Friday, February 05, 2010

လွမ်းရတဲ့ ပန်း - မြင်းမူမောင်နိုင်မိုး


ပန်းမပျိုးချင်ဘူး
ပန်းပျိုးသူ အဆင်မသင့်လေတော့
ရင်နင့်ခဲ့ရဖူးသည်။

ပန်မယ်ပန်မယ် သဘောရယ်နဲ့
ကြံရွယ်ကြံရွယ် မပြောခဲ့ပါဘူး
ချစ်သော မာလာငုံတို့
ရွှေဝတ်မှုန်ဆွတ်ထုံလှောက်လျှင်ဖြင့်
ဝမ်းမြောက်မိသည်။

ပန်းတို့တောမှာတဲ့
ပျော်မောကာ နေပါချင်လည်း
ခြံဥယျာဉ် ပိုင်ရှင်မဟုတ်လေတော့
ကျွန်ုပ်ခွဲခွာ သည်းညှာနွမ်းရပြီပေါ့
ပန်းကိုတော့ မွှေးချင်သည်
မမွှေးသာပြီမို့ တမြည့်မြည့်ကျွမ်း။
ဝေးကမ္ဘာဆီသို့ တရွေ့ရွေ့လှမ်း။

"သူ့ခြံတွင်းပေမို့
လဲ့ဝင်းကို မချူသာဘူးရယ်"လို့
လှစ်ကျူး မဆိုချင်ဘူး
ဟိုအလျင် အစဦးလိုပဲ
မလိုချင် အရမခူးရက်ပါဘူး
မြဖူး ခိုင်ညှာရွှေတို့
ကြိုင်ပါစေ ကမ္ဘာဆုံးတိုင်ပဲ
လှိုင်ပါစေ ကမ္ဘာဆုံးတိုင်ပဲ
အပြုံးမျက်မှာ မလှတလှနွမ်းပေမဲ့
မမုန်းရက်ပါ တသသမှန်းရတယ်
သြော်… လွမ်းရတဲ့ ပန်း။

စစ်ပြန်မဂ္ဂဇင်း (၁၉၈၉၊ ဇွန်)

No comments:

Post a Comment

 
Web Statistics