Sunday, February 14, 2010

အချစ်နှင့်ဆိုင်သော စကားအဆိုအမိန့်များ


အသံမမြည်က ခေါင်းလောင်းမမြည်ပါ။
သီဆိုခြင်းမရှိပါက သီချင်းမမြည်ပါ။
သင်၏ နှလုံးသားတွင် ကိန်းအောင်းနေသော ချစ်ခြင်းမေတ္တာသည် အခြားလူများကို မပေးကမ်းသမျှ ချစ်ခြင်းမေတ္တာ မမည်ပါ။
(Baroness de Hueek)

ဒုက္ခနှင့် တစ်ခါကြုံတိုင်း
ချစ်သူ့လက်ကို
တစ်ခါကိုင်ပါရစေ…။
(အိုမာခယမ်)

ကျွန်ုပ်တို့သည် တစ်ယောက်ကိုတစ်ယောက် အဘယ်မျှလောက် ချစ်ခင်နှစ်သက်ကြသည်ဆိုကြောင်းကို သိလိုလျှင် တစ်ဦးအတွက် တစ်ဦးက မည်မျှ အနစ်နာခံကြသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။
(Sher Wood)

ချစ်ခြင်းမေတ္တာဆိုတာ ဘ၀ခရီးရဲ့ ပထမခြေလှမ်းပဲ ရှိသေးတယ်။ တစ်ဦးကိုတစ်ဦး နားလည်ခွင့်လွှတ်ပြီး လိုက်လျောတာဟာ ဘ၀ရဲ့ နောက်ဆုံးခြေလှမ်းဖြစ်တယ်။ ဘ၀ခရီးမှာ ခြေလှမ်းပေါင်းများစွာ ရှိတယ်။ ဒါပေမယ့် ဒီခြေလှမ်း နှစ်လှမ်းက အရေးကြီးဆုံးဖြစ်တယ်။

အမုန်းတရားဆိုတာ….
မိမိကိုယ်မိမိ
ဒဏ်ခတ်ခြင်းပါပဲ။

ချစ်သူရဲ့ လက်တစ်ဖက်ကို
ကိုင်ဆုပ်ထားရတာဟာ
ကမ္ဘာတစ်ခြမ်းကို
ပိုင်ဆိုင်ထားရသလိုပါပဲကွယ်…။
(မောင်လှမျိုး-ချင်းချောင်းခြံ)

သူ့ကိုသာ ပိုင်ဆိုင်ရမည်ဆိုလျှင်
ဤလောက၏ အသေးငယ်ဆုံး ထောင့်တစ်နေရာနှင့်ပင်
ငါ ရောင့်ရဲ နှစ်သိမ့်နိုင်မည်ထင်။
(ရာဘင်ဒြာနသ်တဂိုး)

မသီကုံးဘဲ… ပွင့်တဲ့… ပန်း။
မရှိုက်နမ်းဘဲ… လန်းတဲ့… ပန်း။
အဲဒါ….
အလွမ်း…. ပါပဲ ဟန်နီရယ်။
(မောင်လှမျိုး-ချင်းချောင်းခြံ)

အချစ်တွေ အဆင်ပြေနေကြလျှင် ကမ္ဘာကြီးလည်း သာယာလှပနေပါမယ်။

အချစ်သည် အဆုံးမရှိသော
ဆန်းကြယ်နက်နဲမှုတစ်ခု ဖြစ်၏။
သူ့တွင် ရှင်းလင်းတင်ပြစရာ ဘာမျှ မရှိချေ။
အချစ်သည် ထုတ်ဖော်ပြောဆိုခြင်း ပြုသည့်တိုင်
လျှို့ဝှက်ချက်တစ်ခု ဖြစ်မြဲဖြစ်နေသေး၏။
အကြောင်းမူ ချစ်သူတစ်ယောက်သာလျှင်
အချစ်အကြောင်းကို နားလည်သောကြောင့် ဖြစ်ပေသည်။
(ရာဘင်ဒြာနသ်တဂိုး)

အချစ်ဆိုတာ….
ကျွန်ုပ်တို့ဟာ သူတစ်ပါးတွေထံမှာ
မိမိကိုယ်မိမိ ရှာဖွေတွေ့ရှိလိုက်တာပါပဲ။
မိမိကိုယ်မိမိ မှတ်မိတဲ့အတွက်လည်း
ပျော်ရွှင်ရတယ်။
(အလက်ဇန်းဒါး စမစ်သ်)

ချစ်သူတွေအတွက် ကောင်းနိုးရာရာ ကြည်နူးဖွယ်ဖြစ်မယ်ထင်တာလေးတွေကို ရှာဖွေပြီး တင်ပေးလိုက်ပါတယ်။ နှစ်ယောက်အတူဖတ်ပြီး ပျော်ရွှင်ကြည်နူး ပြုံးပျော်နိုင်ပါစေလို့လည်း…….။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၈ နာရီ ၁၅ မိနစ်။

No comments:

Post a Comment

 
Web Statistics