ဆာလောင်မှုဆိုတာ ပျင်းစရာ ပြက်လုံးပဲ
ကိတ်မုန့် မရှိလည်း ဘိန်းမုန့် စားကြပေါ့
ဓားနဲ့ အပေါက်ခံရတာထက် စာရင်
ငွေနဲ့ အပေါက်ခံရတာ တော်သေးရဲ့
ငိုစရာတွေ များလို့ ရယ်စရာတွေ ခေတ်စားလာတယ်ဆိုရင်
ကြောက်စရာတွေ များရတဲ့အထဲ
သရဲကားတွေ လူကြိုက် များလာတာကျ
ဘာပြောမလဲ။
စိတ်မရှိပါနဲ့ ဘယ်သူ့ကိုမှ မယုံဘူး
သူ့ကိုယ်သူလည်း မယုံဘူး
မီးက ဘယ်အချိန် လာမှာလဲ
အိမ်ကို ဘယ်တော့ ပြန်ရမလဲ
ကျွန်တော့်နာရီလည်း ရပ်နေတယ်။
(၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလထုတ် သရဖူ မဂ္ဂဇင်း အမှတ် ၁၄၇ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment