ဘာသာပြန် - T
စိတ်ဖိစီးမှုနှင့် အစားအသောက်ပျက်ခြင်း
စိတ်ဖိစီးမှုဖြစ်ခြင်းကြောင့် အစားအသောက် ပျက်တတ်ပါတယ်။ ဒါ့ကြောင့် အောက်ပါအတိုင်း လိုက်နာကျင့်သုံးသင့်ပါတယ်။
(၁) အထူးသဖြင့် သင်ကြိုက်နှစ်သက်သော အစားအစာများကို နည်းနည်းလေးစီ စားပါ။
(၂) အစာစားဖို့အတွက် အချိန် သီးသန့်ပေးပါ။
(၃) သင် အစာစားနေတာကို အမြန်ပြီးအောင် စားရန်လိုအပ်သော အခြေအနေများနှင့် မကြုံတွေ့စေရန်အတွက် ယာယီအားဖြင့် ရှောင်ကြဉ်ပါ။
(၄) အရည်များများ သောက်ပါ။ အထူးသဖြင့် ရေ သို့မဟုတ် သစ်သီးဖျော်ရည် သို့မဟုတ် အဆီထုတ်ထားသော နွားနို့တို့ကို သောက်ပေးပါ။
စိတ်ဖိစီးမှုကို တာရှည်ခံစားလာရပါက ကိုယ်အလေးချိန် ကျဆင်းလာတတ်ပါတယ်။ အဲဒီလိုအဖြစ်မျိုး ကြုံရပြီဆိုရင်တော့ အထွေထွေရောဂါကုဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
ကာမဆန္ဒ အားနည်းသွားခြင်း
လိင်ဆက်ဆံလိုစိတ် နည်းပါးသွားခြင်းသည် စိတ်ဖိစီးမှု ခံစားရသူများအတွက် မကြာခဏ ကြုံတွေ့ရလေ့ရှိသော ပြဿနာတစ်ခု ဖြစ်ပါတယ်။ စိတ်သောကလည်း ရောက်စေပါတယ်။ ဒီပြဿနာဟာ အကြာကြီးဖြစ်နေတာ မဟုတ်ရင်တော့ အေးအေးဆေးဆေးပဲ နေလိုက်ပါ။ အဲဒီကာလတွေကိုတော့ ရင်းနှီးကျွမ်းဝင် ချစ်ခင်စွာ နေထိုင်ဆက်ဆံပါ။ ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်းကဲ့သို့သော အပြုအမူများကို ကြိုးစားဆောင်ရွက်ပါ။
ရနံ့ကုထုံးဖြင့် စိတ်ဖိစီးမှုကို ဖြေဖျောက်ခြင်း
အမွှေးရနံ့များ ရှူရှိုက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကို ပြေပျောက်စေနိုင်ပါတယ်။ ဒါကို ရနံ့ကုထုံး (Aromatherapy)လို့ ခေါ်ပါတယ်။
(၁) မွှေးဆီ (Essential Oil) တစ်ခုဖြစ်တဲ့ သစ်ခွရနံ့သည် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။
(၂) မွှေးဆီတစ်ခုခုကို အစက် ၄-၅ စက်ခန့် ရေချိုးကန်ထဲထည့်၍ ရေစိမ်ချိုးနိုင်ပါသည်။ လက်ကိုင်ပ၀ါတွင်ဆွတ်၍လည်း မကြာခဏ ရှူနိုင်ပါတယ်။ ဒါပေမယ့် အချို့သူများတွင် အရေပြားနှင့် ဓာတ်မတည့်ဖြစ်တတ်သောကြောင့် ကိုယ်သုံးမည့် အမွှေးဆီကို လက်အရေပြားပေါ်မှာ အနည်းငယ်ဆွတ်၍ စမ်းကြည့်ပြီး တည့်မှသုံးပါ။
(၃) မွှေးဆီများကို မျက်စိထဲ မ၀င်အောင် အထူးဂရုစိုက်ပါ။ မွှေးဆီများအား ရှူရှိုက်နေစဉ် မျက်လုံးကိုပိတ်ထားပါ။ အနံ့များကို ဦးနှောက်၏ အတွင်းဆုံးအပိုင်းမှ ခံစားခြင်းဖြစ်ပါတယ်။ အဲဒီနေရာဟာ စိတ်ခံစားမှုများနှင့် သက်ဆိုင်သော နေရာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အမွှေးရနံ့များသည် လူ၏စိတ်နှင့် ကျန်းမာရေးအပေါ်မှာ အလွန်အာနိသင် ရှိပါတယ်။
(၄) မွှေးရနံ့ကုထုံးဖြင့် ကုပေးသော ကျွမ်းကျင်ပညာရှင်များသုံးသည့် မွှေးဆီ၊ အဆီအနှစ်များသည် မွှေးဆီပေါင်းစုံကို ရောစပ်သုံးစွဲခြင်း ဖြစ်ပါတယ်။ မွှေးဆီတစ်ခုချင်းစီမှာ အာနိသင်တစ်မျိုးစီ ရှိပါတယ်။
စဉ် | အမွှေးဆီ | အာနိသင် |
၁။ | Bergamot | စိတ်ဓာတ်ကျခြင်းကို ပြေပျောက်စေသည်။ |
၂။ | Camomile | စိတ်ငြိမ်စေသည်။ |
၃။ | Clary Sage | စိတ်တက်ကြွအောင် လှုံ့ဆော်ပေးသည်။ |
၎။ | Geranium (ကြွေပန်း) | စိတ်ဓာတ်ကျခြင်းကို ပပျောက်စေသည်။ |
၅။ | Jasmine (စပါယ်နံ့) | စိတ်ဓာတ်ကျခြင်းကို ပပျောက်စေသည်။ |
၆။ | Lavender (သစ်ခွ) | စိတ်ငြိမ်စေသည်။ |
၇။ | Marjoram (ယင်းမာပင်) | မှိန်းစေသည်။ |
၈။ | Neroli | မှိန်းစေသည်။ |
၁၀။ | Rose (နှင်းဆီ) | မှိန်းစေသည်။ |
သတိပြုရန်
အမွှေးဆီများကို ခန္ဓာကိုယ်အတွင်းသို့ ဘယ်တော့မှ မ၀င်ရောက်စေရပါ။ Bergamot၊ နှင်းဆီနှင့် Neroli တို့မှလွဲ၍ ယခုဇယားတွင် ဖော်ပြထားသော အမွှေးဆီများကို ကိုယ်ဝန်သည်များ ရှောင်ကြဉ်ရပါမည်။ သစ်ခွနှင့် Camomile ကတော့ ကိုယ်ဝန် ပထမ ၃ လအတွင်းတွင်သာ ရှောင်ကြဉ်ရန်လိုပါသည်။
No comments:
Post a Comment