ဒန်မြို့တော်ရှိ ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုတွင် သုတေသန Fellow အဖြစ် တာဝန်ထမ်းနေသော စာရေးသူ၏ မိတ်ဆွေတစ်ဦးက စာရေးသူကို e-mail တစ်စောင်ပေးပို့၍ မိတ်ဆွေကောင်းပီသစွာ သတိပေးခဲ့ပါသည်။ အထူးသဖြင့် The Voice Weekly တွင် ဖော်ပြနေသော ခေါင်းကြီးများနှင့် ဆောင်းပါးများသည် အစိုးရဘက်သို့  လိုက်သည့်သဘောဆောင်နေသောကြောင့် စာရေးသူ၏ နာမည်ဂုဏ်သတင်းမှာ နွံနစ်တော့မည်ဟု သူယူဆကာ မလိုအပ်သည့်ထောက်ခံရေးသားမှုများကို သတိထားရန် သတိပေးခြင်းဖြစ်သည်။

အဆိုပါမိတ်ဆွေက The Voice Weekly ခေါင်းကြီးနှင့် ဆောင်းပါးများ၏ အရေးအသားများနှင့် ပတ်သက်၍လည်း သတိပေးခဲ့ပါသည်။ အရေးအသားများသည် ပညာတတ်"လေ" အသုံးပြုလွန်း၍ ELITIST ဆန်လွန်းသွားသည်၊ သတိထားပါဟု ဆိုပါသည်။ ထို့အပြင် အချို့သောစာကြောင်းများသည် ပညာတတ်"လေ"ဖြင့် အထက်စီးပြောသည့်သဘော ရောက်ရှိသွား၍ စာဖတ်သူများက လက်ခံမည်မထင်ကြောင်းကိုလည်း အကြံပြုထားသည်။ အထူးသဖြင့် မှန်သော်လည်း ပြည်သူလူထု လက်မခံနိုင်သော စကားများကို ပြည်သူလူထုအား ဆက်သွယ်ပြောကြားခြင်းမပြုရန် သတိပေးခြင်းဖြစ်ပေသည်။ (သူ့စာကို အင်္ဂလိပ်ဘာသာမူရင်းအတိုင်း ထည့်ပေးလိုက်ပါသည်။)

You might consider taking a break from writing editorials and educating the public until after the election – and focusing on advising the Generals instead. That seems like a more strategic use of your brain and energies than trying to engage the Burmese masses and public.
You have shot yourself in the foot repeatedly, writing UNNECESSARILY PRO-GOVERNMENT sounding editorials and articles.

I consider you a very close colleague and I have deep understanding of where you are coming from. Even I feel outraged by the editorial lines you have adopted. So, imaging others who don't know you at all.

Plus your writings are VERY ELITIST and ARROGANT – treating the pubic as if it were stupid and uneducated.

I thought I would clear the air here. Friends are supposed to be honest and frank with each other, especially if they think the others are committing unnecessary political SINS.

I know you would not be happy to read what I have to write you.
Friendship requires making friends unhappy when the occasion called for. But your writings are reflecting badly on others who want to work with you.

I think a little self-reflection would do you a lot of good, especially if you want to influence the public intellectually. Your name is being dragged through the mud.

Trust me I have made similar mistakes in the past – and I have never even been as understanding or supportive of the government as much as your editorial lines are.
Being despised as pro-government elitist is not a comfortable space mentally or socially. I have been there.

I am sharing this as a friend. Take it or junk it.

Yours ever,
Friend

၂။ ဒုတိယမိတ်ဆွေတစ်ဦးကမူ လူကိုယ်တိုင်လာပြောခြင်းဖြစ်သည်။ ထိုမိတ်ဆွေမှာ မြန်မာနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ ကူးချည်သန်းချည်သွားနေသောကြောင့် သူကြားခဲ့သော အမြင်မျိုးစုံကို စာရေးသူအား လက်ဆင့်ကမ်းလေ့ရှိသူဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင် ထိုမိတ်ဆွေက သူ၏မိတ်ဆွေဆရာဝန်ကြီးတစ်ဦး၏ စကားကို တစ်ဆင့်ပြန်လာပြောခြင်းဖြစ်သည်။

ထိုဆရာဝန်ကြီးမှာ ဘောလုံးဝါသနာအိုးဖြစ်ဟန်တူပါသည်။ သူ့ဥပမာလေးက ဘောလုံးပွဲဥပမာဖြစ်၍ စိတ်ဝင်စားဖွယ်ကောင်းပါသည်။ ယနေ့ကမ္ဘာပေါ်တွင် ခေတ်စားနေသော Pro-league ဘောလုံးပွဲတွင် ပါဝင်ပတ်သက်နေကြသူများကိုကြည့်လျှင် အမျိုးအစားနှစ်မျိုးနှစ်စားရှိကြောင်း၊ ကွင်းထဲက ၂၅ ယောက်နှင့် သန်းချီသော ကွင်းပြင်က ပရိသတ်၊ ရုပ်သံပရိသတ်တို့ဟူ၍ တွေ့ရမည်ဖြစ်ကြောင်း၊ သို့သော် ကစားပွဲ၏ အဆုံးအဖြတ်ကိုပေးသူများမှာ ကွင်းထဲက တစ်ဖက် ၁၁ ယောက်၊ နှစ်ဖက် ၂၂ ယောက်နှင့် ဒိုင်လူကြီး သုံးဦး၊ ပေါင်း ၂၅ ဦးတို့သာဖြစ်ပြီး သန်းနှင့်ချီသောပရိသတ်များက အဆုံးအဖြတ်ပေးခြင်းမဟုတ်ကြောင်း မိတ်ဆွေက ရှင်းပြခြင်းဖြစ်ပါသည်။

သန်းနှင့်ချီသော ပရိသတ်ထံတွင် ဟိုလိုကန်လိုက်ပါလား၊ ဒီလိုကန်လိုက်ပါလားများ ရှိသော်လည်း ကွင်းထဲက ၂၅ ယောက်ကသာ ပွဲကို အဆုံးအဖြတ်ပေးခြင်းဖြစ်၍ ကွင်းထဲက ၂၅ ယောက်ထဲတွင် ပါနိုင်မှသာလျှင် ကစားပွဲရလဒ်ကို ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း မိတ်ဆွေဖြစ်သူက ထောက်ပြပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်ပတ်သက်လျှင် အများစုမှာ ဘောလုံးပွဲကြည့်ပရိသတ်ကဲ့သို့ user တွေသာဖြစ်သည်ဟု မိတ်ဆွေကဆိုသည်။ user များသည် user များဖြစ်၍ user လိုပင် စဉ်းစားသည်ဖြစ်ရာ ၎င်းတို့၏ အဆင်မပြေမှုများကိုသာ ပြောကြလိမ့်မည်။ ထို့ကြောင့် မီးပျက်၊ ရေပျက်၊ လမ်းပျက်ကိစ္စများကို အပြစ်တင်ကြလိမ့်မည်။ သို့သော် မည်သို့ပြင်ကြမည်ဟူသော ရှုထောင့်ကို သူတို့သွားလိမ့်မည် မဟုတ်ကြောင်း၊ ထိုသို့မသွားသည့်အတွက်လည်း သူတို့ကို အပြစ်တင်ရန်မသင့်ကြောင်း၊ နားလည်ပေးရန်သာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်သွားရန်သာဖြစ်ကြောင်း ထိုမိတ်ဆွေက အကြံပေးပါသည်။

"ခင်ဗျားစဉ်းစားရမှာက သူတို့ကို ဖျော်ဖြေချင်တာလား၊ သူတို့အတွက် တစ်ခုခုကောင်းအောင် လုပ်ပေးချင်တာလား ဆုံးဖြတ်ဖို့ရာပဲ။ သူတို့ကို ဖျော်ဖြေချင်တာဆိုရင် သူတို့ကြိုက်တာပြော၊ ခင်ဗျား သူရဲကောင်းလို့ နာမည်ကြီးလိမ့်မယ်။ သူတို့အတွက် တစ်ခုခုကောင်းအောင် လုပ်ပေးချင်တာဖြစ်ခဲ့ရင် အဲဒါဖြစ်အောင်လုပ်၊ သမိုင်းက မှတ်တမ်းတင်လိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ကွင်းထဲကလူ ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့" ဟု ထိုမိတ်ဆွေက အကြံပြုပါသည်။

၃။ တတိယမိတ်ဆွေတစ်ဦးမှာမူ တကူးတက စာရေးပေးပို့ခြင်းဖြစ်ပါသည်။ သူသည် ပြည်သူချစ်သော အနုပညာရှင်တစ်ဦးဖြစ်ပြီး စာရေးသူ၏ အရင်းနှီးဆုံးမိတ်ဆွေအနည်းငယ်တွင် ပါဝင်သူဖြစ်သည်။ သူ့စာကို ဖတ်ကြည့်ပါ။

စာအုပ်နောက်ကျလို့ ဒီနေ့မှ ဖတ်ရတယ်။ ၀မ်းသာကျေးဇူးတင်ပါတယ်။ အရင်ဆုံးပြောချင်တာက "စိတ်ရှည်ပါဗျာ"။ ဒီမိုကရေစီ လူမှုအဆောက်အဦကိုဆောက်ဖို့ "ဗိသုကာကောင်း၊ ပန်းရန်ကောင်း၊ လက်သမားကောင်း" လောက်လောက်လားလား မရှိခဲ့ကြလို့ ဒီလိုအခြေအနေတွေ ဆိုက်ခဲ့ကြတာပါ။ ဒီကွက်လပ်ကို ဖြည့်ဆည်းပေးဖို့ Myanmar Egress က ကြိုးပမ်းနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် စိတ်ရှည်ပါ။ နောင်ဆယ်နှစ် ၂၀၂၀ ဆိုရင် ခင်ဗျားတို့ ကျွန်တော်တို့ အသက် ၆၀ မပြည့်သေးပါဘူး။ အများကြီးလုပ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ သားတွေ၊ သမီးတွေ (အဲဒီအချိန်လောက်မှာ) လွှတ်တော်ထဲမှာ ငြင်းခုံနေကြလိမ့်မယ်။ မြေးတွေက မူလတန်းကျောင်းမှာ ဒီမိုကရေစီနီတိတွေ ရွတ်ဖတ်နေကြလိမ့်မယ်။ အဲဒီမြင်ကွင်းကို လှမ်းကြည့်ပြီး စိတ်ရှည်ရှည်ဆက်လုပ်ပါဗျာ။ တစ်ခုတော့ရှိပါတယ်။ (ခင်ဗျားက ဂေါက်သမား ဂေါက်စကားပြောသလို ကျွန်တော်က စစ်တုရင်စကားပြောရမယ်။ အိုဘားမားကတော့ ပိုကာစကားပြောလိမ့်မယ်) ပုံသေချထားတဲ့ ၆၄ ကွက်ထဲမှာ ၃၂ ကောင်ကို နှစ်ယောက်ရွှေ့ခဲ့တဲ့ပွဲပေါင်း တစ်သန်းကျော်ထဲမှာ ဘယ်ပွဲမှ ထပ်တူထပ်မျှတူတဲ့ ကစားကွက်မရှိခဲ့ဖူးပါဘူး။ စိတ်ကူးနဲ့ ပရိယာယ်က စကားပြောသွားတာပါပဲ။ ရယ်စရာတစ်ခု ပြောပါရစေ။ မြန်မာပြည်မှာ Performance Politics နဲ့ Installation Politics (PP နဲ့ IP) သိပ်ခေတ်စားနေတယ်ဗျ။ ကိုယ့်ဘာသာကိုယ် စဉ်းစားပေတော့ဗျို့။ ပန်းပေးရင်တော့ "စိတ်တိုင်းကျနဲ့ ငွေဇင်ယော်"ပဲ။
အားလုံးအောင်မြင်ပါစေ။

၎။ ယခုလောက်ဆိုလျှင် စာရေးသူ၏ ဆိုလိုရင်းကို စာဖတ်သူများ သတိပြုမိလောက်ပြီဟု ထင်ပါသည်။ စာရေးသူတို့အနေဖြင့် user ရှုထောင့်မှကြည့်နေသော ပရိသတ်များကို ရှုထောင့်ပြောင်းကြည့်ဖို့ တိုက်တွန်းရန်မှတစ်ပါး မလွှမ်းမိုးသင့်ကြောင်း သဘောပေါက်ပါသည်။ ရှုထောင့်အမျိုးမျိုးရှိနေကြောင်း နားလည်ပေးနိုင်လျှင်မူကား စာရေးသူတို့အတွက် အတိုင်းထက်အလွန်ပင် ဖြစ်ပါလိမ့်မည်။

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၅၂ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics