ISO လက်မှတ်ရဆိုတာက ISO Specification နဲ့ ထုတ်ထားတဲ့ ပစ္စည်းကိုသာ ဆိုတယ်။ ISO ရဲ့ Standard တွေက အများကြီးပါပဲ။ ISO 9001 တို့ ဘာတို့ဆိုတာက ဒီ Product တွေရဲ့ Quality Standard ကို သတ်မှတ်နေတာ၊ လိုင်းသီးသန့်ရှိတယ်။ ပစ္စည်းတွေကို တစ်ခုချင်း အရောင်းအ၀ယ်လုပ်တဲ့အခါမှာ Quality Assurance ရနိုင်အောင်လို့ Quality Inspection ကို ငှားပြီးတော့ Chemical test တွေ၊ Physical test တွေ လုပ်ရတယ်။ Commercial inspection လို့ ခေါ်တယ်။ နောက်တစ်ခုက သူ့နိုင်ငံရဲ့လူထုကို Protect လုပ်ဖို့ သူ့နိုင်ငံရဲ့ ဈေးကွက်ထဲမှာ မကောင်းတဲ့ပစ္စည်း မရောက်ဖို့ဆိုပြီးတော့ နိုင်ငံတွေမှာ Inspection Authority ရှိနေတယ်။ အထူးသဖြင့် ဂျပန်ဆိုလို့ရှိရင် သူ့နိုင်ငံရဲ့ပြည်သူတွေ မထိခိုက်ဖို့ Protect လုပ်ထားတယ်။ ဂျပန်ဆိုရင် ဆန်သွင်းဖို့ဆိုရင် စစ်ဆေးတာ အရမ်းများတယ်။ စစ်ဆေးတဲ့ ပစ္စည်းတွေက ကျွန်တော်တို့နိုင်ငံမှာတောင် မရှိဘူး။ ကမ္ဘာမှာ ဆန်အကောင်းဆုံးထွက်တဲ့ နေရာမျိုးမှာတောင် ဂျပန်ကိုသွင်းဖို့ဆိုရင် တော်တော်ခက်တယ်။ ကျွန်တော်တို့တွေက မြင့်တယ်လို့ပြောရင် သူတို့က နိမ့်တယ်လို့ ပြောရင်ပြောမယ်။ အဲဒါကို Assure လုပ်ဖို့က 3rd Party တွေကိုသုံးပြီး လုပ်တာရှိတယ်။ ကိုယ့်ရဲ့ Brand Name ကို တည်ဆောက်ပြီး အဲဒီ Brand Name မှာ Customer ရဲ့ Confidence ရှိလာအောင် လုပ်ပြီးတော့မှ Quality ကို Assurance လုပ်တဲ့နည်းတွေ ရှိတယ်။ Brand Name ဘေးကနေပြီးတော့ ISO 9001 စသဖြင့် ပြောလိုက်လို့ရှိရင် သြော်၊ ဒီအဖွဲ့အစည်းကြီးဟာတော့ အင်မတန်မှ စည်းစနစ်ကျကျ လုပ်တာပဲလို့ ယုံကြည်ကြတယ်။ အဲဒါကြောင့်မို့လို့ ISO ဆိုတာ အဖွဲ့အစည်းက ထုတ်တဲ့ပစ္စည်းဟာ Quality Product ဖြစ်မယ်ဆိုတာကို လူတွေက ယုံကြည်အောင်လို့ အဖွဲ့အစည်းကို Quality Mark ပေးတာ၊ ပစ္စည်းကို Quality Mark ပေးတာ မဟုတ်ဘူး။ နိုင်ငံခြားမှာတော့ တချို့ဆို ကြော်ငြာကို လိုက်ပိတ်တာတောင်ရှိတယ်။
လူတွေက အဖွဲ့အစည်းကို ယုံကြည်စိတ်ချနေပြီဆိုရင် ဘယ်သူမှ သူ့ကို ထောက်ခံစရာ မလိုတော့ဘူး။ ဥပမာ SONY တို့၊ Panasonic တို့၊ HITACHI တို့ဆိုရင် သူတို့ရဲ့ Quality Control က သိပ်ကောင်းတာ။ လူတွေကလည်း ဒီ Brand Name ဆို ပြဿနာ မရှိဘူး၊ လက်ခံကြတယ်။ သူ့ရဲ့ Brand Name ဟာ သူ့ရဲ့ ကွာလတီလိုပဲ သွားနေကြတာ။ အဲဒါကြောင့် အဲဒီပစ္စည်းတွေဆိုရင် ကြားထဲကနေ အာမခံစရာ မလိုဘူး။ ထောက်ခံချက်ပေးစရာ မလိုဘူး။ သူတို့ကလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှုက အပြည့်ပဲ။ ၂ ရာခိုင်နှုန်းအထိ ပျက်ရင် ဘာမှမမေးတော့ဘဲ လျော်ပေးလိုက်တယ်။ ဒါမှမဟုတ် ပစ္စည်းပြန်လဲပေးတယ်။ အဲဒီလိုမျိုး သူတို့ရဲ့ Product ကို သူတို့လည်း ယုံကြည်တယ်။ ဈေးကွက်ကလည်း ယုံကြည်တယ်။ သူတို့ရဲ့ Brand Name ကကို Quality Assurance ပေးပြီးသားဖြစ်တယ်။ စားသောက်ကုန်ပစ္စည်းလို တချို့ Product တွေကကတော့ Brand Name က သိပ်မကြီးဘူး။ ဒါပေမယ့် သူတို့ရဲ့ ခိုင်မာပုံကို သက်သေထူချင်တဲ့အတွက် Quality Inspection နဲ့ Assurance လုပ်လာကြတယ်။ ကိုယ့်ပစ္စည်းကို ကိုယ် ကောင်းတယ်လို့ လူတိုင်းက ပြောမှာပဲ။ ဒါကို သက်သေထူတဲ့အနေနဲ့ 3rd Party ကြားနေအဖွဲ့တွေကို သုံးပြီးတော့ Assurance လုပ်ကြတယ်။ ၀ယ်တဲ့လူနဲ့ ရောင်းတဲ့လူက တစ်နေရာစီ ဖြစ်နေပြီး ပစ္စည်းပို့တာကလည်း တစ်နေရာဆိုရင် နှစ်ဖက်လုံးက မမြင်ရဘူး။ ပစ္စည်းစစ်တော့လည်း တစ်ယောက်တည်းထိုင်ပြီး မစစ်နိုင်ဘူးဆိုရင် ၀ယ်သူနဲ့ ရောင်းသူကြားမှာ 3rd Party က Quality ကို Assurance လုပ်ဖို့ လိုလာတယ်။ Quality တင်မက ပစ္စည်းရဲ့ အလေးချိန်တို့လို တခြားအရာတွေပါ Assurance လုပ်ရတယ်။
Wednesday, January 27, 2010
ISO အခန်းကဏ္ဍ
(၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် CEO မဂ္ဂဇင်း၊ အရည်အသွေးစစ်ဆေးထိန်းသိမ်းသူတို့ရဲ့ စာတွေ့နဲ့ လက်တွေ့ ဆောင်းပါးမှ ပြန်လည်ထုတ်နုတ်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 9:58 AM
Labels စာအုပ်မှတ်စုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment