Tuesday, February 02, 2010

စံသတ်မှတ်မှုများ


ရွာတစ်ရွာတွင် နာရီဆိုင်တစ်ဆိုင်ရှေ့၌ရပ်ပြီး သူ၏ နာရီကို နံနက်တိုင်း တိုက်တတ်သည့် လူတစ်ဦးရှိပါသည်။

တစ်နေ့တွင် ဆိုင်ရှင်သည် ဆိုင်အပြင်ဘက်တွင် ရပ်နေပြီး နာရီလာတိုက်သူအား "နေ့တိုင်း မနက်ဆိုရင် ဒီမှာလာပြီး ဘာကြောင့် ခင်ဗျားနာရီကို တိုက်တာလဲ" ဟု မေးပါတယ်။

ထိုအခါ နာရီလာတိုက်သူက "ကျွန်တော် ဒီလမ်းအောက်ဘက်မှာရှိတဲ့ စက်ရုံကြီးတစ်ခုမှာ အလုပ် လုပ်ပါတယ်။ ပြီးတော့ မွန်းတည့်အချိန်ရောက်တိုင်း အချက်ပေးရတဲ့အလုပ်ကို လုပ်ရပါတယ်။ ဒါကြောင့် အချိန်တိကျဖို့အတွက် ဒီမှာရပ်ပြီး နာရီတိုက်ပါတယ်" ဟု ပြန်ဖြေပါသည်။

ထိုအခါ ဆိုင်ရှင်က "ဟာ သိပ်ရယ်စရာ ကောင်းနေပါပြီဗျာ၊ ခင်ဗျားက မွန်းတည့်ချိန် အချက်ပေး ခေါင်းလောင်းထိုးတိုင်း ကျွန်တော်ကလည်း နာရီတိုက်ရပါတယ်" ဟု ရယ်ရယ်မောမော ပြန်ပြောပါသည်။

Success ideas

(ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics