အိပ်ရေးပျက်လို့ နေ့ဘက်တစ်နေ့လုံး ပင်ပန်းနွမ်းနယ်နေပါသလား။ သင့်အအိပ်အနေ တိုးတက်စေဖို့ အောက်ပါအတိုင်း လုပ်ဆောင်ပါ။
၁။ နေ့စဉ် တစ်ချိန်တည်းမှာ အိပ်ရာဝင်ပြီး တစ်ချိန်တည်းမှာ အိပ်ရာထခြင်းဖြင့် သင့်ခန္ဓာကိုယ်ကို အလေ့အကျင့် လုပ်ပေးပါ။
၂။ သင့်အိပ်ခန်းထဲမှာ ဖုန်းပြောတာ၊ ရုပ်မြင်သံကြားကြည့်တာ၊ အလုပ်,လုပ်တာမျိုး မလုပ်ပါနှင့်။
၃။ အိပ်ရာမ၀င်မီ ပုံမှန်အလုပ်တစ်ခုကို "စံ" အဖြစ် သတ်သတ်မှတ်မှတ် လုပ်ဆောင်ပါ။ ဥပမာအားဖြင့် ရေနွေးနှင့် ရေချိုးခြင်း၊ စာဖတ်ခြင်း၊ ဒါမှမဟုတ် နို့တစ်ခွက်နှင့် ကိုယ်စိတ်ဖြေလျော့ခြင်း
စသည်တို့ ဖြစ်တယ်။ ယင်းလုပ်ဆောင်ချက်ကို နေ့စဉ်လေ့ကျင့်ပေးပါ။ ဒါဆိုရင် သင့်ခန္ဓာကိုယ်ဟာ အိပ်စက်ခြင်းနှင့် ယင်းလှုပ်ရှားမှုကို ဆက်စပ်သိရှိလာလိမ့်မယ်။
Ref: Health Today, Oct, 2009
(Health Digest Journal အတွဲ ၇ အမှတ် ၁၈ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment