မြန်မာသတင်းတွေပြောဦးမယ် ဆိုတဲ့ ပို့စ်မှာ နံပါတ်(၅) လိုင်စင်မဲ့ဆိုင်ကယ်တွေအကြောင်း ပြောတုန်းက သက်ဆိုင်ရာဒေသအလိုက် နံပါတ်တွေ ပေးမယ်လို့ ရေးခဲ့ပါတယ်။ တကယ်တမ်းပေးမှာက ကျွန်တော်ပြောခဲ့သလို ၁၀ယ၊ ၁၅ယ စသည်ဖြင့် ပေးမှာမဟုတ်ဘဲ တစ်နိုင်ငံလုံးကို "၁၇ယ" ဆိုပြီး တစ်မျိုးတည်း ပေးမှာပါတဲ့။ မှားနေကြောင်း ပြောပြပေးတဲ့ ကိုမင်းမင်းကို ကျေးဇူးတင်ပါတယ်။
အခုလောလောဆယ်တော့ Blogger ကို ၀င်လို့မရတဲ့အတွက် ပို့စ်မှာ မပြင်နိုင်သေးပါဘူး။ အဲဒီပို့စ်ကို ဖတ်တဲ့အခါ အခုအမှားပြင်ဆင်ချက်လေးကို အစားထိုးပြီး ပြင်ဖတ်ပေးကြပါလို့ တောင်းပန်ရင်း... ပြောစရာ အတင်း အဲ... သတင်းတွေ လိုက်စုနေတဲ့.....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်၊ သောကြာနေ့။
ည ၉ နာရီ ၂၃ မိနစ်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်၊ သောကြာနေ့။
ည ၉ နာရီ ၂၃ မိနစ်။
No comments:
Post a Comment