နိုင်ငံရေးနယ်ပယ်တွင် ယေဘုယျမှန်းဆချက်များ (Hypo Thesis) ဟူ၍ နိုင်ငံရေးဖြစ်စဉ်ဖြစ်ရပ်များနှင့် ပတ်သက်၍ ထုတ်လေ့ရှိကြသည်မှာ ဓမ္မတာတစ်ခု ဖြစ်သည်။ သို့သော် ဖြစ်စဉ်ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဘယ်အရာကိုမျှ ကိန်းသေထား၍ တွက်ချက်ရန်မှာ မဖြစ်နိုင်ဟု True News မှ ယုံကြည်ပါသည်။
သို့ဖြစ်၍ နိုင်ငံရေးသိပ္ပံပညာရှင်များ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များကို စနစ်တကျ ရှင်းပြနိုင်ရန် ချဉ်းကပ်လေ့ရှိသည့် ရှုထောင့်သုံးသွယ်မှာ-
- လူ့သဘာဝကို အခြေခံသည့် ဆင်ခြေရွေးချယ်မှုပုံစံ (Relational Choice Model) ပုံစံသည် လူသားဟူသည်မှာ ယေဘုယျအားဖြင့် ကိုယ်ကျိုးစီးပွားကိုသာ ရှေ့ရှုတတ်သည်ဖြစ်၍ နိုင်ငံရေးကိစ္စရပ်များတွင် မိမိအကျိုးစီးပွားကို အကျိုးပြုနိုင်သည့် နိုင်ငံရေးသမား၊ ပါတီနှင့် အစိုးရများကိုသာ ထောက်ခံကြသည် ဖြစ်သည်။
- စနစ်ပိုင်းဆိုင်ရာ လိုအပ်မှုကို အခြေခံသည့် (Function model)သည် လည်ပတ်လျက်ရှိသည့် စနစ်တစ်ခု၏ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွင် လိုအပ်ချက်များကို အပြည့်အ၀ မပေးနိုင်တော့သည့်အချိန်တွင် ၎င်းစနစ်၏ အားနည်းချက်များကို ရှာဖွေဆန်းစစ်၍ လှုပ်ရှားဆောင်ရွက်ခြင်း၊ ၎င်းသည် သမိုင်းဆိုင်ရာ တိုးတက်မှု၏ အရေးပါသော ညွှန်ပြချက်များ ဖြစ်လာသည်။
- လူ့အဖွဲ့အစည်း၏ တန်ဖိုးထားမှု လောကအမြင်များကို အခြေခံသည့် (Interpretive Model)မှာ နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များတွင် ပါဝင်သူများအားလုံး၏ ယုံကြည်မှု၊ တန်ဖိုးထားမှုများကို နားလည်ရန် ကြိုးပမ်းခြင်းဖြင့် အကြောင်းနှင့် အကျိုးဆက်များကို ခန့်မှန်းတွက်ချက်ခြင်း ဟူ၍ ဖြစ်ပါသည်။
အယ်ဒီတာ
(True News ဂျာနယ် အတွဲ ၂ အမှတ် ၂၅ မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment