၁၈၈၆ ခုနှစ် နယ်ချဲ့ဗြိတိသျှတွေ ကျွန်တော်တို့နိုင်ငံကို သိမ်းပိုက်ခဲ့ပြီးနောက်မှာလည်း မြန်မာနိုင်ငံသားတွေကို သူရဲကောင်းငွေဓားရမင်း (T.D.M)၊ ကျက်သရေဆောင်ရွှေစလွယ်ရမင်း (K.S.M)၊ အမှုထမ်းကောင်းတံဆိပ်ရမင်း (A.T.M)၊ တိုင်းကျိုးပြည်ကျိုးဆောင်တံဆိပ် (T.P.S) ဆိုပြီး တီထွင်ပြဋ္ဌာန်းချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။ အဲဒီဘွဲ့တံဆိပ်တွေထက် အဆင့်မြင့်ပြီး အင်္ဂလန်ဘုရင် (သို့မဟုတ်) ဘုရင်မက ချီးမြှင့်တဲ့ ဆာဘွဲ့ (Sir)၊ O.B.E (Order of British Empire) ဘွဲ့နဲ့ M.B.E (Member of British Empire) ဘွဲ့တံဆိပ် (၃)မျိုးကိုလည်း မြန်မာနိုင်ငံသားအရာရှိကြီးများ၊ သူဌေးကြီးများကို ချီးမြှင့်ခဲ့တာ တွေ့ရှိနိုင်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ နိုင်ငံတော်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်နဲ့ ချစ်ကြည်ရင်းနှီးရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြတဲ့ နိုင်ငံခြားတိုင်းပြည်များက ခေါင်းဆောင်တွေ၊ သံတမန်တွေနဲ့ ပုဂ္ဂိုလ်တွေ၊ အမျိုးသားရေးမူဝါဒဖြစ်တဲ့ ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရာမှာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနဲ့အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ သိပ္ပံပညာ၊ ၀ိဇ္ဇာပညာနဲ့ အခြားသောပညာရပ်တစ်ခုခုမှာ ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ စာပေနဲ့ အနုသုခုမပညာရပ်များမှာ ထူးခြားကောင်းမွန်စွာ တတ်မြောက်တဲ့ ပုဂ္ဂိုလ်တွေကို ထိုက်တန်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များကို ချီးမြှင့်အပ်နှင်းသွားမှာဖြစ်။
လယ်ယာစီးပွားထူးချွန်တံဆိပ်၊ စက်မှုစီးပွားထူးချွန်တံဆိပ်၊ စီမံထူးချွန်တံဆိပ်နဲ့ လူမှုထူးချွန်တံဆိပ် (၄)ခုကို ပေါင်းစည်းပြီး နိုင်ငံတော်ရဲ့ ကောင်းကျိုးဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများကို သီရိပျံချီဘွဲ့အဖြစ် ချီးမြှင့်ပေးအပ်သွားမှာဖြစ်။
စစ်ဘက်ဆိုင်ရာ တိုင်းကျိုးပြည်ကျိုးကို အများနဲ့မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်သူများအတွက် ဇေယျကျော်ထင်ဘွဲ့၊ နယ်ဘက်ဆိုင်ရာ တိုင်းကျိုးပြည်ကျိုးကို အများနဲ့မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်သူများအတွက် ၀ဏ္ဏကျော်ထင်ဘွဲ့ဆိုပြီး ချီးမြှင့်ပေးအပ်သွားမှာဖြစ်။
စာပေနဲ့ အနုသုခုမဆိုင်ရာ ကဏ္ဍအတွက် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများကိုတော့ အလင်္ကာကျော်စွာဘွဲ့ကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်။
သိပ္ပံပညာထူးချွန်တံဆိပ်၊ ၀ိဇ္ဇာပညာထူးချွန်တံဆိပ်၊ ဆေးပညာထူးချွန်တံဆိပ်နှင့် နည်းပညာထူးချွန်တံဆိပ်များအစား သိပ္ပံပညာ၊ ၀ိဇ္ဇာပညာနဲ့ အခြားသောပညာရပ်တစ်ခုခုမှာ ထူးကဲကောင်းမွန်စွာ ဆောင်ရွက်တဲ့သူများအတွက်တော့ သိပ္ပကျော်စွာဘွဲ့ကို ချီးမြှင့်ပေးအပ်သွားမှာဖြစ်။
နိုင်ငံတော်အကြီးအကဲဟာ နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရာထူးအလျောက် သုဓမ္မသင်္ဂဟနဲ့ ပြည်ထောင်စု စည်သူသင်္ဂဟများရဲ့ အကြီးအမှူးဖြစ်တဲ့အပြင် သုဓမ္မသင်္ဂဟမှာ အဂ္ဂမဟာသီရိသုဓမ္မဖြစ်ပြီး ပြည်ထောင်စုစည်သူသင်္ဂဟမှာ မဂ္ဂမဟာသရေစည်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အကြီးအကဲဟာ တာဝန်ပြီးဆုံးတဲ့အခါမှာလည်း အဂ္ဂမဟာသီရိသုဓမ္မနဲ့ အဂ္ဂမဟာသရေစည်သူအဖြစ် ဆက်လက်တည်မြဲမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေနဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်၊ ချီးမြှင့်အပ်နှင်းသင့်ကြောင်း အဆင့်ဆင့် ထောက်ခံတင်ပြမှုမရှိသည့်တိုင် အထူးထိုက်သင့်တဲ့ ကိစ္စရပ်များအတွက် ချီးမြှင့်သင့်ကြောင်းတွေ့ရှိပါက သင့်လျော်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ (သို့မဟုတ်) ဂုဏ်ထူးဆောင်တံဆိပ်ကို ချီးမြှင့်အပ်နှင်းနိုင်ပါတယ်။ ပြည်ပကျူးကျော်မှုများနဲ့ ပြည်တွင်းအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ပျက်ပြားတဲ့ အခြေအနေတစ်ရပ်ရပ်အရ တိုက်ပွဲဝင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခံထိုက်တဲ့ ကိစ္စများရှိလာရင်လည်း အခါအားလျော်စွာ အထူးအမိန့်ပြန်တမ်း ထုတ်ပြန်ပြီး ပြဋ္ဌာန်းနိုင်ပါတယ်။
Friday, January 08, 2010
စိတ်ဝင်စားလို့ ကျွန်တော်မှတ်သားမိတာတွေ
(၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ အချပ်ပိုတွင်ဖော်ပြပါရှိသည့် ဆောင်းပါးရှင် ကျော်ရဲမင်း၏ တိုင်းကျိုးပြည်ဆောင် ထူးကဲစွာစွမ်းစွမ်းတမံ စွမ်းဆောင်သယ်ပိုး အလုပ်အကျွေးပြုကြသူများအတွက် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ မှ ပြန်လည်ကောက်နုတ်ကူးယူဖော်ပြပါသည်။)
Posted by Ko Nyan Posted Time 7:51 PM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment