Thursday, January 07, 2010

နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ


When I feel the heat, I see the light.

Everett Dirksen
ပူတယ်လို့ သိတော့မှ မီးကို ကျွန်တော်မြင်တယ်။
အဲဗရက်ဒတ်ဆင်း

Glory is fleeting, but obscurity if forever.
Napoleon Bonaparte
ဂုဏ်ကျက်သရေဆိုတာ တခဏ၊ မေ့လျော့ခံဘ၀က  ထာဝရ။
နပိုလီယံဘိုနာဘတ်

Until relatively recently, mass political movements were still about basic rights of food, shelter, education and self sufficiency. The reasons fewer people vote these days, or turn up for political meetings, is that for the vast majority of us those rights have been fulfilled. These days it's in the adverts for mobile phones or foreign holidays where phrases like "Join the Revolution!" and "Cry Freedom!" are bandied about for a generation which knows nothing of their provenance. Just as now we have luxury illnesses to replace real ones, so now we have luxury politics.
John Diamond, British Journalist
သိပ်မကြာသေးခင်လောက်အထိ လူထုနိုင်ငံရေးလှုပ်ရှားမှုတွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ပညာသင်ကြားရေးနဲ့ ကိုယ်ရေးဖူလုံရေးဆိုတဲ့ အခြေခံအခွင့်အရေးတွေအတွက်ပဲ ဖြစ်နေခဲ့သေးတယ်။ ဒီနေ့ခေတ်မှာ မဲဆန္ဒပေးသူတွေ နည်းလာခြင်း၊ သို့မဟုတ် နိုင်ငံရေးအစည်းအဝေးတွေကို တက်ရောက်သူနည်းလာခြင်းရဲ့ အကြောင်းကတော့ ကျွန်ုပ်တို့ရဲ့ လူများစုကြီးဟာ အဲဒီအခြေခံအခွင့်အရေးတွေနဲ့ ပြည့်စုံပြီး ဖြစ်နေလို့ပါပဲ။ "တော်လှန်ရေးမှာ ပါဝင်ကြလော့" နဲ့ "လွတ်လပ်ရေးကြွေးကြော်ကြ" ဆိုတဲ့ စကားရပ်တွေရဲ့ ဇစ်မြစ်ကို ဘာမှမသိနားမလည်တဲ့ မျိုးဆက်တစ်ခုက အဲဒီစကားရပ်တွေကို ရယ်စရာလုပ်ပြီး ပြောဆိုနေကြတဲ့ ဒီနေ့ခေတ်မှာ မိုဘိုင်းလ်ဖုန်း သို့မဟုတ် နိုင်ငံခြားအပန်းဖြေခရီးသွားခြင်းဟာ ရည်ညွှန်းစကားတွေ ဖြစ်နေတယ်။ မကြာသေးခင်ကပဲ ကျွန်ုပ်တို့ဟာ အစစ်အမှန်အရာတွေကို အစားထိုးဖို့ ဇိမ်ခံနာမကျန်းဖြစ်မှုဆိုတဲ့ စကားလုံးကိုရခဲ့တယ်။ အခုတစ်ဖန် ဇိမ်ခံနိုင်ငံရေး စကားလုံးကို ရပြန်ပြီ။
ဂျွန်ဒိုင်းမွန်း၊ ဗြိတိသျှသတင်းစာဆရာ

Commitments the voters don't know about can't hurt you.
Ogden Nash
မဲဆန္ဒရှင်တွေမသိတဲ့ ကတိကျွံမှုတွေဟာ သင့်ကို မထိခိုက်နိုင်ပါ။
အော့ဂ်ဒင်းနက်ရှ်

In joining a political party, people shouldn't have to swear everlasting agreement with every jot and tittle of their party's policy manifesto. Debate, disagreement, argument, are good for democracy not bad.
William Watson, Columnist & McGill University Professor
နိုင်ငံရေးပါတီတစ်ခုကို ၀င်တဲ့အခါ ပါတီမူဝါဒ ကြေညာစာတမ်းအတိုင်း တသွေမတိမ်း သဘောတူလိုက်နာပါမည်လို့ သစ္စာမဆိုသင့်ဘူး။ အချေအတင်ပြောဆိုခြင်း။ သဘောမတူခြင်း၊ စောဒကတက်ခြင်း စတာတွေဟာ ဒီမိုကရေစီအတွက် ကောင်းတဲ့ကိစ္စတွေ ဖြစ်တယ်။
ဝီလျံဝပ်ဆင်

(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၄၃ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics