Monday, January 11, 2010

Only dead fish swim with the stream. ငါးသေများသာလျှင် ရေစုန်ဖြင့် စီးမျောသည်။


So be thankful it is a struggle some of the time, and recognize that only dead fish swim with the stream. For the rest of us, there will be times when it's an uphill, upstream struggle. We will have to battle waterfalls, weirs and raging torrents. But we have no choice. We have to keep swimming or get swept away. And each flick of our tail, each surge of our fins makes us stronger and fitter, leaner and happier.
ရံဖန်ရံခါသာ ရုန်းကန်ရသည်ကို ကျေးဇူးတင်ပါ။ ငါးသေများသာ ရေစုန်ဖြင့် စီးမျောလိုက်ပါသည်ကိုလည်း သိထားပါ။ ကျန်လူများသည် ကုန်းကိုတက်ပြီး ရေကိုဆန်ရသလို ရုန်းကန်လှုပ်ရှားရသည့် အချိန်များရှိပေမည်။ ကျွန်ုပ်တို့အားလုံးသည် ရေတံခွန်များကို ဖြတ်သန်းရမည်။ ငါးဖမ်းဆည်ကဲ့သို့သော ထောင်ချောက်များနှင့် တိုးမည်။ ပြင်းထန်သော ရေအဟုန်ကို ခံစားရမည်။ သို့သော် အခြားရွေးချယ်ရန် လမ်းမရှိပေ။ ကျွန်ုပ်တို့ ရေဆက်မကူးခတ်လျှင် ရေစီးကြောင်းဖြင့် မျောပါသွားပေမည်။ အမြီးကို ဆတ်ခနဲလှုပ်ခြင်း၊ ဆူးတောင်များကို ထိုးယက်ခြင်းလို ကျွန်ုပ်တို့၏ လှုပ်ရှားမှုများသည် ကျွန်ုပ်တို့အား ပိုမိုသန်မာစေသည်၊ ပိုကြံ့ခိုင်စေသည်၊ ပိုကျစ်လျစ်စေသည်၊ ပိုပျော်ရွှင်စေသည်။

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၀ တွင် ဖော်ပြပါရှိသည့် မြနှင်းဆီ(Mra Hninzi) ဘာသာပြန်ဆိုသည့် စည်းမျဉ်းလိုက်နာ သင့်ဘ၀မှာ The Rules of Life ကို ပြန်လည်ကူးယူဖော်ပြပါသည်)

ကျွန်တော့်ကို နည်းနည်းပြောခွင့်ပြုပါ။ ဂျာနယ်ကိုဖတ်ရင်းနဲ့ ဒီစာကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျေနပ်သွားတဲ့ ကျွန်တော့်ပီတိ၊ အတွေးအများကြီးရလိုက်တဲ့ ကျွန်တော့်ခံစားချက်၊ စာဖတ်ပြီးတဲ့အခါ အားအင်တွေတိုးလာပြီး ယုံကြည်ချက်တွေ ပိုမိုခိုင်မာလာတဲ့ ကျွန်တော့်စိတ်တွေကို ကျွန်တော်မြိုသိပ်မထားနိုင်လို့ပါ။ စာရေးသူ မြနှင်းဆီကို ကျေးဇူးတင်ပါတယ်။ ဖတ်တဲ့လူတိုင်းအတွက်တော့ အဲဒီလိုဖြစ်လိမ့်မယ်မဟုတ်ဘူးဆိုတာကို ကျွန်တော်နားလည်လက်ခံထားပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဟာ ခံစားချက်ချင်း၊ အကြိုက်ချင်း လုံးဝထပ်တူ တူညီစရာအကြောင်းမှမရှိတာ။ လူတိုင်းကြိုက်တဲ့ ကဗျာတစ်ပုဒ်ကို ကျွန်တော်က ဖတ်ပြီးတော့ နားလည်ချင်မှ နားလည်မယ်လေ။ အဲဒီလိုပဲ ဘာမဟုတ်တဲ့ စာကြောင်းလေးတစ်ကြောင်းကိုလည်း ကျွန်တော်တန်ဖိုးထားနေတာမျိုးလည်း ဖြစ်နိုင်တာပါပဲ။ အခုလည်း ထို့နည်းတူပါပဲ။ အခြားလူတွေလည်း အဲဒီလိုဖြစ်ကြစမ်းပါလို့ ကျွန်တော်ပြောလိုတာမဟုတ်ပါဘူး။ ကျွန်တော်တော့ ဒီလိုဖြစ်သွားတယ်လို့ ပြောပြနေတာပါ။ "မင်းဘာသာမင်းဖြစ်တာ ဘာကိစ္စ လာရေးနေသလဲ"လို့ အပြစ်တင်မစောကြပါနဲ့ဦး။ ဒီစာကြောင့် ကျွန်တော်အားအင်တွေဖြစ်ရတဲ့အတွက် ဒီစာရေးတဲ့လူအပေါ်၊ ဖန်တီးတဲ့လူအပေါ်ကို အသိအမှတ်ပြုပေးတဲ့သဘောပါ၊ ချီးကျူးတဲ့သဘောပါ၊ ဂါရ၀ပြုတဲ့သဘောပါ။ ဒါဆိုရင်တော့ နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တောင် ကိုယ်တင်ပေးထားတဲ့ ပို့စ်လေးတွေကို ကွန်းမန့်ပေးရင်၊ စီဘောက်မှာ မှတ်ချက်ပေးကြရင် ပျော်ရွှင်နေမိသေးတာပဲ။ အဲဒီကိုယ်ချင်းစာစိတ်ကလေးနဲ့ပါ။ စာရေးသူက သိနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ရာခိုင်နှုန်း အများကြီးဆိုတာ သိပါတယ်။ ဒါပေမယ့် သူသိတာ၊ မသိတာထက် ကျွန်တော်အသိအမှတ်ပြုလိုက်ရတဲ့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် ကျေနပ်သွားတဲ့ပီတိကသာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ……………။ အံ့သြစရာ ကောင်းလိုက်တာနော်။ သူများကို ချီးကျူးအသိအမှတ်ပြုတာ ကိုယ့်ဘာသာကိုယ် ကျေနပ်ပီတိဖြစ်ရတယ်ဆိုတာလေ။ နည်းနည်းလေး ဆင့်ပွားစဉ်းစားကြည့်ပါ့လားဗျာ….။ တစ်ခုခုပြောပြချင်တဲ့ ကျွန်တော့်ရင်ကို မြင်လာပါလိမ့်မယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၁ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၂၀ မိနစ်။

2 comments:

  1. Anonymous11:25 AM

ွှ့ကောင်းလိုက်တဲ့ စကားစု ....................

    ReplyDelete
  2. Thank you Ko Nyan.
    I thank you from the bottom of my heart.
    Your post inspires me.
    (I see it only now).

    Mra Hninzi

    ReplyDelete

 
Web Statistics